တစ်ကိုယ်ကောင်းဆန်သော အဆိပ်အတောက်မိနေသည့်ကမ္ဘာကြီးမှ မိသားစုကိုကာကွယ်ရန်လိုဟုရဟန်းမင်းကြီး ဖရန်စစ်မိန့်ကြား

တစ်ကိုယ်ကောင်းဆန်သော အဆိပ်အတောက်မိနေသည့်ကမ္ဘာကြီးမှ မိသားစုကိုကာကွယ်ရန်လိုဟုရဟန်းမင်းကြီး ဖရန်စစ်မိန့်ကြား

ဇွန်လ (၂၅) ရက်နေ့သည် ကမ္ဘာပေါ်ရှိမိသားစုများအတွက်ဆုတောင်းပေးရသည့်နေ့အဖြစ် ရဟန်းမင်းကြီးဖရန် စစ်ကကြေညာခဲ့သည်။ ထိုနေ့၌ ရဟန်းမင်းကြီးက သူ၏ဩ၀ါဒ၌ မိသားစုသီရိဂေဟာ၏အလှတရားကိုထုတ်ဖော်မိန့် ကြားခဲ့သည်။ ထိုသို့မိန့်ကြားရာတွင် တစ်ကိုယ်ကောင်းဆန်ခြင်း၊ ဖာသိဖာသာနေခြင်း၊ ပတ်၀န်းကျင်၌ဖြစ်ပျက်သမျှ သည်မိမိနှင့်မဆိုင်သကဲ့သို့နေခြင်းနှင့်ဖြုန်းတီးသည့်အဆိပ်အတောက်မိနေသောကမ္ဘာကြီးမှ မိသားစုအားမကူးဆက်စေ ရန်ကာကွယ်ရမည်ဖြစ်ကြောင်း ဇွန်လ (၂၅) ရက်နေ့ စိန့်ပီတာ၌ ကာဒီနယ် Kevin Farrell ဦးဆောင်ပူဇော်သောမစ္ဆားတ ရားအတွင်း ရဟန်းမင်းကြီးဖရန်စစ်က‌ဟောကြားခဲ့သည့်။ ဇွန်လ (၂၅) ရက်နေ့သည် (၁၀) ကြိမ်မြောက် ကမ္ဘာမိသားစု ဆိုင်ရာအစည်းအ‌ဝေးကြီးအဆုံးသတ်သည့်နေ့လည်းဖြစ်သည်။

ယခုတစ်ကြိမ်ကျင်းပသော အစည်းအ‌ဝေးပွဲကြီး၏ဆောင်ပုဒ်မှာ ‘မိသားစုချစ်ခြင်း’ သည် ခေါ်တော်မူခြင်း နှင့်သန့်ရှင်းခြင်းသို့ပို့ဆောင်သောလမ်းသွယ်ဖြစ်သည်’ ဖြစ်သည်။ ဤအစည်းအ‌ဝေးသည် (၅) ရက်တာကျင်းပခဲ့ပြီး၊ သာမန်ခရစ်ယာန်များ၊ မိသားစုနှင့်လူ့အသက်တာဆိုင်ရာရဟန်းမင်းကြီး၏ရုံးတော်မှ ကြီးမှုးကျင်းပပေးခဲ့သည်။ အစည်း အ‌ဝေးကို တနဂ်နွေနေ့ကပြီးစီးအဆုံးသတ်ခဲ့သည်။ ရဟန်းမင်းကြီးသည် တနဂ်နေနေ့မွန်းတည့် ‘အန်‌ဂျေလူး’ ဆု တောင်းမေတ္တာကို စိန့်ပီတာရင်ပြင်၌စုရုံးရောက်ရှိနေသော ဘုရားဖူးများနှင့်အတူရွတ်ဆိုပူဇော်ချိန်၌ အစည်းအ‌ဝေးအ တွင်း မိသားစုများမှ ၄င်းတို့တွေ့ကြုံဖြတ်သန်းခဲ့ရသော မိသားစုအတွင်းမှ အတွေ့အကြုံများကို‌ဝေမျှခဲ့သည့်အကြောင်း အရာများကိုပြန်လည်မှီငြမ်းရှင်းပြခဲ့သည်။

ရဟန်းမင်းကြီးက ‘ဖခင်များ၊ မိခင်များနှင့်သားသမီးများ၊ အဖိုးအဖွားများ၊ ဦးဦး၊ ဒေါ်ဒေါ်၊ လူကြီး၊ ကလေးများ၊ သက်ကြီး၊ လူငယ်တစ်ဦးစီသည် မတူညီသောအတွေ့အကြုံကို မိသားစုအားယူလာပေးသည်။ ထိုအတွေ့အကြုံကို မျှော်လင့်ခြင်းနှင့် ဆုတောင်းခြင်းဖြင့်လက်ခံရမည်။ အားလုံးစုံကိုတတ်နိုင်တော်မူသော ဘုရားသခင်သည် မိသားစုအားလုံး အား ဘေးကင်းလုံခြုံစွာစောင့်ရှောက်စေရန်လည်း ဆုမွန်ကောင်းတောင်းပေးခဲ့သည်။

ရဟန်းမင်းကြီးသည် တမန်တော်ပေါလု၏ ဩ၀ါဒစာကိုလည်းကိုးကား၍ ဘုရားသခင်ပေးသောလွှတ်လပ်ခြင်း သည် ချစ်ခြင်းကိုဦးတည်သည်။ အဘယ်ကြောင့်ဆိုသော် သင်တို့အားဖြင့် အချင်းချင်းအစေခံ၍ အလုပ်အကျွေးပြုကြ မည်ဖြစ်သည်ဟုဆိုသည်။

ရဟန်းမင်းကြီးသည် အိမ်ထောင်သည်များအားချီးကျူးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မိသားစုကိုတည် ဆောက်ရန် သတ္တိရှိရှိဆုံးဖြတ်ရဲသောကြောင့်ဖြစ်သည်။ ဘုရားသခင်ပေးလာသူကို သတ္တိရှိရှိလက်ခံ၍ပေါင်းသင်းနေထိုင် ရဲသောကြောင့်ဖြစ်သည်။ ထို့ကြောင့် အိမ်ထောင်သည်များသည် အထီးမကျန်။ အိမ်ထောင်ဖက်အချင်းချင်း အလုပ်အ ကျွေးပြုခြင်းဖြင့် မိမိတို့၏အချိန်၊ အင်အားများကိုထုတ်သုံးခွင့်ရကြသည်။ မိသားစုသည် ချစ်ခြင်းကိုသင်ယူသောနေရာ ဖြစ်သည်။ ခရစ်ယာန်တို့၏ခေါ်တော်မူခြင်းသည် လူတိုင်းအား အိမ်ထောင်သည်ဘ၀နှင့်မိသားစုတာ၀န်ကိုဖော်ဆောင်ရန် ခေါ်တော်မူခြင်းခံရသည်။ အဆိုပါခေါ်တော်မူခြင်းကို စိန်ခေါ်မှု၊ ခက်ခဲမှု၊ အနှောက်အယှက်များရှိသော်လည်း သစ္စာတည် ကြည်ခြင်း၊ စိတ်ရှည်သီးခံခြင်းဖြင့်ရှင်သန်ပြရမည်ဖြစ်ကြောင်းမိန့်ကြားခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
photo courtesy of : St.Joseph Maria Institute
https://bit.ly/3ueRXnZ

Add new comment

9 + 9 =