တင်ပါးရိုး အာရုံကြော နာကျင်မှု ဒဏ်ကြောင့် ပုပ်ရဟန်းမင်းကြီး နှစ်ကူး မစ္ဆားတရား မဟောနိုင်တော့ကြောင်း ဗာတီကန် သတင်းထုတ်ပြန်

တင်ပါးရိုး အာရုံကြော နာကျင်မှု ဒဏ်ကြောင့် ပုပ်ရဟန်းမင်းကြီး နှစ်ကူး မစ္ဆားတရား မဟောနိုင်တော့ကြောင်း ဗာတီကန် သတင်းထုတ်ပြန်

ယခင်စီစဉ်ထားခဲ့သည် စိန့်ပီတာ ဘာစီးလီကားတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဦးဆောင်ပြီး ဒီဇင်ဘာ ၃၁ ညနေ ကျေးဇူတင် ချီးမွမ်း ခြင်း ညနေ မေ တ္တာ ဆိုခြင်း နှင့် ဇန်နဝါရီလ တရက်နေ့ ဘုရား၏မယ်တော် ပွဲနေ့ နှစ်ကူး မစ္ဆားတရား ဟော ကြားခြင်း အစီအစဉ်များကို ရဟန်းမင်းကြီးအနေဖြင့် တင်ပါးရိုး အာရုံကြော နာကျင်မှု ဒဏ်ကြောင့် ဟောကြားနိုင်တော့မည် မဟုတ်ကြောင်း၊ ဗာတီကန်မှ အတည်ပြုကြေငြာလိုက်ပါသည်။

ဒီဇင်ဘာ ၃၁ ညနေ ကျေးဇူတင် ချီးမွန်း ခြင်း ညနေ မေတ္တာ ဆိုခြင်း ကို ရဟန်းမင်းအမတ် ကာဒီနယ်အဖွဲ့အစည်း၏ အကြီးအကဲ ကာဒီနယ် ဂျီရိုဗာနီ ဘတ္တစ်တာရေ (Cardinal Giovanni Battista Re) မှ ဦးဆောင်မည်ဖြစ်ပြီး ဇန်နဝါရီလ တရက်နေ့ ဘုရား၏ မယ် တော် ပွဲနေ့ နှစ်ကူး မစ္ဆားတရား ဟော ကြားခြင်းကို ဗာတီကန်နိုင်ငံ အထွေထွေ အတွင်းရေးမှုး ရဟန်းမင်းအမတ် ကာဒီနယ် ပီရယ်ထရို ပယ်ရိုလင်း မှ ဦးဆောင်မည်ဖြစ်ကြောင်း

ဇန်နဝါရီလ တရက်နေ့ အန်ဂျေးလူးမေတ္တာ ရွတ်ဆိုခြင်း၊ လူထုပရိသတ်အား မြွက်ကြားခြင်းများကိုမူ ရဟန်းမင်းကြီးရုံးတော် စာကြည့်တိုက်မှ နေ၍ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဦး ဆောင် မည်ဖြစ်ကြောင်း

ဗာတီကန် သတင်းပြန် ကြားရေးဌာနမှ ထုတ်ပြန်ထားပါသည်။။

https://bit.ly/2MhFX1L

Add new comment

3 + 0 =