တရုတ်ပြည်မကြီးမှဆရာတော်များ ‌ဟောင်ကောင်မှသံဃာတော်များနှင့်အကြိမ်ကြိမ်တွေ့ဆုံခဲ့

တရုတ်ပြည်မကြီးမှဆရာတော်များ ‌ဟောင်ကောင်မှသံဃာတော်များနှင့်အကြိမ်ကြိမ်တွေ့ဆုံခဲ့

တရုတ်ပြည်မကြီးမှဆရာတော်များ ‌ဟောင်ကောင်မှသံဃာတော်များနှင့်အကြိမ်ကြိမ်တွေ့ဆုံခဲ့

            အောက်တိုဘာလက တရုတ်ပြည်မမှ တရုတ်အစိုးရမှု၀ါဒကိုလိုက်သော ကက်သလစ်ဘာသာရေးခေါင်းဆောင် (၁၅) ပါးနှင့်ဟောင်ကောင်မှသက်ကြီး၀ါကြီး ကက်သလစ်သံဃာတော် (၁၅) ပါးတို့သည် အကြိမ်ကြိမ်တွေ့ဆုံခဲ့ကြောင်း ရိုက်တာသတင်းဌာနအားပြောကြားခဲ့သည်။ တွေ့ဆုံရသည့်အကြောင်းအရင်းမှာ ‘ဘာသာ ရေးနှင့်ပတ်သက်၍ တရုတ်အစိုးရ၏မှု၀ါဒကိုလိုက်နာရေး’ အတွက်တိုက်တွန်းစည်းရုံးခြင်းဖြစ်သည်။ တရုတ်အစိုးရ၏ဘာသာရေးမှု၀ါဒမှာ ဘာသာရေးအား ယဉ် ကျေးမှုရေး၊ လူမှုရေးနှင့်နိုင်ငံရေးမှုဘောင်အတွင်းမှသွားရန်ဖြစ်သည်။ ဤမှုဘောင်အတိုင်းသွားမည်ဆိုလျှင် ဘာသာရေးသည် နိုင်ငံရေး၏ချယ်လှယ်မှုမှမလွတ်မြောက် နိုင်သည်ကို ကောင်းစွာသိသည်။ ဤမှု၀ါဒကို တရုတ်သမ္မတ Xi Jinping မှ (၂၀၁၅) ခုနှစ်က တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဤမှု၀ါဒကို အမေရိကန်နိုင်ငံ၏ နိုင်ငံတ ကာဘာသာရေးလွတ်လပ်မှုကော်မရှင်က ဤတောင်းဆိုချက်ကို ဘာသာရေးသက်၀င်ယုံကြည်မှုအ၀၀ကို ထိန်းချုပ်ရန်၊ အုပ်ချုပ်ရန်နှင့်လိုသလိုကြိုးဆွဲရန် တရုတ်အစိုးရ ၏ဆိုရှယ်လစ်နည်းဗျူဟာဖြစ်ကြောင်း ပွင့်လင်းစွာထုတ်ဖော်ပြောကြားခဲ့သည်။  

            ဟောင်ကောင်သာသနာအတွက်ရည်ရွယ်၍ ဒီဇင်ဘာလ (၄) ရက်နေ့က သိက္ခာထပ်ခဲ့သော ဂျက်ဆွီစ်အသင်း၀င်တစ်ပါးဖြစ်သည့် ဆရာတော် Stephen Chow Sau-yan သည် အဆိုပါအစည်းအဝေးသို့အချိန်ပြည့်မတက်ရောက်နိုင်ခဲ့ပေ။ ဟောင်ကောင်နိုင်ငံသားများအနေဖြင့် သမိုင်းတစ်လျှောက်၌ နိုင်ငံရေး၊ ဘာသာရေး၊ ဧ၀ံဂေလိတရားဟောကြားရေးတို့၌ လွတ်လပ်မှုရှိခဲ့သည်။ သို့သော် တရုတ်ပြည်မကြီး၌မှု ရာစုအဆက်ဆက် ဘာသာရေးဖိနှိပ်ညှဉ်းဆဲမှု၊ အစိုးရနှင့်သဘောထားတိုက်ဆိုင်မှု မရှိသော ဘာသာရေးခေါင်းဆောင်များအား ဖမ်းဆီး၍ နှစ်ရှည်လများထောင်ချမှုများရှိခဲ့သည်။ ဘေဂျင်းအနေဖြင့် ကျွန်းနိုင်ငံဖြစ်သော ဟောင်ကောင်အား ထိန်းချုပ်မှု တင်းကြပ်လိုက်ကာ သဘောထားကွဲလွဲသူများအား ဖြိုခွဲနှိမ်နင်းခဲ့သည်။ ဟောင်ကောင်သည်လည်း ပြည်မအစိုးရ၏အုပ်ချုပ်မှုတိုးပွားလာမှုအပါ် ဆန့်ကျင်တွန်းလှန်သည့် လုပ်ရပ် ယခုနှစ်ပိုင်းအတွင်းကွဲလာခဲ့သည်။ တရုတ်နိုင်ငံ၌ ကက်သလစ်သာသနာတော်ကြီးသည် အစိုးရအလိုကျကြိုးဆွဲခံသောဘာသာရေးအဖွဲ့နှင့်ဗာတီကန်၏လမ်းညွှန် မှုကိုသာ သစ္စာခံသောကက်သလစ်သာသာနာဟူ၍ကွဲနေခဲ့သည်။ ဗာတီကန်၏လမ်းညွှန်ချက်များကို လိုက်နာသောသာသနာအား ‘မြေအောက်သာသနာ’ ဟုခေါ်ပြီး၊ တရုတ်အစိုးရ၏မျက်မုန်းကျိုး၊ မျက်စောင်းထိုးခံရရုံမက ဖမ်ဆီး၊ နှိပ်စက်၊ နှစ်ရှည်လများထောင်ချခြင်းကိုလည်းခံရသည်။ တရုတ်အစိုးရ၏ အသိအမှတ်ပြုခြင်းလည်းမခံရ။

            (၂၀၁၈) ခု၌ ဗာတီကန်သည် တရုတ်အစိုးရနှင့်သဘောတူညီချက်တစ်ခုကိုယူခဲ့ကြသည်။ ထိုသဘောတူညီချက်ကား တရုတ်အစိုးရအသိအမှတ်ပြုသော ဆရာတော်လောင်းလျာများကိုသာ သိက္ခာထပ်ပေးရန်ဖြစ်သည်။ ထိုသဘောတူညီချက်သည် (၂) နှစ်သက်တမ်းသာဖြစ်၍ (၂၀၂၀) ခုနှစ်၌ နောက်သက်တမ်းတစ်ခုကိုပြန်လည် တိုးမြင့်ခဲ့ပြန်သည်။ ဤသဘောတူညီချက်သည် မြေပေါ်မြေ‌အောက်ကွဲနေခြင်းကိုပြန်လည်ပေါင်းစည်းရန်ရည်ရွယ်သည်ဟုဆိုပါသည်။ အောက်တိုဘာလတွေ့ဆုံခဲ့စဉ်က တရုတ်အစိုးရ၏ ဘာသာရေးအပေါ်ထားရှိသောမူ၀ါဒနှင့်ယဉ်ကျေးမှုအခြေခံသောမူ၀ါဒသည် ကျစ်လစ်ပြီး၊ ပဋိပက္ခဖြစ်စရာအကြောင်းမရှိကြောင်းပြောဆို‌ဖြောင့်ဖြပါ သည်။

            တရုတ်ပြည်မှ ဂျက်ဆွီစ်ဘုန်း‌တော်ကြီးတစ်ပါးဖြစ်သော Benoit Vermander က လွန်ခဲ့သော (၂၀၁၈) ခုနှစ်က ဘာသာရေးနှင့်ပတ်သက်သည့် တရုတ်အစိုးရ၏ မူ၀ါဒကိုချည်းကပ်သည့်နည်းများကို စာအုပ်အဖြစ်ပင်ထုတ်‌ဝေဖြန့်ချီခဲ့သည်။ သူ၏စာအုပ်ကို ဗာတီကန်၏ အတွင်းရေးမှူးအဖွဲ့များက ဖတ်ကြားခဲ့ကြသည်။ မည်သို့ ပင်ဆိုစေ အထက်မှအမိန့်ချပြီးအောက်ချေမှလိုက်သည့် မူ၀ါဒသည် အန္တရာယ်ရှိပါသည်။ အရေးကြီးသောအမှတ်လက္ခဏာများပျောက်ရှကုန်မည်ကိုစိုးရိမ်ရကြောင်း၊ ကက်သလစ်ဘာသာတူများအနေဖြင့် တရုတ်အစိုးရ၏ ဘာသာရေးမူ၀ါဒနှင့်ပတ်သက်၍ အစိုးရကကြားကန်ထားပေး၍ လက်မခံသည့်အခြေအနေမျိုးမဖြစ်သင့်။ ကက် သလစ်သာသနာနှင့်ကွန်မြူနစ်အစိုးရတို့ကြား ညှိနှိုင်းဆွေးနွေးသင့်ကြောင်း၊ ခရစ်ယာန်များအနေဖြင့် တရုတ်အစိုးရ၏ ဘာသာရေးမူ၀ါဒဆိုင်ရာ တောင်းခံမှုကိုလက်ခံ ပြီး၊ ၄င်းတို့ဖော်ဆောင်လိုသည့်အတိုင်း မည်သည့်အပြောင်းအလဲများပြုလုပ်သင့်သည်ကို ထည့်သွင်းစဉ်းစားသင့်ကြောင်းတင်ပြထားသည်။         

            (မေလ၊ ၂၀၁၉) ခုနှစ်၌ ဗာတီကန်၏အတွင်းရေးမှူးဖြစ်သော ကာဒီနယ် Pietro Parolin က ယဉ်ကျေးမှုအခြေပြုခြင်းနှင့်တရုအစိုးရ၏ဘာသာရေးမူ၀ါဒသည် ယှဉ်တွဲသွားနိုင်ပြီး၊ ညှိနှိုင်းနိုင်သည်ဟုပြောကြားခဲ့သည်။ ဤ‌ဝေါဟာရနှစ်လုံးသည် တစ်ခုနှင့်တစ်ခုရှုပ်ထွေးမှုမဖြစ်စေသကဲ့သို့၊ တစ်ခုနှင့်တစ်ခုလည်း ဆန့်ကျင်မှုမရှိ ကြောင်းကို တရုတ်ဗဟိုအစိုးရအာဘော်ကိုရေးသားထုတ်‌ဝေနေသော ‘Global Times’ သတင်းဌာကိုပြောကြားခဲ့သည်။ အနာဂတ်၌ ဤခေါင်းစဉ်ကို လေးနက်စွာပြန် လည်စဉ်းစားရန်လိုကြောင်း၊ အထူးသဖြင့် ‘ယဉ်ကျေးမှုနှင့်တရုတ်အစိုးရ၏ဘာသာရေးမူ၀ါဒ’ ၏ချိပ်ဆက်မှုကို မှတ်ထားပြီး၊ တရုတ်အစိုးရအနေဖြင့် ဘာသာရေး၏သ ဘောသဘာ၀များနှင့်သွန်သင်ချက်များကိုလစ်လျူရူခြင်းမပြုဘဲ အဘယ်သို့ပြန်လည်ဖော်ဆောင်နိုင်သည်ကို တရုတ်အစိုးရအနေဖြင့် အလေးထားဆောင်ရွက်ရမည်။ ယဉ်ကျေးမှုကိုလေးစားတန်ဖိုးထားခြင်းသည် ဧ၀ံဂေလိတရားကို ကြေညာဟောပြောရာတွင် အစွန်းမရောက်အောင်ထိန်းညှိပေးပြီး၊ အသီးအပွင့်ပွင့်သီးလာမည်။ လုံး၀ စင်ကြယ်အောင်၊ ရိုးသားအောင်လည်းကာကွယ်ရန်လိုသည်။ ယဉ်ကျေးမှုနှင့်စပ်လျင်း၍ တစ်ဦးတစ်ယောက်စီတွေ့ကြုံခဲ့ရသည်များကိုလည်းတင်ပြရန်လိုအပ်ကြောင်း ဖြင့်ပြောကြားခဲ့သည်။

 

အာဗီအေ ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3Jt2ReY

Add new comment

1 + 7 =