တရုတ်နိုင်ငံရှိကက်သလစ်ဘာသာတူများ အတွက်ဆရာတော်ရွေးချယ်တင်မြောက်ခြင်း နှင့်ဗာတီကန်

တရုတ်နိုင်ငံရှိကက်သလစ်ဘာသာတူများအတွက်ဆရာတော်ရွေးချယ်တင်မြောက်ခြင်းနှင့်ဗာတီကန်

တရုတ်နိုင်ငံရှိကက်သလစ်ဘာသာတူများ အတွက်ဆရာတော်ရွေး ချယ်တင်မြောက်ခြင်းနှင့်ဗာတီကန်

တရုတ်နိုင်ငံရှိကက်သလစ်ဘာသာ၀င်များ အတွက် ဆရာတော်ရွေးချယ်တင်မြောက်ခြင်း နှင့်ပတ်သက်၍ ကနဦးသ ဘောတူညီချက်တစ်ရပ်ကို (၂၀၁၈၊ စက်တင်ဘာလ၊ ၂၂) ကတရုတ်အစိုး ရနှင့်ဗာတီကန်တို့အကြားဘေဂျင်း မြို့၌လက်မှတ် ရေးထိုးခဲ့ကြ သည်။ ထိုသဘောတူညီချက်သည် လက်မှတ်ရေးထိုးပြီးတစ်လအတွင်းအကောင်အထည်ဖော်ဆောင်နိုင်ခဲ့ပြီး၊ ယခုလ အောက်တိုဘာ (၂၂) ရက်နေ့၌ထိုစမ်းသပ်ကာလ၏သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်။

အဘယ်ကြောင့်ဆို သော်သဘောတူညီချက်သက်တမ်းကို (၂) နှစ်ဟုသတ်မှတ်ခဲ့ခြင်းဖြစ်သည်။ မကြာမီကဗာတီကန်၏အတွင်းရေးမှူးကာဒီနယ် Pietro Parolin ကအဆိုပါသဘောတူညီချက်ကိုသက်တမ်းတိုးရန် တရုတ်အစိုးရအားတိုက်တွန်းသွားမည်ဖြစ်ကြောင်း၊ လွန်ခဲ့သောနှစ်နှစ်ကာလကကဲ့သို့အခြေအနေပေါ်မူတည်၍ဆက်လက် ဆက်ဆံသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံရှိကက်သလစ်သာသနာအတွက်ပို၍အကျိုးရှိမည့်အချက်များကိုလည်းပြန်လည် ထည့်သွင်းစဉ်းစားမည်ဖြစ်ကြောင်း၊ ဆက်လက်လုပ်ဆောင်သွားခြင်းကားပို၍အကျိုးရှိမည်ဟုထင်မြင်ကြောင်း ရှင်းပြသွား ခဲ့သည်။

တရုတ်အစိုးရနှင့်ဗာတီကန်တို့ပူးပေါင်း၍ (၂၀၁၈၊ စက်တင်ဘာလ၊ ၂၂) ရက်နေ့၌ပထမဆုံးအကြိမ်ထုတ်ပြန်ကြေ ငြာခဲ့သည်။ သဘောတူညီထားသည့်အချက်များကိုရှင်းလင်းတိကျစွာဖော်လိုက်ခြင်းဖြင့်တရုတ်နှင့်ဗာတီကန်တို့၏သံတ မန်အဆက်အသွယ်ရှိကြောင်းကိုလည်းကောင်း၊ တရုတ်ပြည်အတွင်းရှိကက်သလစ်သာသနာတော်၊ သို့မဟုတ်ကက်သလစ် ဘာသာရေးခေါင်းဆောင်များနှင့်တရုတ်အစိုးရတို့အဆက်အသွယ်ရှိသည်ကိုလည်းကောင်းဖုံးကွယ်မထားဘဲဖော်ပြထား သည်။

သဘောတူညီမူ၌ အဓိကအားဖြင့်တရုတ်နိုင်ငံအတွင်းကက်သလစ်ဆရာတော်များရွေးချယ်တင်မြောက်ခြင်းကိစ္စ လည်းပါ၀င်နေရာ သာသနာတော်ကြီးအတွက်သော်လည်းကောင်း၊ တရုတ်နိုင်ငံအတွင်းရှိတရုတ်ကက်သလစ်ဆရာတော် များနှင့်ရဟန်းမင်းကြီး (ရောမဂိုဏ်းချုပ်သာသနာ၏ဆရာတော်) တို့အကြား၊ ထို့အတူကမ္ဘာတစ်၀န်းရှိဆရာတော်ကြီးများ ကြားအရေးကြီးသောမေးခွန်းတစ်ခုဖြစ်နေသည်။ ဤသဘောတူညီချက်သည်သံတမန်ရေးသာမဟုတ်သကဲ့သို့၊ နိုင်ငံရေးဟု လည်းမဆိုသာ။ ဤသဘောတူညီမူသည်ဘာသာရေးစင်စစ်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော်ဤသဘောတူညီချက်၏အ ဓိကဉီးတည်ချက်မှာတရုတ်နိုင်ငံရှိကက်သလစ်ဆရာတော်ကြီးများအားတပည့်တော်ကြီးသံပေတရု၏အရိုက်အရာကိုဆင့်ကဲဆက်ခံလာသောသူ (ရဟန်းမင်းကြီး) နှင့်ပြည့်၀စွာပေါင်းစည်းဆက်သွယ်မူရှိသူ၊ ထို့အတူတရုတ်အာဏာပိုင်၏အသိအ မှတ်ပြုခံထားရသူဖြစ်ရန်ဖြစ်သည်။ ထိုသဘောတူညီမူကိုလက်မှတ်ရေးထိုးပြီးနောက်၊ ရဟန်းမင်းကြီးက (၂၀၁၈၊ စက်တင်ဘာလ) တရုတ်နိုင်ငံမှကက် သလစ်ဘာသာတူများနှင့်ကမ္ဘာတစ်၀န်းရှိကက်သလစ်သာသနာတော်ကြီးအားမိန့်ခွန်းမြွတ်ကြားရာတွင် ပြီးခဲ့သောဆယ်စု နှစ်များကတရုတ်နိုင်ငံမှကက်သလစ်ဘာသာတူများ၏စိတ်ထဲ၌အနာတရနှင့်ကွဲပြားမူများမှာ၀င်ရောက်နေခဲ့ခြင်းမှာဆရာ တော်ကြီးများသည်စစ်မှန်သောယုံကြည်ခြင်းကိုကာကွယ်စောင့်ရှောက်သူ၊ သာသနာတော်အဖွဲ့အစည်းကိုအာမခံသူများအ ဖြစ်ရူမြင်ခဲ့ကြသည်။

ကက်သလစ်သာသနာတော်ကြီး၏အတွင်းရေး၌နိုင်ငံရေးဖွဲ့စည်းပုံများ၀င်ရောက်မွှေနှေက်ခဲ့ရာမှ ‘မြေ အောက်ကက်သလစ်အဖွဲ့အစည်း’ ဟုဖြစ်ပေါ်လာစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော်ဘာသာရေးအမူကိစ္စများ၌အစိုးရမှ နိုင်ငံရေး၀င်ရောက်စွပ်ဖက်မူကိုရှောင်ရှားရန်ဖြစ်သည်။ အားနည်းချက်နှင့်အယူအဆအလွှဲကြောင့်သာသနာအဖွဲ့အစည်းကို အနာတရဖြစ်ပေါ်စေခဲ့သကဲ့သို့၊ မလိုအပ်ဘဲဘာသာတူများအပေါ်ဖိအားပေးလွန်းခြင်းများကြောင့်ဖြစ်သည်ဟုမိန့်ကြားခဲ့ သည်။ ရဟန်းမင်းကြီးဖရန်စစ်မတိုင်မီကရဟန်းမင်းကြီးများကအားကြိုးမာန်တက်ကြိုးစားခဲ့ကြရာ ယခုအခါရဟန်းမင်း ကြီး၏ထောက်ခံချက်မယူဘဲဆရာတော်သိက္ခာတင်ခဲ့သောတရုတ်နိုင်ငံရှိကက်သလစ်ဆရာတော်ကြီးများနှင့်ပြည့်ပြည့်၀၀ ပေါင်းစည်းလိုက်သည်။

ဤဆုံးဖြတ်ချက်ကိုမှန်ကန်စွာချမှတ်နိုင်ရန်အဖန်ဖန်ဆင်ခြင်တွေးဆခဲ့ရသည်။ ဆုတောင်းပြီး၊ ဆန်းစစ်ခဲ့ရသည်။ နောက်ဆုံးမှဧ၀ဂေလိတရားကိုထိရောက်ဘေးကင်းစွာဟောပြောနိုင်ရေးကိုအားပေးထောက်ခံရန်၊ တရုတ်နိုင်ငံရှိကက်သ လစ်ဘာသာတူများနှင့်လည်းမြင်သာ၊ သိသာသောပေါင်းစည်းခြင်းကိုပြန်လည်ရရှိစေရန်ရည်ရွယ်၍ဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်။ ပထမနှစ်နှစ်၌ ဗာတီကန်၏အသိအမှတ်ပြုခြင်းကိုခံယူပြီးနောက်ဆရာတော်များကိုရွေးချယ်ခန့်အပ်ခဲ့သည်။ ၄င်း တို့အနက်အချို့သောဆရာတော်များသည်ဘေဂျင်း၌အစိုးရ၏အသိအမှတ်ပြုထားခြင်းခံရသောဆရာတော်များလည်းပါသည်။

ထိုဆက်ဆံရေးသည်ကိုဗစ် (၁၉) ကပ်ဆိုးကြီးကြောင့်ပြတ်တောက်နေရသည်။ ဤသဘောတူညီချက်၏ရလာဒ်သည် အကန့်အသတ်နှင့်ဖြစ်သော်လည်း အကျိုးရှိလှသည်။ ထို့ကြောင့်ဤသဘောတူညီချက်အတိုင်းဆက်လက်၍သက်တမ်းတိုး သွားရန်အကြံပြုထားသည်။

 

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: ©WaitforLight - stock.adobe.com

https://bit.ly/33r1TOk

Add new comment

8 + 7 =