တာလီသာကွန် (Talitha Kum နှင့်ယူကေသံရုံးတို့လူ့အခွင့်အရေးအတွက်အရေးဆို

တာလီသာကွန် (Talitha Kum နှင့်ယူကေသံရုံးတို့လူ့အခွင့်အရေးအတွက်အရေးဆို

တာလီသာကွန် (Talitha Kum နှင့်ယူကေသံရုံးတို့လူ့အခွင့်အရေးအတွက်အရေးဆို

တာလီသာကွန်သည်သူတော်စင်များဖြင့်ဖွဲ့စည်းထားသောနိုင်ငံတကာအဖွဲ့ဖြစ်သည်။ ဤအဖွဲ့သည်လူကုန်ကူးမူကိုတားဆီး ကာကွယ်တိုက်ဖျက်သောကွန်ရက်ဖြန့်ကျက်လုပ်ကိုင်နေသောအဖွဲ့ဖြစ်သည်။ ဤအဖွဲ့သည်မကြာမီကအီသီယိုးပီးယား နိုင်ငံနှင့်ကွန်ရက်ချိပ်ဆက်နိုင်ခဲ့သည်။ ဤသို့ချိပ်ဆက်နိုင်ရန်ဗြိတိန်၏ဗာတီကန်သံရုံးကကူညီပေးခဲ့သည်။

ခန့်မှန်းခြေအရကမ္ဘာပေါ်တွင်လူပေါင်းလေးသန်းခန့်မျှလူကုန်ကူးမူကိုခံနေကြရသည်။ လူကုန်ကူးမူ၏သားကောင်းဖြစ်ရခြင်းအကြောင်းအရင်းစစ်မှာ ၊ နွမ်းပါးချို့တဲ့ခြင်း၊ တန်းတူညီမျှမူကွာဟခြင်းနှင့်နေရပ်စွန့်ခွာနေထိုင်ကြသူများစသောအကြောင်းအရင်းများ ကြောင့်လူကုန်ကူးမူကိုတွန်းပို့ပေးသောအဓိကအကြောင်းအရင်းဖြစ်သည်။လူကုန်ကူးခံရသူများသည်လုပ်အားများများ နှင့်လုပ်ခနည်းနည်းသ ပေး၍ခေါင်း
ပုံဖြတ်ခံရခြင်း၊ လိင်မူကိစွ၌လုပ် ကိုင်စေခြင်း၊ စစ်ရေးစစ်ရာ၌ လည်းကောင်း၊ ကိုယ်အင်္ဂါများကိုငွေကြေးဖြင့်ရောင်း၀ယ်ခြင်းများပြုလုပ်ခံကြရသည်။

ဤ လုပ်ရပ်များသည်လူသားထုအပေါ်ဖောက်ဖျက်ကျူးလွန်သောရာဇဝတ်ဖြစ်ကြောင်း၊ လူကုန်ကူးမူကိုတားဆီးကာကွယ် သောဘာသာရေးအဖွဲ့အစည်းများ၊ ဘာသာရေးအခြေပြုသော အသင်းအဖွဲ့များ၊ သက်ဆိုင်ရာအစိုးရများ၏ပူးပေါင်းလုပ် ဆောင်မူများအတွက် ကျေးဇူးတင် ရပါကြောင်း၊ ဤအဖွဲ့အစည်းများသည်ရဟန်းမင်းကြီးဖရန်စစ်၏စဉ်ဆက်မပြတ်မေတ္တာရပ်ခံချက်ကိုအမုန်းခံ၊ အနာခံ၊ ဘေးရှိသော်လည်းမမှုဘဲဖော်ဆောင် နေသောကြောင့် ကျေးဇူးတင်ပါ ကြောင်းမိန့်ကြား ခဲ့သည်။ လူကုန်ကူးမူ တိုက်ဖျက်ရေးတွင်ထိပ်ဆုံးမှ ရပ်တည်ပါ၀င်သော အဖွဲ့အစည်းမှာ တာလီသာကွန်းအဖွဲ့ဖြစ်သည်။

ဤ အဖွဲ့အစည်းသည် သူတော်စင်အသင်းအဖွဲ့၏ အကြီးအကဲများမှဝိုင်းဝန်းဖွဲ့စည်းကာအားပေးထောက်ပံ့ထားသောအဖွဲ့အ စည်းဖြစ်သည်။ ဤအဖွဲ့အစည်းသည်ရှိပြီးသားအဖွဲ့ဖြစ်ပြီး၊ တိုက်ငါးတိုက်မှသူတော်စင်များဖြင့်ဖွဲ့စည်းထားသည်။ အဖွဲ့ အစည်း၏ လုပ်ဆောင်မူသည်ပို၍ထိရောက်စေရန်ရည်ရွယ်၍ပြည်တွင်းနှင့်နိုင်ငံတကာအဆင့်ထိဘာသာရေးနှင့်နိုင်ငံရေးခေါင်းဆောင်များနှင့်ချိပ်ဆက်လုပ်ဆောင်လျှက်ရှိသည်။ ဤအဖွဲ့၏တာ၀န်ခံသီလရှင်မှာကွန်ဘိုနီ သာသနာပြုသီလရှင်အသင်းမှ ဂါဘရီအဲလာဘော်တာနီ (Gabriella Bottani) ဖြစ်သည်။ သူသည်ဤအသင်းနှင့်စပ်လျင်း၍ဗာတီကန်ရေဒီယို အသံလွင့်ဌာန၏တွေ့ဆုံ မေးမြန်းမှုတစ်ခုတွင်ရှင်းပြဖြေဆိုသွားခဲ့သည်။

ချိပ်ဆက်လုပ်ဆောင်မူနှင့်ပိုက်စိပ်တိုက်လုပ်ဆောင်မူသည်လုပ်ဆောင်မူကိုထိရောက်အောင်မြင်စေသောအဓိကအချက်ဖြစ်သည်။ ယခုဤအဖွဲ့နှင့်ချိပ်ဆက်လာသူမှာဗြိတိန်နိုင်ငံ၏ သံအမတ်ဖြစ်သော Sally Axworthy ဖြစ်နေပြီး၊ သူသည်ဤအသင်းအဖွဲ့အား အီသီယိုးပီးယားနှင့် ကွန်ရက်ချိပ် ဆက်နိုင်ရန် အလုပ်ရုံဆွေးနွေးပွဲပေါင်းများစွာကိုကမကထပြုပေးထားသည်။ ခေတ်သစ်ကျွန်ပြုစနစ်ကို တိုက်ဖျက်ရန်သူသည်ဗြိတိန်အစိုးရနှင့်အတူမားမားမတ်မတ်ရပ်တည်ပေးမည်ဖြစ် ကြောင်း၊ ဤလုပ်ဆောင်ချက်သည်ကမ္ဘာကြီးအတွက်လည်းအရေးကြီးသောအချက်ကြီးတစ်ချက်ဖြစ်ကြောင်း၊ အီသီယိုးပီးယားမှမကြာမီကပြန် ရောက်နေသည့် စစ္စတာရ်ကလူကုန်ကူးမှုတွင် အာဖရိကသည် အဆိုးရွားဆုံးစားကျက်ဖြစ်နေ ကြောင်း၊ လူကုန်ကူးခံရသောသူများသည် ဆင်ခြေဖုံးမှသည် မြို့နေလူတန်းစား အထိပါကြောင်း၊ ရွေ့ပြောင်းနေထိုင်သူများလည်းပါသောကြောင့် ကမ္ဘာတစ်ဝှမ်းလုံးလည်းပါကြောင်း၊ စစ်ရှောင်များ၊ ရပ်ဝေးမြေခြားသို့ပြောင်းရွေ့နေထိုင် သူ များ၊ အထူးသဖြင့် အလွန်တိမ်းလွယ်ညွှတ်လွယ်သောအမျိုးသမီးထုများဖြစ်ကြောင်း၊ မြေပြင်အခြေအနေ၌သီလရှင်များသည်ဤကိစ္စကို သက်စွန်ဆံဖျားကိုင်တွယ်နေရကြောင်း၊ ထို့ကြောင့် အချို့သည် ရှေ့ဆက်တိုးရန်မဖြစ်တော့သည့်အခက် အခဲများနှင့်လည်းကြုံတွေ့နေရကြောင်းဖြင့်ဖြေကြားခဲ့သည်။

ဖာသာရ်ကလဲ့မင်း အားသယ်

 http://bit.ly/33uk8Rd

Add new comment

7 + 6 =