တရုတ်ပြည်မမှကက်သလစ်ဆရာတော်နှစ်ပါး ‘ဆီးနော့’ တက်ရောက်မည်။

တရုတ်ပြည်မမှကက်သလစ်ဆရာတော်နှစ်ပါး ‘ဆီးနော့’ တက်ရောက်မည်။

တရုတ်ပြည်မမှကက်သလစ်ဆရာတော်နှစ်ပါးမကြာမီကျင်းပမည့် ဆီးနော့သို့တက်ရောက်မည်ဖြစ်သည်။ အဆိုပါဆရာတော်နှစ်ပါးသည် ဆီးနော့၌ပါ၀င်ကြမည့်ကိုယ်စား လှယ် (၄၆၀) ဦးစာရင်းတွင်ပါ၀င်မည်ဖြစ်သည်။

ဆီးနော့သည် အောက်တိုဘာ (၄-၂၉) အထိကျင်းပမည်ဖြစ်သည်။ ဆီးနော့သည် တစ်လတာမျှကြာမည်ဖြစ်၍ တရုတ်ပြည်မမှဆရာတော်များအနေဖြင့် ဆီးနော့ပြီးဆုံးသည်အထိပါ၀င်သွားမည်၊ မပါ၀င်မည်ကိုမူပြောကြားထားခြင်းမရှိပေ။

လွန်ခဲ့သော (၂၀၁၈) ဆီးနော့ကျင်းပစဉ်ကကဲ့သို့ပင်ဖြစ်ပါသည်။ ထိုနှစ်က အဆိုပါဆီး‌နော့သို့ပါ၀င်သက်ရောက်ခဲ့မှုသည်သမိုင်းတွင်ခဲ့သည်။ ရဟန်းမင်းကြီးဖရန်ပင်လျှင် ထိုမြင် ကွင်းကြောင့် မစ္ဆားအစ၌စိတ်လှုပ်ရှားသွားခဲ့သေးသည်။

ဆီးနော့ဖြစ်မြောက်ရေးကော်မတီ၏ထုတ်ပြန်ချက်အရ ဆီးနော့မှဆုံးဖြတ်ချက်အပေါ်အတည်ပြုမဲများထည့်ရာတွင် ရဟန်းမင်း ကြီးမပါပါက မဲပေးခွင့်ရှိသူဦးရေ (၃၆၄) ဦးရှိပြီး ၄င်းတို့အနက် အမျိုးသမီး (၅၄) ဦးပါ၀င်သည်။

အထူးဧည့်သည်တော်များလည်း ဆီးနော့၌ပါ၀င်တက်ရောက်ကြမည်ဖြစ်သည်။ ၄င်းတို့အနက် မြေထဲပင်လယ်အားဖြတ်သန်းလာခဲ့ဖူးသောအတွေ့အကြုံရှိ ရွေ့ပြောင်းဒုက္ခသည်များဆိုင်ရာအဖွဲ့အစည်း၏ ကိုယ်စားလှယ်တစ်ဦးလည်းအဖွဲ့ကိုယ်စားပြုတက်ရောက်ခွင့်ရမည်ဖြစ်သည်။ ထိုကိုယ်စားလှယ်ကား Luca Casarini ဖြစ်ပြီး (၂၀၂၀) ခုက ရဟန်းမင်းကြီးဖရန်စစ်နှင့်အပြန်အလှန်စာရေးသားပေးပို့ခဲ့ဖူးသည်။ ကိုးဗစ် (၁၉) ကူးစက်ရောဂါကြောင့် ဥရောပသဘော်ဆိပ်ပိတ်လိုက်ရ၍လီးဗျား၌ရွေ့ပြောင်းဒုက္ခသည်များကြုံနေရသောအခြေအနေကိုတင်ပြခဲ့ခြင်းဖြစ်သည်။

အစည်းအ‌ေ၀း၏အဆုံး၌ နောက်ဆုံး ဆုံးဖြတ်ချက်ချသည့်အပိုင်းရှိမည်ဖြစ်သည်။ သို့သော် (၂၀၂၄) အထိတက်ရောက်ခွင့်ရမည့်သူများ၏စာရင်ကို ရဟန်းမင်းကြီးအားတင်ပြစောင့်ကြည့်ရမည်ဖြစ်သည်။ ဆီးနော့မစတင်မီ ကာဒီနယ်အသစ်များအားကြေ ညာ၍ စလွယ်များအပ်နှံမည့်အခမ်းအနားလည်းရှိမည်ဖြစ်သည်။

ယခုအစည်းအ‌ေ၀းသည် စည်းလုံးခြင်းနှင့်အပြုသဘောဆောင်သည့်စိတ်ဓာတ်ကိုပိုမိုတိုးမြင့်လုပ်ဆောင်နိုင်မည်ဟုမျှော်လင့်ရကြောင်းဖြင့် ဆီးနော့ဖြစ်မြောက်ရေးကော်မတီကသုံးသပ်ထားပါသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/VwLg

Add new comment

9 + 6 =