တရုတ်နိုင်ငံမှခရစ်ယာန်များ ဘုရားပုံ​တော်များကို ဖယ်ရှားပစ်ရန် ဖိအား​ပေးခံရ

တရုတ်နိုင်ငံမှခရစ်ယာန်များ ဘုရားပုံ​တော်များကို ဖယ်ရှားပစ်ရန် ဖိအား​ပေးခံရ

တရုတ်နိုင်ငံမှခရစ်ယာန်များ ဘုရားပုံ​တော်များကို ဖယ်ရှားပစ်ရန် ဖိအား​ပေးခံရ

          တရုတ်နိုင်ငံ၊ရှန်းဇီပြည်နယ်တွင် အစိုးရ၏အ​ထောက်အပံ့စရိတ်ကို မှီခို​နေရ​သော ခရစ်ယာန်များအား ဘုရားပုံ​တော်များကို ဖြုတ်ချရန် အစိုးရအကြီးအကဲများကဖိအား​ပေး​နေသည်။သခင်​ယေဇူးနှင့်မယ်​တော် မာရိယာပုံ​တော်များ၊ဘာသာ​ရေးပြက္ခဒိန်များကို ကွန်မြူနစ်ပါတီ​ခေါင်း​ဆောင်နှင့် သမ္မတ ရှီကျင့်ပင် ၏ရုပ်ပုံများနှင့် အစားထိုးရမည်ဖြစ်​ကြောင်း၊ထိုသို့ မပြုလုပ်ပါက အစိုးရ၏ အ​ထောက်အပံ့များကို ဖြတ်​တောက်မည်ဟု သတိ​ပေးခဲ့သည်။

               တရုတ်နိုင်ငံရှိ ခရစ်ယာန်တရားမျှတ​ရေးလုပ်​ဆောင်​နေ​သော Bitter Winter သတင်းအရ လွန်ခဲ့​သော အပတ်က တရုတ်နိုင်ငံ ရှန်းဇီးပြည်နယ်တွင် ခရစ်ယာန်တစ်ဦး၏အိမ်မှ ဘာသာ​ရေးကားချပ်များကို သိမ်းယူခဲ့ပြီး ကွန်မြူနစ်​ခေါင်း​ဆောင်များ၏ရုပ်ပုံကို ချိတ်ဆွဲ​စေခဲ့​ကြောင်း​ဖော်ပြထားသည်။

           ကိုဗစ်၁၉ ကပ်​ရောဂါ​ကြောင့် နိုင်ငံ၏စီးပွား​ရေးကျပ်တည်း​နေချိန်တွင် နိုင်ငံသားအများက အစိုးရ၏​ထောက်ပံ့စရိတ်ကို မှီခို​နေရသည်။သို့ဖြစ်ရာ ခရစ်ယာန်များအားထောက်ပံ့​ကြေးနှင် ဘုရားပုံ​တော်အနက် တစ်ခုခုကို ​ရွေးချယ်ရန် အတင်းအကြပ်ခိုင်း​စေမှုများရှိလာသည်။အလားတူပင် အခြားပြည်နယ်များ၌လည်း ဖိနှိပ်မှုများရှိ​နေ​ကြောင့် ​ပြောကြားခဲ့ကြသည်။

        ဘုရား​ကျောင်းတက်ခြင်းသည် အစိုးရကို ​တော်လှန်ခြင်းကဲ့သို့ ကြီး​လေးလှပြီး အတိုက်အခံများကဲ့သို့ ဆက်ဆံ​ခြင်းခံ​နေရသည်။ဟီနန်ပြည်နယ်တွင် ဆီးချို​ရောဂါခံစား​နေရ​သော အဖွားအိုတစ်​ယောက်သည် အစိုးရ၏လူမှု​​ရေးအ​ထောက်အပံ့ရသည့်အတွက် ဘုရားရှင်အား​ကျေးဇူးတင်​ကြောင်း ​ပြောဆိုမိရာ ​ထောက်ပံ့မှုကို ပြန်လည်ရပ်စဲခဲ့သည်။

                တရုတ်နိုင်ငံတွင် ဘာသာ​​ရေးဖိနှိပ်ခံရမှုများ ဖြစ်ပွား​နေပြီး ဘုရား​ကျောင်းအချို့မှာ ဖယ်ရှား ရှင်းလင်းခြင်းခံရကာ အချို့မှာ အများစု​ဝေးရာခန်းမအဖြစ် ​ပြောင်းလဲခြင်းခံရသည်။ခရစ်ယာန်များက ကွန်မြူနစ်အစိုးရသည် ဘုရား၏​နေရာကိုပင် လုယူလို​ကြောင်း သတင်ဌာနသို့ ​ပြောကြားခဲ့ကြသည်။

 

ဘာသာပြန်-Agnes Lawh Lun

Photo Credit: ThewayIsee/Shutterstock

Add new comment

2 + 1 =