တားမြစ်ပိတ်ပင်မှုများကြားတွင် ခရစ္စမတ်ပွဲတော်ကို စားပွဲ သောက်ပွဲပုံစံမဟုတ်ဘဲ ဝိ ညာဉ်ရေးဆန်ဆန် ကျင်းပကြရန် ရဟန်းမင်းကြီး အကြံပြု

တားမြစ်ပိတ်ပင်မှုများကြားတွင် ခရစ္စမတ်ပွဲတော်ကို စားပွဲ သောက်ပွဲပုံစံမဟုတ်ဘဲ ဝိ ညာဉ်ရေးဆန်ဆန် ကျင်းပကြရန် ရဟန်းမင်းကြီး အကြံပြု

အရင်တစ်ပတ်က ရဟန်း မင်းကြီးသည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် မြင့်တက်လာနိုင်ဖွယ်ရှိသည့် ကပ်ရောဂါကာကွယ်ရေးအတွက် တား မြစ်ပိတ်ပင်မှုများ အရေးကြီးပုံကို ပြောဆိုခဲ့သည်။

“ခရစ်တော်၏ မွေးနေ့တော်မြတ်ဖြစ်သော ခရစ္စမတ်ပွဲ တော် ကျင်းပရန် ပြင်ဆင်မှုများကို ပိုမိုလုပ်ဆောင်စေလိုကြောင်းနှင့် အမိမယ်တော်နှင့် အဖသံဇူဇယ်တို့သည် သခင်ခရစ်တော်ကို ဖွားမြင်ရန်အတွက် ဒုက္ခအခက်အခဲများစွာ ကြုံတွေ့ခဲ့ရသော်လည်း ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်လေးမြတ်ခြင်းတို့နှင့် ရင်ဆိုင်ကျော်လွှားခဲ့သကဲ့သို့ ယခုနှစ် ခရစ္စမတ်တွင် အဆင်မပြေမှုများ တားမြစ်ပိတ်ပင်မှုများ ရှိနေသော်လည်း ကျွန်ုပ်တို့သည် အမိမယ်တော်နှင့် အဖသံဇူဇယ်ကဲ့သို့ပင် ကြိုး စားကြရမည်ဖြစ်ကြောင်း” တိုက်တွန်းအားပေးခဲ့သည်။

ကပ်ရောဂါ၏ အဆင်မပြေဖြစ်စေမှုများသည် အဓိပ္ပါယ် ရှိသောခရစ္စမတ်နှင့် ခရစ္စမတ်ပွဲတော်ကို စားပွဲသောက်ပွဲပုံစံ ကျင်းပခြင်းမဟုတ်တော့ဘဲ ဝိညာဉ်ရေးအသက်တာဖြင့် ကျင်းပသော ခရစ္စမတ်၊ အနှစ်သာရရှိသော စစ်မှန်

သည့် ခရစ္စမတ်ဖြစ်ပါစေကြောင်း ဆန္ဒပြုခဲ့သကဲ့သို့ ယခုနှစ် ခရစ္စမတ်တွင် မိမိပတ်၀န်းကျင်ရှိ လူသားများအတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာကို ရှာဖွေရာတွင်သာ မိမိတို့ စွမ်းအား၊ ခွန်အားများကို အသုံးပြုကြစေလိုကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ဘာသာပြန်-Bro.Patrick Aye Shine Aung

Photo courtesy of: Capital FM

https://bit.ly/2LQy1EG

Add new comment

11 + 7 =