တမန်တော်လုပ်ငန်းများတွင် အမျိုးသမီးများပါဝင်လုပ်ဆောင်လာမှုအပေါ် ပုပ်ရဟန်းမင်းကြီးချီးကျူးအားပေးခြင်း

အီတလီနိုင်ငံမြောက်ပိုင်း သာသနာနယ် အသီးသီးမှ တမန်တော်လုပ်ငန်းများတွင် လက်တွဲလုပ်ဆောင်နေကြသော ဘုရားကိုဆက်ကပ်ထားသည့်အမျိုးသမီးများအဖွဲ့နှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် တွေ့ဆုံ

တမန်တော်လုပ်ငန်းများတွင် အမျိုးသမီးများပါဝင်လုပ်ဆောင်လာမှုအပေါ် ပုပ်ရဟန်းမင်းကြီးချီးကျူးအားပေးခြင်း
ဒီဇင်ဘာလ ၁၄၊ ၂၀၁၉

အီတလီနိုင်ငံမြောက်ပိုင်း သာသနာနယ် အသီးသီးမှ တမန်တော်လုပ်ငန်းများတွင် လက်တွဲလုပ်ဆောင်နေကြသော ဘုရားကိုဆက်ကပ်ထားသည့်အမျိုးသမီးများအဖွဲ့နှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် တွေ့ဆုံခဲ့ပါသည်၊ ရဟန်းမင်းကြီးမှထိုကိုယ်စားလှယ်အဖွဲ့အား
ချစ်ခြင်းမေတ္တာဖြင့်သာအစေခံကြဖို့ တိုက်တွန်းခဲ့ပါသည်။

သမ္မာကျမ်းစာတော်အတွင်းမှာပါရှိသော အမျိုးသမီးများ၏အကြောင်းကိုဖော်ပြပြီး သာသနာလုပ်ငန်းတွင်အမျိုးသမီးများပါဝင်လုပ်ဆောင်နေမှုသည် အရေးပါအရာရောက်သောအချက်တစ်ခုဖြစ်ကြောင်း ထောက်ပြပြောကြားခဲ့ပါသည်။

တမန်တော်လုပ်ငန်းဖြစ်သည့်ဆင်းရဲသားများကိုကြည့်ရှုခြင်း၊ ထောင်သားများကိုသွားရောက်ကြည့်ရှုပေးခြင်း၊ ဖျားနာသောသူများ၊အသက်ကြီးရွယ်အိုများ၊ရွှေ့ပြောင်းဒုက္ခသည်များအား ကူညီပေးခြင်းများအားဖြင့် သာသနာ့နယ်အသီးသီးတွင်ရဟန်းဘုန်းတော်ကြီးများနှင့်အတူတကွ၊ လက်တွဲလုပ်ဆောင်ကြခြင်းများကို ပါဝင်လုပ်ဆောင်ကြဖို့ရဟန်းမင်းကြီးမှတိုက်တွန်းခဲ့ပါသည်။

အတူတကွလက်တွဲလုပ်ဆောင်မှုသည် သာသနာတော်အတွက်အရေးပါသောအခန်း ကဏ္ဍတစ်ခုဖြစ်ပြီး၊ ယင်း ဘုရားပေးသောကျေးဇူးတော်အားဖြင့် သာသနာပိုင်ဆရာတော်မှ စီစစ်လက်ခံအသိမှတ်ပြုပေးပြီး အတူတကွ ပါဝင်လုပ်ဆောင်ကြဖို့ကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။
https://bit.ly/38HE7On
#rvamyanmarservice

Add new comment

10 + 4 =