တရုတ်ပြည်၌ ကက်သလစ်ဆရာတော်ကို အာဏာပိုင်များကပြန်ပေးဆွဲထား

တရုတ်ပြည်၌ ကက်သလစ်ဆရာတော်ကို အာဏာပိုင်များကပြန်ပေးဆွဲထား

တရုတ်အစိုးရက Wenzhou မှဆရာတော် Shao Zhumin အား အောက်တိုဘာလ (၂၆) ရက်နေ့က ပြန်ပေးဆွဲထား ကြောင်း AsiaNews သတင်းကပြောပါသည်။ သတင်းအရ သက်တော် (၅၈) နှစ်ရှိသောဆရာတော်သည် အားလပ်ရက် များအတွင်းဖမ်းဆီးခံလိုက်ရကြောင်း၊ သတင်းကဆက်လက်၍ပြောသည်မှာ ဤကဲ့သို့ဖမ်းဆီးခံရခြင်းသည် ပထမအ ကြိမ်မဟုတ်ဘဲ သာသနာပိုင်ဆရာတော်အဖြစ်ခန့်အပ်ခံခဲ့ရသော (၂၀၁၆) ခုနှစ်မှစ၍ အကြိမ်ကြိမ်အခါခါရှိပြီဖြစ် ကြောင်းဖော်ပြထားသည်။

သူ၏သာသနာမှလည်း ကြေညာချက်တစ်စောင်ထုတ်၍ ‘ဆရာတော်ကြီးသည် လက်ရှိအခြေအနေကြောင့် ယုံ ကြည်မှုနှင့်သတ္တိများရရှိလာစေရန်၊ စိတ်ပျက်မသွားရန်၊ ဖမ်းဆီးခံနေရစဉ်၌ ကျန်းမာပြီး၊ ယေဇူးသခင်၏အားပေးနှစ်သိမ့် မှုဖြင့် စိတ်ဓာတ်များတက်ကြွနေစေရန်၊ သူ၏သိုးစုများထံသို့လည်း အမြန်ဆုံးပြန်လာနိုင်စေရန်ဆုတောင်းပေးကြပါ’ ဟု ရေးသားထားသည်။ ဗာတီကန်မှ သူ့အားလက်ရှိသာသနာပိုင်အဖြစ် သူ၏သာသနာပိုင်ဖြစ်ခဲ့သော ဆရာတော် Vincent Zhu Weifang ပျံလွန်သည့် (၂၀၁၆) ခုနှစ်ကပင် ခန့်အပ်ခဲ့သည်။ သူ၏သာသနာပိုင်ဖြစ်ခဲ့သော ဆရာတော် Vincent Zhu Weifang သည် (၁၆) နှစ်ကြာအကျဉ်းကျခံခဲ့ရသည်။ သူ၏သာသနာပိုင်ဆရာတော်ပျံလွန်ချိန်၌လည်း သူသည်ဖမ်းဆီးခံခဲ့ရသေး သည်။

ထို့ကြောင့် ယခုကဲ့သို့ဖမ်းဆီးခံရခြင်းမှာ သူ့အတွက်ပထမဦးဆုံးအကြိမ်မဟုတ်၍ မတုန်လှုပ်လှတော့ပေ။ (၂၀၁၇) ဧပြီလနှင့်မေလအတွင်းကလည်း ဖမ်းဆီးခံခဲ့ရသည်။ မေလကဖမ်းဆီးသွားချိန်၌မူ ထောင်ထဲ၌ (၇) ခန့်ကြာခဲ့ပြီး ပြန်လည်လွှတ်မြောက်လာခဲ့သည်။ တဖန် (၂၀၁၈) ခုနှစ်၌ ပြန်လည်ဖမ်းဆီးခံခဲ့ရသည်။ ဖမ်းဆီးခံရသည့်အကြောင်းအ ရင်းမှာ တရုတ်အစိုးရကညွှန်ကြားထားသည့်အတိုင်းမလိုက်နာသောကြောင့်ဖြစ်သည်။ ဆရာတော်သည် (၁၉၆၃) ခုနှစ်ကဖွားမြင်ခဲ့ပြီး၊ (၁၉၈၉) ခုနှစ်၌ ရဟန်းသိက္ခာထပ်ခဲ့သည်။ (၂၀၁၁) ခုနှစ်၌ Yongjia သာသနာ၏လက်ထောက်ဆရာတော်အဖြစ်ခန့်အပ်ခံခဲ့ရသည်။ သို့သော် သူအားခန့်အပ်ခြင်းကို တရုတ် ကက် သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်နှင့်တရုတ်မျိုးချစ်ကက်သလစ်ဘာသာတူတို့ ကအသိအမှတ်ပြုလက်ခံခဲ့ခြင်းမပြု ခဲ့ပေ။ တရုတ်နိုင်ငံအတွင်း၌ ကက်သလစ်အဖွဲ့အစည်းနှစ်ဖွဲ့ရှိသည်။

တစ်ဖွဲ့ကား မြေအောက်သာသနာ (under ground Church ) ဟုခေါ်ပြီး၊ ဗာတီကန်အားသစ္စာခံသည်။ ကျန်တစ်ဖွဲ့မှာ ‘မျိုးချစ်ကက်သလစ်များ’ (Patriotic Catholic Church) ဟူ၍နှစ်ဖွဲ့ရှိသည်။ ဒုတိယတစ်ဖွဲ့သည် ကက်သလစ်ဖြစ်သော်လည်း တရုတ်အစိုးရကိုသစ္စာခံသည်။ မြေအောက်ကက်သလစ်ဆရာတော်များအားဖမ်းဆီးထောင်ချသည့်လုပ်ရပ်မှာ မဆန်းလှတော့ပေ။ ဤကဲ့သို့ဖမ်းဆီး ခြင်းကို ကက်သလစ်ဘာသာ၀င်တို့၏ ကြီးမားထူးခြားသော ၀တ်ပြုခြင်းအခမ်းအနားများပြုလုပ်ကျင်းပတော့မည့် ရက် အနည်းငယ်အလိုမျိုး၌ဖမ်းဆီးလေ့ရှိသည်။ ဥပမာအားဖြင့် ခရစ္စမတ်၊ ပါစကား၊ မယ်တော်ကောင်းကင်ဘုံသို့ပင့်ဆောင်ခံ ယူသည့်ပွဲ၊ ရဟန္တာအပေါင်းပွဲ၊ ၀ိညာဉ်အပေါင်းပွဲတို့ဖြစ်ကြသည်။ မကြာမီနှစ်များက Wenzhou ဒေသအာဏာပိုင်များ သည် တရုတ်ကက်သလစ်ဘာသာတူများအား သချိုင်းပွဲနေ့၌ သချိုင်းထဲသို့၀င်ရောက်ဆုတောင်းခြင်းမပြုနိုင်ရန် သေချာ စွာပိတ်ဆို့ထားခဲ့ကြသည်။ သို့သော် ဘာသာတူများသည် အလွန်စိတ်အားထက်သန်သူများဖြစ်ကြသည်။

(၂၀၂၁) ခုနှစ် အစောပိုင်းကလည်း Xinxiang သာသနာပိုင်ဆရာတော် Joseph Zhang Weizhu သည် မည်သည့်သတင်းမျှမရဘဲ လပေါင်းများစွာ ပျောက်ချင်းမလှပျောက်သွားခဲ့သည်။ နောက်ဆုံးသိရသည်မှာ တရုတ်အာဏာပိုင်များကသူ့အားဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။ ထိုတစ်ခေါက်၌ ဆရာတော်သာမက၊ ရဟန်းအချို့နှင့်ရဟန်းလောင်းကိုရင်အချို့တို့လည်းပါ သည်။ ဖမ်းဆီးထိန်းသိမ်းရသည့်အကြောင်းအရင်းမှာ တရုတ်အစိုးရကချမှတ်ပေးသော လမ်းညွှန်ချက်အတိုင်း သာသနာ ကိုဦးဆောင်သောကြောင့်ဖြစ်သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3Gvj1nC

Add new comment

4 + 2 =