တင်ပါးအာရုံကြောနာကျင်မှု​ဒဏ် ပုပ်ဖရန်စစ်ခံစားနေရ

တင်ပါးအာရုံကြောနာကျင်မှု​ဒဏ် ပုပ်ဖရန်စစ်ခံစားနေရ

တင်ပါးအာရုံကြောနာကျင်မှု​ဒဏ် ပုပ်ဖရန်စစ်ခံစားနေရ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အ ရှင်သူမြတ်သည် တင်ပါးရိုးအာရုံကြော နာကျင်မှုဒဏ်ကြောင့် တနင်္ဂနွေနှင့်

တနင်္လာ နေ့များတွင်တွေ့ဆုံရမည့် ချိန်းထားဆိုမှုများကို ပြုလုပ်နိုင်မှာမဟုတ်ကြောင်းနှင့် ရပ်နားထားကြောင်း ဗာတီကန်သတင်းတိုက်ရဲ့ ဒါရိုက် တာ မာတေးယိုဘရူးနီက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

စိန့်ပီတာဘာဆီးလီးကားကျောင်းတော်ကြီးတွင် ကျင်း ပ ရန်စီစဉ်ထားသည့်ဘုရား ရှင်၏ နူတ်ပတ်တော် တနင်္ဂ နွေနေ့မစ္ဆားတရားဟောကြားခြင်းနှင့် တနင်္ဂလာနေ့ ၏ဗာတီကန်သံတမန်များနှင့်တွေ့ ဆုံရန်ချိန်ဆိုထားမှု၊ စိန့်

ပေါလ်ဗာဆီးလီးကားတွင် ခရစ်ယာန်များစည်းလုံးခြင်းအတွက်ဆုတောင်းရာ ရက်သတ္တပတ် အပိတ် ညနေပရိတ်မေတ္တာဆိုခြင်းတို့တွင်ဉီးဆောင်ပေးမည့်အစီအစဉ်တို့ကိုလည်း ကောင်း ရပ်ဆိုင်းထားကြောင်း သို့သော် တမန်တော်ကြီးများ စာကြည့်တိုက်မှတနင်္ဂနွေအန်ဂျေလူးမေတ္တာ ဉီးဆောင်ရွတ်ဆိုဆုတောင်းခြင်းကိုတော့ ပြုလုပ်သွားမည်ဖြစ်ကြောင်း

အစီအစဉ်များမှာ ဆက်လက်ပြုလုပ်သွားမှာဖြစ်ပေမဲ့ အရှင်သူမြတ်နေရာတွင် ကာဒီနယ်ကြီးအချို့က အစားထိုးတာဝန်ထမ်းဆောင်ပေးကြမှာဖြစ်ပါတယ်ဆိုတာကို ဗာတီကန်သတင်းအရသိရှိရပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊SJA

https://bit.ly/39c6WFe

Add new comment

4 + 13 =