တန်ဆည်မြို့၊လမ်းဆုံ တွင်စစ်​ကောင်စီမှ​ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကက်သလစ်ဘာသာတူ လူငယ်တစ်ဦးကျဆုံး

တန်ဆည်မြို့၊လမ်းဆုံ တွင်စစ်​ကောင်စီမှ​ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကက်သလစ်ဘာသာတူ လူငယ်တစ်ဦးကျဆုံး

(7.4.2021)

တန်ဆည်မြို့တွင် ​ငြိမ်းချမ်းစွာ ဆန္ဒပြ

ပြည်သူများကိုဖြိုခွင်းရန်အတွက် ရေဦးဘက်မှ တက်လာသော စစ်ကောင်စီမှ စစ်ကားများကို တန်ဆည်မြို့အထွက်တွင် ပြည်သူများက ရရာလက်နက်ဖြင့်ခံတပ်လုပ်ကာ ခုခံရင်း ချောင်းရိုးရွာမှ အသက်(31) အရွယ်ဝန်းကျင် ကိုကျော်မျိုးအောင်မှာ ရင်ဝတည့်တည့်တွင် ကျည်ဆန်မှန်၍ ကျဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့ ၎င်း၏ သူငယ်ချင်းဖြစ်သူပြောပြချက်အရသိရပါတယ်။

ကျဆုံးသွားသော ကိုကျော်မျိုးအောင်သည် (Fr. ပီတာ ဦးမြအောင်)၏ မြေးဖြစ်တယ်လို့သိရပါတယ်။ ချောင်းရိုးရွာ ဇာတိဖြစ်ပြီး တန်ဆည်၊လမ်းဆုံတွင် လုပ်ငန်းလုပ်ကိုင်ရင်း အခြေချနေနိုင်နေကြခြင်းဖြစ်ပါတယ်။

တန်ဆည်​ြမ​ို့တွင် ညနေ ၃ နာရီခွဲအချိန်လောက်က တိုက်ပွဲစတင်ခဲ့ပြီး ည ၇ နာရီလောက်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

၁ ယောက်ကျည်ဆန်ထိမှန်သေဆုံးပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားသူသုံးဦးနှင့် အခြားလူ အယောက် ၂၀ လောက်လည်း ဒဏ်ရာရထားပါတယ်လို့ တန်ဆည်မြို့သတင်းများအရသိရပါတယ်။

May his soul rest in peace.

#RestinPower

#RVAMYANMAR #rvapastoralcare #SaveMyanmar #whatshappeninginmyamar

Add new comment

1 + 11 =