တရုတ်-ဗာတီကန်သဘောတူထားသောကက်သလစ်ဆရာတော်တစ်ပါးအားတရုတ်အစိုးရဖမ်းဆီး

တရုတ်-ဗာတီကန်သဘောတူထားသောကက်သလစ်ဆရာတော်တစ်ပါးအားတရုတ်အစိုးရဖမ်းဆီး

တရုတ်နိုင်ငံ၊ Wenzhou သာသနာပိုင် ဆရာတော် Peter Shao Zhumin အားတရုတ်အစိုးရကဖမ်းဆီးထိန်းသိမ်းထားသည်။ ယခုဖမ်းဆီးမှုသည်ကြာရှည်မည်ဖြစ်ကြောင်းလည်းထင်ကြေးပေးကြသည်။

ဆရာတော်သည် ဗာတီကန်မှအသိအမှတ်ပြုရွေးချယ်ထားသောဆရာတော်ဖြစ်သည်။ သူသည်သာသနာပိုင်ဆရာတော်အဖြစ် (၂၀၁၆) ခုနှစ်က သာသနာပိုင်ဖြစ်ခဲ့သော ဆရာတော် Vincent Zhu Wei-Fang ပျံလွန်ပြီးနောက်အမှုတော်ကိုစတင်ထမ်းခဲ့သည်။

ဆရာတော်သည် ယခင်ကလည်းအကြိမ်ကြိမ်ဖမ်းဆီးခံခဲ့ရသည့်သမိုင်းရှိသည်။ သူသည်ဒေသခံကက်သလစ်ဘာသာတူများကျင်းပသောပွဲရက်တော်များ၌အမြဲပါလေ့ရှိသည်။ (၂၀၁၈) ကလည်း (၇) လတာထိန်း သိမ်းခံခဲ့ရပြီးမှပြန်လွတ်လာခဲ့သည်။ ယခုကဲ့သို့မထင်မှတ်ဘဲဖမ်းဆီးခံလိုက်သည့်အဖြစ်သည် မည်သည့်အ ချိန်၌မဆိုဖမ်းဆီးထိန်းသိမ်းခံရနိုင်၍ ဆရာတော်အနေဖြင့် အထုပ်အပိုးကိုအဆင်သင့်ပြင်ထားရန်သတိပေးလိုက် သကဲ့သို့ဖြစ်နေသည်ဟုဆိုသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/39xYJ

Add new comment

2 + 11 =