တကမ္ဘာလုံးမှာ ရှိသော သာသနာတော်မှ ကလေးသူငယ်များဘဝ လုံခြုံရေးကို ကာကွယ်ပေးရမည်
ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်
တကမ္ဘာလုံးမှာ ရှိသော သာသနာတော်မှ ကလေးသူငယ်များဘဝ လုံခြုံရေးကို ကာကွယ်ပေးရမည်
စက်တင်ဘာလ ၁၆၊ ၂၀၁၉
ရောမမြို့တွင်ပြုလုပ်လျှက်ရှိသော ရဟန်းမင်းကြီးရုံးတော် ဆိုင်ရာ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး ကော်မရှင်အဖွဲ့၏ ၁၁ ကြိမ်မြောက် အစည်းအဝေးတွင် သာသနာတော်သည် ကာကွယ်မူ့ပေးသောနေရာ၊ လုံခြုံမူ့ရှိသောနေရာ ဖြစ်နေရမည်၊ ဆက်လက်ပြီး တကမ္ဘာလုံးမှာ ရှိသော သာသနာတော်မှ ကလေးသူငယ်များဘဝ လုံခြုံရေးကို အတူတကွပူးပေါင်း ကာကွယ်ပေးရမည် ဟုဆွေးနွေးခဲ့ကြပါသည်။
ယင်းအစည်းအဝေးတွင် မိသားစုအတွင်းနှင့် ကျောင်းထိုင်ဘုန်းတော်ကြီး၏ အလွဲးသုံးစားပြုခြင်းခံခဲ့ရသူ ဘရာဇီး နိုင်ငံသား တစ်ဦး၏ နာကျင်ဖွယ်ရာ အဖြစ်အပျက်ကိုလည်း ညီလာခံမှ ကြားနာခဲ့ကြပါသည်။
အသင်းတော်မှ စနစ်တကျ အာကာအကွယ်ပေး နိုင်ဖို့ အစော်ကားခံခဲ့ရသူများ နှင့် အတူတကွ လုပ်ကိုင်ကြခြင်း၊ ပြန်လည်ထူထောင်ပေးခြင်း နှင့် ပညာရေးထောက်ပံ့ပေးခြင်း၊ လုံခြုံရေးအတွက် နည်းလမ်းများ နှင့် စံချိန်စံညွန်းများကို သုံးဖွဲ့ခွဲ ဆွေးနွေးခဲ့ကြပါသည်။
၁။ ။ အစော်ကားခံခဲ့ရသူများ နှင့် အတူတကွ လုပ်ကိုင်ခြင်း
ဒီနေရာမှာ သာသနာတော် အနေနဲ့ ဖြစ်နိုင်သော နည်လမ်းများကို အသုံးပြုပြီး အစော်ကားခံခဲ့ရသူများ နှင့် အတူတကွရှိပြီး သူတို့ဘဝတွေကိုပြန်လည်မြှင့်တင်ပေးဖို့ လမ်းကြောင်းတွေဖော်ဆောင်ပေးရမယ် အဲ့ဒီမှာ သူတို့ရဲ့ ခံစားချက်ကို အပြည့်အဝ နားထောင်ပေးရမယ်၊ နောက် သူတို့ဘဝတွေကို သာသနာရဲ့လုပ်ငန်စဉ်ထဲကိုပြန်လည် ခေါ်သွင်းလာနိုင်ရမယ်။
၂။ ။ ပြန်လည်ထူထောင်ပေးခြင်း နှင့် ပညာရေးထောက်ပံ့ပေးခြင်း
ယင်းဒုက္ခထဲကျရောက်ခဲ့ရသည့် သားကောင်များအတွက် ပြန်လည်ထူထောင်ပေးရေးအဖွဲ့ဝင်များအနေနှင့် သူတို့အတွက် ပြန်လည်ထူထောင်ပေးခြင်း နှင့် ပညာရေးထောက်ပံ့ပေးခြင်း ကို နေရာအလိုက်၊ သာသနာအလိုက်၊ အဖွဲ့အစည်းအလိုက် အသင်းတော်၏ လမ်းညွန်ချက်အတိုင်း ကူညီစောင့်ရှောက်ပေးကြရမည်။
၃။ ။ လုံခြုံရေးအတွက် နည်းလမ်းများ နှင့် စံချိန်စံညွန်းများ
သာသနာတော်မှ ထုတ်ပြန်ပေးထားသည့် စံချိန်စံညွန်းများ၊ ဥပဒေ များအပါအဝင်၊ သူတို့၏ ဘဝများ မြှင့်တင်ပေးရေး နှင့် ပြုပြင်ပေးရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားခြင်းများ ပါဝင်ရန်လိုအပ်ကြောင်း ဆွေးနွေခဲ့ကြပါသည်။
မကြာမည် ကျင်းပမည့် ၃၀ ကြိမ်မြောက် ကမ္ဘာကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေး ညီလာခံတွင် သာသနာတာ်မှ ကမ္ဘာပေါ်ရှိ ကလေးသူများအရေး ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ် ခြင်းလည်းဖြစ်ပါသည်။
By Kyi Maung
Credit to Vatican News
https://bit.ly/2kNciAh
Zawgyi
စက်တင်ဘာလ ၁၆၊ ၂၀၁၉
မကြာမည် ကျင်းပမည့် ၃၀ ကြိမ်မြောက် ကမ္ဘာကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေး ညီလာခံတွင် သာသနာတ်ာမှ ကမ္ဘာပေါ်ရှိ ကလေးသူများအရေး ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ် ခြင်းလည်းဖြစ်ပါသည်။
By Kyi Maung
Credit to Vatican News
https://bit.ly/2kNciAh
Add new comment
2 + 6 =