တာ၀န်ယူတတ်ခြင်းနဲ့ စစ်မှန်တဲ့ လွတ်လပ်ခြင်းကို ဘုရားရှင်က သင်ကြားပေးကြောင်း ပုပ်ဖရန်စစ်မြွက်ကြား

တာ၀န်ယူတတ်ခြင်းနဲ့ စစ်မှန်တဲ့ လွတ်လပ်ခြင်းကို ဘုရားရှင်က သင်ကြားပေးကြောင်း ပုပ်ဖရန်စစ်မြွက်ကြား

တာ၀န်ယူတတ်ခြင်းနဲ့ စစ်မှန်တဲ့ လွတ်လပ်ခြင်းကို ဘုရားရှင်က သင်ကြားပေးကြောင်း ပုပ်ဖရန်စစ်မြွက်ကြား

ဆဌမမြောက်တနင်္ဂနွေ ဧဝံဂေလိ ကျမ်းချက်ကို ထောက်ရှုပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က ဖေဖော်ဝါရီလ ၁၆ အန်ဂျေလူးမေတ္တာ ရွတ်ဆိုခြင်းအစီအစဉ်မှာ မြွက်ကြားခဲ့တာဖြစ်ပါတယ်။ သခင်ခရစ်တော်က တာ၀န်ယူတတ်ခြင်းနဲ့ စစ်မှန်သော လွတ်လပ်ခြင်းကို ၄င်းရဲ့ ဥပဒေ အားဖြင့် ကျွန်ုပ်တို့ကို သင်ကြားပေးခဲ့ကြောင်း
ကျေးဇူးတော်တွေ ကိုပေးဘို့ ဘုရားရှင်က ဒီလောကထဲကို ဆင်းကြွလာတာ ဖြစ်ကြောင်း သို့မှသာ ကျွန်ုပ်တို့ က ၄င်း၏အလိုဆန္ဒတွေကို လုပ်ဆောင်နိုင်ကြမည်ဖြစ်ကြောင်း
တောင်ပေါ်ဒေသနာ တရားတော်ကိုထောက်ရုကာ စိန့်ပီတာ ရင်ပြင် အန်ဂျေလူးမေတ္တာ ရွတ်ဆိုရာမှာ စုရုံးရောက်ရှိလာကြတဲ့ ဘုရားဖူးတွေကို တရားပေးခဲ့တာဖြစ်ပါတယ်။
လွတ်လပ်ခြင်းရဲ့ လက်နှက်အဖြစ် မှတ်ယူပြီး ဥပဒေ ကို လိုက်ကျင့် ဘို့ မမေ့ပါနဲ့။ ဒါက ကျွန်တော်ကျွန်မကို ပိုပြီးလွတ်လွတ်လပ်လပ် ရွေးချယ် ဘို့ကူညီပေးသလိုအပြစ်ရဲ့ ကျေးကျွန် မဖြစ်ဘို့ ကိုလည်း ကူညီပေးတာဖြစ်ပါတယ်လို့ ဆိုပြီးအရှင်သူမြတ်က စစ်ပွဲတွေနဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုကြည့်ပါ။ သဘာ၀ ဘေးအန္တရာယ် တွေရော အများကြီးပါပဲ။ ဒါတွေဟာ စိတ်ထက်သန်မှုပြင်းပြစိတ်တွေကနေ ရလာတဲ့ အကျိုးဆက်တွေပဲဖြစ်တယ်။ စစ်ပွဲဆင်နွှဲသူတွေဟာ အမှန်တော့ ဒီလိုစိတ်ပြင်းပြမှုတွေကို ဘယ်လို ကိုင်တွယ်ရမလည်းဆိုတာ မသိကြလို့ပဲဖြစ်တယ်။
ကျွန်ုပ်တို့ တွေ စုံစမ်းနှောက်ယှက်ခြင်းနဲ့ ဒီလို စိတ်ပြင်းပြမှုတွေကို ဖြစ်ခွင့်ပေးလိုက်ကြတဲ့အခါမှာတော့ မိမိတို့ဘ၀ကို ပိုင်စိုးထိန်းသိမ်း နိုင်မှုတွေကို စွန့်လွတ်လိုက်ကြတာဖြစ်ပါတယ်။
ဘုရားရှင်ပေးတဲ့ ပညတ်တွေကို ကျွန်ုပ်တို့နှလုံးသားထဲက လက်ခံမှသာ ပြင်းပြတဲ့ စိတ်ဆန္ဒတွေ ဟာ လမ်းညွှန်မှုလိုအပ်တယ်ဆိုတာကို နားလည်လာမှာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဖြစ်ခြင်လိုခြင်တဲ့ ဆန္ဒအားလုံး မဖြစ်လာနိုင်လို့ပါပဲ။
ဘုရားရှင်လောကထဲကို ဆင်းကြွလာခြင်းဟာ ဥပဒေ ပညတ်ကိုဖြည့်ဆည်းဘို့ တခုထဲပဲ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ ၄င်းရဲ့ အလိုတော်တွေ ကို လုပ်ဆောင်နိုင်ဘို့ ကျေးဇူးတော်တော်တွေကို လည်းပေးဘို့ ကြွလာခြင်းဖြစ်တယ်လို့ အရှင်သူမြတ်က မြွက်ကြားခဲ့ပါ​တယ်ဆိုတာကို ဗာတီကန်သတင်းအရ သိရှိရပါတယ်။

Source:Vatican News

https://www.vaticannews.va/en/pope/news/2020-02/pope-angelus-fulfilment-of-the-law.html
 

Add new comment

3 + 13 =