တပတ်ခန့်ကြာပြီးနောက် ပြန်ပေးဆွဲသူများမှ နိုက်ဂျီးရီးယားမှ လက်ထောက်ဆရာ တော်အား ပြန်လွှတ်

တပတ်ခန့်ကြာပြီးနောက် ပြန်ပေးဆွဲသူများမှ နိုက်ဂျီးရီးယားမှ လက်ထောက်ဆရာ တော်အား ပြန်လွှတ်

ဒီဇင်ဘာလ နောက်ဆုံးရက် သတ္တပတ်က ပြန်ပေးဆွဲခံခဲ့ရသော နိုက်ဂျီးရီးယားနိုင်ငံ Owerri ဂိုဏ်းချုပ်သာသနာမှ လက်ထောက်ဆရာတော်ဘုရား Moses Chikwe နှင့် သူ၏ ကားမောင်းသမား Mr. Ndubuisi Robert တို့သည် ပြီးခဲ့သော နှစ်သစ်နေ့ညနေက ပြန်လည် လွတ်မြောက်လာခဲ့ပြီဖြစ်သည်။

Owerriသာသနာ၏ ဂိုဏ်း ချုပ် ဆရာတော် Anthony Obinnaမှ “ပြန်ပေးဆွဲခံရ သော လက်ထောက်ဆရာ တော်နှင့် သူ၏ကားမောင်းသမားတို့သည် ပြန်လည်လွတ် မြောက်လာပြီဖြစ်ကြောင်းကို ဘုရားရှင်အား ကျေးဇူးတင်ခြင်းများစွာဖြင့် ဘာသာတူအပေါင်းတို့အား သိစေအပ်ပါကြောင်း၊ သွားရောက်တွေ့ဆုံချိန်တွင် လက်ထောက်ဆရာ တော်သည် အလွန်အားနည်းနေသေးကြောင်း နှင့် ကားမောင်းသမားမှာ ပြန်ပေးဆွဲနေစဉ် လက်အဖြတ်ခံရသောကြောင့် ဆေးရုံတင်ထားရကာ မတွေ့ခဲ့ရကြောင်း” ပြောကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှလည်း လက် ထောက်ဆရာတော်နှင့်တကွ

နိုက်ဂျီးရီးယားရှိ ပြန်ပေးဆွဲခံရသော လူအားလုံးတို့သည် ဘေးမသီရန်မခဘဲ မိမိတို့နေအိမ်သို့ ပြန်လည်ရောက်ရှိစေရန်နှင့် နိုင်ငံအတွင်း ၌ လည်း လုံခြုံသင့်မြတ်မှု နှင့် ငြိမ်းချမ်းခြင်းရှိစေရန် ဘုရား ရှင်ထံ တောင်းဆုပြုပါကြောင်း နှစ်သစ်နေ့က ပြောကြားခဲ့သည်။ ထိုအတွက်လည်း ပုပ်ရဟန်းမင်းကြီး

ဖရန်စစ်အရှင်သူမြတ်အား ကျေးဇူးတင်ရှိပါကြောင်း ဂိုဏ်းချုပ်ဆရာတော် Anthony Obinnaမှ ပြောကြားခဲ့သည်။

ဘာသာပြန်-ဘရာသာရ်ပက်ထရစ်အေးရှိုင်းအောင်

Photo courtesy of: Catholic Archdiocese of Owerri | Facebook | Fair Use

https://bit.ly/2Xr1TtK

Add new comment

2 + 9 =