တချိူ့က သူတပါးအကြောင်းမကောင်းပြောရာမှာ ဒီဂရီဘွဲ့ရထားသလိုပါပဲဟု ပုပ်ဖရန်စစ်မြွက်ကြား

တချိူ့က သူတပါးအကြောင်းမကောင်းပြောရာမှာ ဒီဂရီဘွဲ့ရထားသလိုပါပဲဟု ပုပ်ဖရန်စစ်မြွက်ကြား

တချိူ့က သူတပါးအကြောင်းမကောင်းပြောရာမှာ ဒီဂရီဘွဲ့ရထားသလိုပါပဲဟု ပုပ်ဖရန်စစ်မြွက်ကြား

 

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ ဗာတီကန်မှာ ပြုလုပ်တဲ့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ဘုရားဖူးပရိတ်သတ်အား ဘုရားစကားပို့ချစဉ်မြွက်ကြားခဲ့တဲ့အချက်ကတော့ သူတစ်ပါးအကြောင်း မကောင်းပြောခြင်းကို ရှောကြဉ်ကြဘို့ဖြစ်ပါတယ်။

တစ်ပါးသူအားဝေဖန်ပြစ်တင်ခြင်းနဲ့ သူတစ်ပါးအကြောင်း သွားပုတ်လေလွင့်ပြောဆိုမှုတွေကို ရှောင်ကြဉ်ကြဘို့ အရှင်သူမြတ်က ဆိုရင်း

“တချို့တွေဟာ သူတစ်ပါးအကြောင်းတတွတ်တွတ် အနှစ်သာရမဲ့ ပြောဆိုခြင်းတွေမှာ ဒီဂရီဘွဲ့ရထားသလားတောင်အောက်မေ့ရတယ် ၊ မကြာခဏဖြစ်လေ့ရှိတဲ့ တစ်ပါးသူတွေကို ဆိုးရွားစွာပြစ်တင်ဝေဖန်ဘို့ ကျွန်ုပ်တို့ နှောက်ယှက်ခြင်းခံရတဲ့အခါ၊ ကျွန်ုပ်တို့ ကိုယ်၌က အားနည်းသူဖြစ်တယ်၊ မပြည့်စုံသူ၊ ထိရှလွယ်သူဖြစ်တယ်ဆိုတာကို ကျွန်ုပ်တို့ထောက်ရှုဆင်ခြင်ကြရပါမယ်၊ တစ်ပါးသူကို ဝေဖန်ဘို့က အရမ်းကိုလွယ်ပါတယ်၊ တစ်ပါးသူတွေကို ဝေဖန်ရာမှာနေ့စဉ်နဲ့အမျှအကျင့်တစ်ခုလိုဖြစ်နေသူ အချို့တွေလည်းရှိပါတယ်”

လို့ သတိပေးတရားမြွက်ကြားခဲ့တာပါ။

 

ဘာသာပြန်_စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of ANSA

https://bit.ly/3GI6Y6i

Add new comment

2 + 1 =