တမန်တော်ရှင်ပေါလု၏ သမီးများအသင်းဂိုဏ်းဝင်သီလရှင်များနှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်တွေ့ဆုံခဲ့ပါသည်

ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္အရွင္သူျမတ္ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်

တမန်တော်ရှင်ပေါလု၏ သမီးများအသင်းဂိုဏ်းဝင်သီလရှင်များနှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်တွေ့ဆုံခဲ့ပါသည်
အောက်တိုဘာလ ၄၊ ၂၀၁၉

တမန်တော်ရှင်ပေါလု၏ သမီးများအသင်းဂိုဏ်း အကြီးအကဲများ၏ ၁၁ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးသို့ ရောက်ရှိနေကြသောအသင်းဂိုဏ်းအကြီးအကဲ ၆၀ ဦးနှင့် ပုပ်ရဟန်းမင်းကြီးတွေ့ဆုံခြင်းတွင် မိမိတို့ပြုခဲ့သည့်ကတိသစ္စာများကိုသစ္စာရှိစွာစောင့်ထိန်းကြဖို့၊ ခက်ခဲကြမ်းတမ်းသောအချိန်များတွင် ရှင်သန်နိုင်အောင်ကြိုးစားပြီးအသီးအပွင့်များ ဝေဆာလာနိုင်အောင်ကျိုးစားကြဖို့ တိုက်တွန်းခဲ့ပါသည်။

မိမိဘဝကိုဘုရားသခင်အတွက်လုပ်ကိုင်နေသူတွေမှာ ဆင်းရဲဒုက္ခတွေ ခက်ခဲကြမ်းတမ်းမှုတွေ တွေ့ကြုံရင်ဆိုင်ကြရမယ် ထိုကဲ့သို့သောအချိန်များကို ဒုက္ခရောက်သောအချိန်များဟုမသတ်မှတ်ပဲ မိမိဘဝအခြေခိုင်မှုကိုပြန်လဲသုံးသပ်ခွင့်ရသော အကောင်းဆုံးအချိန်ဟုမှတ်ယူရလိမ့်မယ်၊ အဲလိုအချိန်မျိုးမှာအသင်းဂိုဏ်း၏ရည်ရွယ်ချက်မျှော်မှန်းချက်တို့ကိုပြန်လည်သုံးသပ်ပြီး ရှေ့အနာဂတ်တိုးတက်အောင်မြင်အောင် ဘုရားရဲ့ကျေးဇူးတော်နှင့် ပြန်လည်တည်ဆောက်ကြရမယ်၊

သင်တို့အသင်းဂိုဏ်း၏ရည်ရွယ်ချက်ဖြစ်သည့် နှုတ်ကပတ်တော်ဝေမျြှခင်းအမှုကို နေရာအကန့်သက်မရှိ သန့်ရှင်းသောဝိညာဉ်တော်၏ဦးဆောင်မှုဖြင့် နေရာတိုင်းလူမျိုးတိုင်းအတွက်ဝေမျှကြရမှာဖြစ်တယ်။

ယနေ့ခေတ်ကြီးထဲမှာနှုတ်ကပတ်တော်ဆာ‌လောင်နေ သူတွေဆီကို သယ်ဆောင်ပေးနေသူတွေဖြစ်ရမယ်တချိန်ထဲမှာဘဲ သာသနာပြုခြင်းကို အင်အားဖြည့်ပေးနေသူတြွေဖစ်ရမယ်။
ဒီဂျစ်တယ်‌ခေတ်ကြီးမှာ ဆက်သွယ်ဆက်ဆံရေးနည်းလမ်းမျိုးစုံကိုသုံးချပြီး နှုတ်ကပတ်တော်ကိုလူတွေဆီရောက်အောင်သယ်ဆောင်ပေးသူတွေဖြစ်ကြရမယ်၊

နှုတ်ကပတ်တော်ကိုမိမိဘဝနှင့်အသက်ရှင်ပြီး သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏အကူအညီဖြင့် နေရာတိုင်းမှာရှိသောလူတိုင်းအား ဝေမျှပေးကြပါဟုပုပ်ရဟန်းမင်းကြီးမှ တမန်တော်ရှင်ပေါလု၏သမီးများ အသင်းဂိုဏ်းဝင်မယ်သီလရှင်များကို တိုက်တွန်းအားပေးခဲ့ပါသည်။ ။
By Kyi Making
Credit to Vatican News
https://bit.ly/2oVt0PO

 

Zawgyi

တမန္ေတာ္ရွင္ေပါလု၏ သမီးမ်ားအသင္းဂိုဏ္းဝင္သီလရွင္မ်ားႏွင့္ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္အရွင္သူျမတ္ေတြ႕ဆံုခဲ့ပါသည္
ေအာက္တိုဘာလ ၄၊ ၂၀၁၉

တမန္ေတာ္ရွင္ေပါလု၏ သမီးမ်ားအသင္းဂိုဏ္း အႀကီးအကဲမ်ား၏ ၁၁ႀကိမ္ေျမာက္ မ်က္ႏွာစံုညီအစည္းအေဝးသို႔ ေရာက္ရိွေနၾကေသာအသင္းဂိုဏ္းအႀကီးအကဲ ၆၀ ဦးႏွင့္ ပုပ္ရဟန္းမင္းႀကီးေတြ႕ဆံုျခင္းတြင္ မိမိတို႔ျပဳခဲ့သၫ့္ကတိသစၥာမ်ားကိုသစၥာရိွစြာေစာင့္ထိန္းၾကဖို႔၊ ခက္ခဲၾကမ္းတမ္းေသာအခ်ိန္မ်ားတြင္ ရွင္သန္ႏိုင္ေအာင္ႀကိဳးစားၿပီးအသီးအပြင့္မ်ား ေဝဆာလာႏိုင္ေအာင္က်ိဳးစားၾကဖို႔ တိုက္တြန္းခဲ့ပါသည္။

မိမိဘဝကိုဘုရားသခင္အတြက္လုပ္ကိုင္ေနသူေတြမွာ ဆင္းရဲဒုကၡေတြ ခက္ခဲၾကမ္းတမ္းမႈေတြ ေတြ့ႀကံဳရင္ဆိုင္ၾကရမယ္ ထိုကဲ့သို႔ေသာအခ်ိန္မ်ားကို ဒုကၡေရာက္ေသာအခ်ိန္မ်ားဟုမသတ္မွတ္ပဲ မိမိဘဝအေျခခိုင္မႈကိုျပန္လဲသံုးသပ္ခြင့္ရေသာ အေကာင္းဆံုးအခ်ိန္ဟုမွတ္ယူရလိမ့္မယ္၊ အဲလိုအခ်ိန္မ်ိဳးမွာအသင္းဂိုဏ္း၏ရည္ရြယ္ခ်က္ေမ်ွာ္မွန္းခ်က္တို႔ကိုျပန္လည္သံုးသပ္ၿပီး ေရ႔ွအနာဂတ္တိုးတက္ေအာင္ျမင္ေအာင္ ဘုရားရဲ့ေက်းဇူးေတာ္ႏွင့္ ျပန္လည္တည္ေဆာက္ၾကရမယ္၊

သင္တို႔အသင္းဂိုဏ္း၏ရည္ရြယ္ခ်က္ျဖစ္သည့္ ႏႈတ္ကပတ္ေတာ္ေဝမ်ျွခင္းအမႈကို ေနရာအကန႔္သက္မရိွ သန႔္ရွင္းေသာဝိညာဉ္ေတာ္၏ဦးေဆာင္မႈျဖင့္ ေနရာတိုင္းလူမ်ိဳးတိုင္းအတြက္ေဝမ်ွၾကရမွာျဖစ္တယ္။

ယေန႔ေခတ္ႀကီးထဲမွာႏႈတ္ကပတ္ေတာ္ဆာ‌ေလာင္ေန သူေတြဆီကို သယ္ေဆာင္ေပးေနသူေတြျဖစ္ရမယ္တခ်ိန္ထဲမွာဘဲ သာသနာျပဳျခင္းကို အင္အားျဖၫ့္ေပးေနသူေတျြဖစ္ရမယ္။
ဒီဂ်စ္တယ္‌ေခတ္ႀကီးမွာ ဆက္သြယ္ဆက္ဆံေရးနည္းလမ္းမ်ိဳးစံုကိုသံုးခ်ၿပီး ႏႈတ္ကပတ္ေတာ္ကိုလူေတြဆီေရာက္ေအာင္သယ္ေဆာင္ေပးသူေတြျဖစ္ျကရမယ္၊

ႏႈတ္ကပတ္ေတာ္ကိုမိမိဘဝႏွင့္အသက္ရွင္ၿပီး သန႔္ရွင္းေသာဝိညာဉ္ေတာ္ဘုရား၏အကူအညီျဖင့္ ေနရာတိုင္းမွာရိွေသာလူတိုင္းအား ေဝမ်ွေပးၾကပါဟုပုပ္ရဟန္းမင္းႀကီးမွ တမန္ေတာ္ရွင္ေပါလု၏သမီးမ်ား အသင္းဂိုဏ္းဝင္မယ္သီလရွင္မ်ားကို တိုက္တြန္းအားေပးခဲ့ပါသည္။ ။
By Kyi Making
Credit to Vatican News
https://bit.ly/2oVt0PO

Add new comment

7 + 1 =