ညောင်လေးပင် ၉ ဖေဖော်ဝါရီလ၊ ၂၀၁၉

Cardinal Charles Bo

၉-ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၁၉ ခုနှစ်

ညောင်လေးပင်

ကျွန်ုပ်တို့အားလုံးအတွက် မယ်တော်သခင်မဟာ သနားကြင်နာတဲ့မိခင် တစ်ပါးဖြစ်ပါတယ်။ နှစ်စဉ်ဒီညောင်လေးပင်မှာ ထောင်သောင်း-သိန်းထိ စုရုံးကြတယ်။ ပြည်သူပြည်သား ညီအစ်ကိုမောင်နှမများ စုစည်း တွေ့ဆုံရာနေရာလည်းဖြစ်တယ်။ ကျွနု်ပ်တို့အားလုံး အမိမယ်တော်ရဲ့ ကြားဝင်ဆုတောင်းခံစားဘို့ လာစုကြတယ်။ ဒီရက်တွေ အမေပွဲကို ကျင်းပနေကြတယ်။ ညောင်လေးပင်သည် ကျွနု်ပ်တို့ အားလုံးရဲ့ သမိုင်းလည်းဖြစ်တယ်။ ပြင်သစ်ပြည်က သာသနာပြုများ အစပြုခဲ့ ကြတယ်။

၁၈၉၂- ဆရာတော်ကြီး Ambrose Bigandet ညောင်လေးပင် သာသနာ ဖွင့်ပြီး ဘုန်းတော်ကြီး Michael Mignon က၊ သစ်သားဘုရားကျောင်း လေး ဆောက်ပြီး လုဒ်မယ်တော်ကို အပ်နှံခဲ့တယ်။ ၁၉၀၂ခုနှစ်မှာ ဘုရား ကျောင်း အသစ်တစ်ဆောင် ဆောက်ခဲ့တယ်။ ၁၉၁၈မှာ မယ်တော်ဂူ ဆောက်၊ ၁၉၂၈မှာ ဘာသာရေးအစွန်းအဖျားရောက်တဲ့လူတွေက မယ်တော်ဆင်းတုကိုဖျက်စီးပစ်တယ်။ များမကြာမှီပဲ ပြင်သစ်ပြည်က မယ်တော်ဆင်းတုတစ်ဆူ ရောက်လာခဲ့တယ်။

၁။     မယ်တော်ဂူဟာ အသင်းတော်ရဲ့ ဒုက္ခခံစားရဲတဲ့ သမိုင်းနဲ့ ဆက်နွယ် နေတယ်။

- ဒုက္ခအမျိုးမျိုး အဖုံဖုံကြားထဲက မယ်တော်ကစောင့်ရှောက်ပေးတယ်။

- သခင်ယေဇူးလေးကို ဒုက္ခထဲက တိုင်းတပါးပြေးရှောင်ချိန် ကာကွယ်ပေး သလို ကျွနု်ပ် ကချင်ပြည်နယ်မှာ စစ်ဘေးကြောင့် တိမ်းရှောင်နေကြတဲ့ IDP ရှိ ညီအစ်ကိုမောင်နှမ သားသမီးများကိုလည်း စောင့်ရှောက်ပေး နေမှာပါ။

- ကာနန်လက်ထပ်ပွဲမှာ သားတော်သခင်ယေဇူးကို တန်ခိုးပြဘို့ နှိုးဆော် သလို၊ ကျွနု်ပ်တို့ တစ်ဦးစီနဲ့ မိသားစုကို ကောင်းကြီးပေမှန်ပါ။

- ပဌမ ဧဝဟာ၊ လူသားအားလုံးရဲ့ မိခင်ဖြစ်ခဲ့တယ်။ ဒို့အားလုံး ဒီမိခင်မှ မွေးဖွားခဲ့တယ်။ ပဌမ ဧဝဟာ ဘုရားအချစ်ကို နားမလည်ခဲ့ဘူး။ ဒုတိယ ဧဝ(မာရိယား)ဟာ ဘုရားအချစ်ဖြစ်တယ်။ ရိုးသားစင်ကြယ်တဲ့ ဂျူးကညာစင်လေဟာ ဘုရား မယ်တော်ဖြစ်တယ်။ ဘုရားဇာတိကို မွေးပေး တာမဟုတ်ပေမဲ့ ဘုရားသခင်ရဲ့ ကယ်တင်ရေး စီမံကိန်းထဲမှာ မိမိရဲ့ ခန္ဓာကိုယ်၊ အသွေးသားနဲ့ပါ၀င်၊ သခင်ယေဇူး ကယ်တင်ရှင်ကို မွေးဖွါး ခဲ့တယ်။ ဘုရားဟာ ကျွန်ပုံဏ္ဍန်ယူပြီး၊ ကမ္ဘာကြီးအတွက် မယ်တော်မှ မွေးဖွါးခဲ့တယ်။

- ဒီနေ့မှာ မြန်မာပြည်သူပြည်သားတွေ မယ်တော်ကို ချီးမွမ်းဘို့ ဘုရား အမေ- ဒို့အမေဖြစ်ခြင်းကို ကျေးဇူးတင်ဘို့််လာကြတယ်။ မယ်တော် မာရိယား၊ ဘုရား ကယ်ဆယ်ခြင်းသမိုင်း ဘယ်လောက်အရေးပါသလဲ ဆိုတာ နားမလည်တဲ့ ခရစ်ယာန်ဂိုဏ်းကဏ္ဍတွေ သူမကို ရိုးရိုးအမျိုးသမီး တဦးကဲ့သို့ ယူဆကြတယ်။ Elizabeth မယ်တော်ရဲ့အမဝမ်းကွဲ ကိုယ်တိုင် ကြေငြာခဲ့တာ မဟုတ်လား။ အကျွနု်ပ်သခင်၏ မယ်တော်၊ ဘုရား၏ မယ်တော်၊ ကျွနု်ပ်ဆီသို့ ကြွလာသော ကျေးဇူးကို အဘယ်အကြောင်း ကြောင့် ကျွနု်ပ်ခံရပါသနည်း။ (လုကား ၁း၄၃) ကက်သလစ်များ အတူတူလာစုစည်းပြီး ဘုရားမယ်တော်၊ ဒို့မိခင်ကို ချီးမွမ်းဘို့ လာကြတယ်။

၂။ ထိုနည်းလည်းကောင်း အိမ်ထောင်စုများရဲ့ မိခင်များ ကျေးဇူးကိုလည်း ကျေးဇူး တင်ချီးမွမ်းကြပါတယ်။ ဒီဘာသာတူစုရုံးနေတဲ့အထဲမှာ ပရိတ် သတ်ထဲမှာ မိခင်တွေ၊ ထောင်သောင်းချီရှိပါတယ်။ ဗမာစကား ကောင်းကောင်း မတက်တဲ့ Fr. Thomas D’ Souza ကို သတိရမိတယ်။ နဘတ်ရွာ အညာမှာ ခရစ္စမတ်ပွဲ သြဝါဒပေးတဲ့အခါ ပရိတ်သတ်တွေ အများကြီးရှိတာပဲလို့ ပြောမဲ့အစား၊ ဒီမှာ ပဋိသန္ဓေတွေ အများကြီးရှိတာ ဘဲ၊ ဖြစ်ချင်တော့ ကိုယ်ဝန်ဆောင် အမျိုးသမီး တွေလည် အတော်များ နေတယ်။ မိခင်များရဲ့ရတနာ၊ မိခင်ဖြစ်ဘို့ ရွေးချယ်တဲ့ အမျိုးသမီးတွေ မိမိတို့ရဲ့ သွေးနဲ့သားကို သားသမီးများနဲ့ ဝေမျှခွဲဝေ ပေးတယ်။ ရတနာပါ။

လက်ထပ်ပြီး - အပျော်ပဲနေချင်တယ်။ ခလေးမလိုချင်တဲ့ အတ္တစိတ်ရှိတဲ့ အမျိုးသမီးတွေလည်း အများကြီးရှိနေတယ်။

ကျွနု်ပ်တို့ကျတော့ - မိခင်များကို ကျေးဇူးတင်တယ်။

ကိုယ့်အသက်ဟာ - မိခင်ရဲ့လက်ဆောင်မွန်

ကိုယ့်အသက်ဟာ - မိခင်ရဲ့ ရက်ရော ဆက်ကပ်မှု

မယ်တော်မာရိယားများ (မိခင်များ)အတွက် သခင်ဘုရားကို ကျေးဇူးတင် ပါတယ်။

၃။ ဒို့ မျက်စိဖွင့်လိုက်ရင် ဘုရားကျေးဇူးတော်ဖြစ်တဲ့ မိခင်များလို ကျေးဇူးများ မြင်ရတယ်။ ဥပမာ ဧရာဝတီမြစ်

မြန်မာပြည်သူ/သား အားလုံးအတွက် Sacred Mother to all people of Myanmar.- တစ်ပြည်လုံးကို ကျော်ဖြတ် စီးဆင်းပြီး အစားအစာ - ရေကို ပေးတယ်။ လယ်သမားများအတွက် အစဉ်တစိုက် စောင့်ရှောက်တဲ့မိခင်။ ခရီးသယ်များအတွက် စိတ်ရှည်ရှည်နဲ့ ထောင်သောင်းမကသော လှေသင်္ဘောများနဲ့ သယ်ဆောင်ပေးတဲ့မိခင်။

- ဘူမိဗေဒပညာရှင် အယူအဆအရ - လူသားတွေမပေါ်ပေါက်ခင်- လွန်ခဲ့တဲ့ နှစ်ပေါင်း(၄၅)သန်းက ဧရာဝတီမြစ်တည်ခဲ့တာ။ ရှေးမြန်မာဘုရင် တွေက သူတို့ရဲ့ မြို့တော်တွေကို ပင်းယနဲ့ရွှေဘိုက လွဲလို့ ကျန်တဲ့ မြို့တော်တွေ- ပျူတို့ရဲ့ သရေခတ္တရာ (ပြည်မြို့)၊ ပုဂံ၊ အင်းဝ၊ စစ်ကိုင်း၊ အမရပူရ၊ မန္တလေး စသဖြင့်မြို့များကို ဧရာဝတ်ီ ကမ်းဘေးမှာ၊ ဒီမြစ်ကို အခြေခံပြီး မြို့တော်တွေတည်ခဲ့ပါတယ်။ ဧရာဝတီမြစ် အရှည် ဟာ မိုင်ပေါင်း ၁၃၅၀ ရှိပြီး၊ အရှေ့ရိုးမနဲ့အလယ်ရိုးမ တောင်တန်းတွေ ကြား ဖြတ်စီးလာရတယ်။

ပင်လယ်ဘက်ကို မျက်နှာမူပြီး ကြည့်ရင် ညာဘက်(လကျ်ာ)ဘက်က စီးဝင် တဲ့ မြစ်ချောင်းတွေဟာ မိုးကောင်းချောင်း၊ မဲဇာမြစ်၊ မူးမြစ်၊ ချင်းတွင်း မြစ်၊ ယောချောင်း၊ စလင်းချောင်း၊ မုန်းချောင်း၊ မန်းချောင်း၊ မင်းတုန်းချောင်း။

ဘယ်လက်(လက်ဝဲဘက်) ဧရာဝတီမြစ်ထဲ စီးစင်တဲ့ မြစ်ချောင်းတွေဆိုရင် မိုးလယ်ချောင်း၊ တပိန်မြစ်၊ ရွှေလီမြစ်၊ မြစ်ငယ်(ခ) ဒုဌဝတီ၊ ဇော်ဂျီ မြစ်၊ ပန်းလောင်မြစ်၊ စမုန်မြစ်၊ ပင်းချောင်း၊ ဒေါင်းသေချောင်း၊ ယင်းချောင်း၊ နဝင်းချောင်း အားလုံး ဧရာဝတီမြစ်ဖြစ်သွားပြီး တူည သော ျောန ိနျအငညပ ပန်းတိုင်ခရီးဆုံးဖြစ်တဲ့ ပင်လယ်ထဲစီးဝင်သွားတယ်။ အံသြစရာပါပဲ။ ကျွနု်ပ် မြန်မာပြည်သူပြည်သား တိုင်းရင်းသား ပေါင်းစုံ တက်ညီလက်ညီ စုစည်းကြပြီး တစ်ခုတည်းသော ခရီးပန်းတိုင် သွားနေကြတယ်ဆိုတာ မိခင်ဧရာဝတီ မြစ်ကြီးက အမြဲဆုံးမနေတယ်။ သက်သေပြနေပါတယ်။

ဧရာဝတီရဲ့ထူးခြားချက်က မြန်မာမြေမှာ အစပြုပြီး မြန်မာမြေပိုင်ထဲမှာပဲ ပင်လယ် ထဲစီးဝင် အဆုံးသတ်တဲ့ မြန်မာတို့ရဲ့မြစ်ကြီးစစ်စစ်ဖြစ်နေတယ်။

မိခင်ဧရာဝတီဟာ- လူမျိုးဘာသာစုံ၊ သာသနာစုံ သမိုင်းကြောင်းအရ ပထဝီ သဘောအရ လူမှုစီးပွါးရေးအရ ကူးသန်းရောင်းဝယ်ရေးအရ၊ နိုင်ငံရေးအရ၊ မြန်မာဆိုတဲ့ သင်္ကေတနဲ့ခွဲခြားမရဘူးဆိုတာ သက်သေပြ နေပါတယ်။

မြန်မာ ဆိုတာ ဗမာလူမျိုးအပြင်၊ တိုင်းရင်းသားမျိုးနွယ်အားလုံးကို ပြောချင်တဲ့စကား ရပ်ပါလို့ အလေးအနက်ပြောချင်ပါတယ်။

- အဲတော့ မြန်မာ့အသက်သွေးကြော ဧရာဝတီ မိခင်ကြီးကို ထိပ်က ပိတ်ပြီး တည်ဆောက်မဲ့ ဆည်စီမံကိန်းဟာ မဖြစ်နိုင်ပါဘူး။ မဆက်နိုင်ပါ ဘူးလို့ ပြောချင် ပါတယ်။

မြစ်ဆုံဟာ မြန်မာနိုင်ငံကို သဘာဝမိခင်ကပေးထားတဲ့ အဖိုးတန် သယံဇာတ ရတနာဖြစ်ပါတယ်။ မြစ်ဆုံဒေသ အပါအဝင် ဧရာဝတီမြစ်ကြီး မိုင်ပေါင်း ၁၃၅၀ တစ်လျောက်လုံးကို သဘာဝအတိုင်း ထာဝရတည်ရှိဖို့ မိမိတို့ အသွေးအသားကို ကာကွယ်ဘို့ လိုပါတယ်။ အစိုးရနှင့် တပ်မတော် ကလည်း ပြည်သူလူထုရဲ့ ဆန္ဒကို လိုက်လျောဘို့ စီစဉ်နေပါတယ်။

နောက်တစ်ချက်က ရေကာတာ၊ ဆည်တွေလုပ်တဲ့နေရာတွေ မြေငလျင်ပို ထိတဲ့ အပြင် မြစ်ဆုံဒေသဟာလည်း မြေလျင်ကြောမှာ ကျပါတယ်။ မိခင် ဧရာဝတီကြီး ကျန်းမာပါစေ။ အသက်ရှည်ပါစေ။ ဘေးအန္တရာယ် အပေါင်း ကင်းရှင်းပါစေ။ သာဓု၊ သာဓု၊  သာဓု။

အခုက အမေတွေအကြောင်းပြောနေကြတာ

မာရိယား သခင်မ - ဒို့အမေ

မိသားစုမှာ ရှိတဲ့မိခင်များ ဒို့အမေ

ဧရာဝတီမြစ်ကြီး ဒို့အမေ

၄။     နိုင်ငံတော်ရဲ့ အမေဟာ အစိုးရနဲ့တပ်မတော်လည်းဖြစ်တယ်။ ကောင်း သော အစိုးရ မိခင်ဟာ သူရဲ့သားသမီးများကို ကာကွယ်ပေးတယ်။ တိုးတက်ဖွံ့ဖြိုးဘို့ စောင့်ရှောက် ပေးတယ်။

မြန်မာပြည်ဟာ ပွင့်လင်းတဲ့ရာသီဖြစ်လာတာ (၈)နှစ်ခန့်ရှိပါပြီး။ အရင်က ကျွနု်ပ် တို့ ဖွင့်ဟရေးခဲ့တယ်။ နိုင်ငံတော်ကို အုပ်ချုပ်သူများဟာ မိဘများ ဖြစ်ပါတယ်။

ဒို့ရဲ့မိခင်မာရိယား- မြန်မာပြည်ကို သုံးသပ်လိုက်ရင်၊ ဒို့တစ်ဦးစီကို ကြည့်လိုက် ရင် သဘောကျမလား၊ ပျော်မယ့်လား။ ကြည်နူးမလား။ မယ်တော်ကိုယ်တိုင် အီဂျစ်မှာ ပုန်းရှောင်နေရတယ်။ မယ်တော်ကိုယ်တိုင် သားတော်ယေဇူးနဲ့ အတူတူ IDP မှာ နေခဲ့ရတယ်။ ဒီနေ့ ကချင်၊ ကရင်၊ရှမ်း၊ ကယားတွေ စွန့်စွန့်စားစား နေရတယ်။ မိမိသားတော် ယေဇူး လိုပဲ အန္တရာယ်နဲ့ ရင်ဆိုင်ရပါတယ်။ ဘုရားရှင်ဟာ မွန်မြတ် ဒါ၀ိတ် ဘုရင်မင်းကြီး၊ ဆောလမုန်ဘုရင်ကြီး လက်ထဲမှာ မိမိရဲ့လူမျိုးကို စောင့်ရှောက်ဘို့ အပ်နှင်းထားတယ်။

ဒီဘုရင်တွေဟာ ကြီးမားသော ဉာဏ်ပညာ မြင့်မြတ်သော မေတ္တာနဲ့ သူ့ လူတွေ ကို ကြည့်ရှုခဲ့ကြတယ်။ သူတို့ဟာ ဘုရားကိုယ်စားလှယ်များ ဖြစ်ကြတယ်။

ကျွနု်ပ်တို့ တိုင်းပြည်ကို အုပ်ချုပ်ဦးဆောင်နေကြတဲ့ ခေါင်းဆောင်များဟာ မိခင်များပမာ ဦးစီးဦးဆောင်နိုင်ဘို့ဆုတောင်းပေးကြရမယ်။

ကျွနု်ပ်တို့ သတိထားမိကြမယ်။ နိုင်ငံတော်ရဲ့ ရတနာတွေဟာ လူနည်းစု တစ်စုသာ စိုးစံနေတယ်။ အကျိုးခံစားနေရတယ်။ မတရားလုယူ၊ ကျုံးသိမ်းပြီး၊ အလွတ်ရှောင်နေတဲ့ ခေတ်ကြီးအဆုံးသတ်နိုင်ပြီး၊ နိုင်ငံတော်ကြီးတရားမျှတဘို့ ဆုတောင်းရုံမက ပါ၀င်ပါတ်သက်နိုင်ကြ ရပါမယ်။ မိခင်အစစ်များဟာ သားသမီး များအပေါ် ဘယ်တော့မှ မတရား မကျင့်ပါဘူး။ သံလူကားရေးထားတဲ့ အခန်းကြီး (၁)ကို ဖတ်ရှုရင် မယ်တော်ဟာ တော်လှန်ရေး သီချင်းမြွတ်ဆိုထားတယ်။“God will raise the lowly + humble the arrogant. He will send the rich away empty + fill the poor”

မာနထောင်လွှားသောသူတု့ကို ကွဲလွင်စေတော်မူပြီ။ ဘုရင်တို့ကို ရာဇပလ’င်ပေါ်မှ ချ၍ နှိမ့်ချသော သူတို့ကို ချီးမြောက်တော်မူပြီ။

ငတ်မွတ်သော သူတို့ကို ကောင်းမွန်စွာကျွေး၍

ရတတ်သောသူတို့ကို လက်ချည်းလွှတ်လိုက်တော်မူပြီ။ (လုကား ၁း၅၁-၅၃)

ဒါဟာ ကောင်းသောခေါင်းဆောင်၊ ကောင်းသောမိခင်တစ်ဦးရဲ့ ကျင့်စဉ်ပါပဲ

- မြန်မာပြည်ရဲ့ အုပ်ချုပ်ဦးဆောင်တဲ့ ပုဂ္ဂိုလ်များ၊ တကယ့်မိခင်များ ဖြစ်ဘို့ရာက စိန်ခေါ်ချက်ကြီးတစ်ခုပါ။ ဒီနိုင်ငံကြီးဟာ ကြွယ်ဝချမ်းသာ ခြင်းနဲ့ ကောင်းကြီး ခံစားရတယ်။ ဒါပေမဲ့ သားသမီးတွေ မျှမျှတတ မစံစားရကြဘူး။ လာမဲ့ ရွေးကောက်ပွဲမှာ လူတိုင်း (Same rights + duties)တာဝန်ဝတ္တရားနဲ့ ခံစားခွင့်ရရှိစေဘို့ ဆုတောင်းကြရမယ်။

- အမိမယ်တော်ဟာ မြန်မာပြည်ကို ကြည့်ပြီး ပဌမပျော်တယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ တိုင်းရင်းသားပေါင်းစုံ၊ လယ်မြေသစ်တောကြွယ်ဝကြတယ်။ သံယံဇာတ ပြောပြမကုန်အောင် ဌေးကြတယ်။ ဒါပေမဲ့ မယ်တော် ၀မ်းနည်းမှာက တတ်နိုင်သူ၊ စွမ်းနိုင်သူ၊ နိုင်နိုင်သူတွေက မျိုစားထား ကြတယ်။ သိမ်းသိုထားတယ်။

- Nature + earth is our mother.

သဘာဝနဲ့ ပထဝီမြေကြီးသည် ကျွနု်ပ်တို့မိခင်။ မယ်တော်ဟာကျွနု်ပ်တို့ တိုင်းရင်း သားများကို စောင့်ရှောက်ရုံမကသံယံဇာတများကိုပါ ထိမ်းသိမ်း ကာကွယ်ပေးဘို့၊ ဆုတောင်းကြရမယ်။ သံယံဇာတပေါ် အခြေခံပြီး ဖြစ်နေတဲ့ စစ်ပွဲတွေရပ်စဲဘို့ ဆုတောင်းရမယ်။ မယ်တော်သခင်မ မာရိယားဟာ ငြိမ်းချမ်းခြင်း မယ်တော်

- နောက်နှစ် ညောင်လေးပင်ပွဲလာတဲ့အခါ ၂၀၂၀- ဖေဖော်ဝါရီလသည် လုံးဝ နိုင်ငံမှာ အေးချမ်းသာယာပြီး တိုးတက်နေတော့မယ်။ မယ်တော် တတ်နိုင်တယ်။ သားတော်သခင်ယေဇူးထံ ဆုတောင်းပေးမယ်။ သခင်ယေဇူးက မငြင်းပါဘူး။

ကာနန်လက်ထပ်ပွဲ - အခွံ၊ ဗလာဖြစ်နေတဲ့ အိုး (၆)လုံး empty pots of anxiety, war, displacement, poverty, discrimination + human trafficking စိုးရိမ်ကြောင့်ကြခြင်း၊ စစ်မက်ဖြစ်ပွား၊ စစ်ရှောင်စခန်း၊ ဆင်းရဲမွဲတေတာ၊ ခွဲခြားဆက်ဆံတာ၊ လူကုန်ကူးတာတွေ အစား စပျစ်ဝိုင်အသစ်ဖြစ်တဲ့

၁။     ချမ်းမြေ့ပျော်ရွှင်ခြင်း

၂။     စစ်များရပ်စဲ ငြိမ်းချမ်းသာယာခြင်း

၃။     ကိုယ်အိုး၊ ကိုယ်အိမ်စီပြန်ရောက်ခြင်း

၄။     အားလုံးချမ်းသာကြွယ်ဝခြင်း

၅။     တရားမျှတခြင်း

၆။     အမျိုးသမီး၊ မိန်းကလေးများကို ကာကွယ်စောင့်ရှောက်ခြင်းများနဲ့ ပြည့်စွက် ပေးပါလို့ ဆုတောင်းရအောင်။ မယ်တော်သခင်မ မာရိယား ဒို့အမေ- အားလုံးရဲ့ မိခင် ကြားဝင်ဆုတောင်းပေးခြင်းအားဖြင့် ကျွနု်ပ်တို့ နိုင်ငံကြီး အမှောင်ထု ဖြိုခွင်းပြီး အာရုဏ်ဦး၊ မိုးလင်းနိုင်ပါစေ။

 ကျေးဇူးကမ္ဘာပါ။

 

 

Zawgyi

၉-ရက္၊ ေဖေဖာ္၀ါရီလ၊ ၂၀၁၉ ခုႏွစ္

ေညာင္ေလးပင္

ကြၽႏ္ုပ္တို႔အားလုံးအတြက္ မယ္ေတာ္သခင္မဟာ သနားၾကင္နာတဲ့မိခင္ တစ္ပါးျဖစ္ပါတယ္။ ႏွစ္စဥ္ဒီေညာင္ေလးပင္မွာ ေထာင္ေသာင္း-သိန္းထိ စု႐ုံးၾကတယ္။ ျပည္သူျပည္သား ညီအစ္ကိုေမာင္ႏွမမ်ား စုစည္း ေတြ႕ဆုံရာေနရာလည္းျဖစ္တယ္။ ကြၽႏု္ပ္တို႔အားလုံး အမိမယ္ေတာ္ရဲ႔ ၾကား၀င္ဆုေတာင္းခံစားဘို႔ လာစုၾကတယ္။ ဒီရက္ေတြ အေမပြဲကို က်င္းပေနၾကတယ္။ ေညာင္ေလးပင္သည္ ကြၽႏု္ပ္တို႔ အားလုံးရဲ႕ သမိုင္းလည္းျဖစ္တယ္။ ျပင္သစ္ျပည္က သာသနာျပဳမ်ား အစျပဳခဲ့ ၾကတယ္။

၁၈၉၂- ဆရာေတာ္ႀကီး Ambrose Bigandet ေညာင္ေလးပင္ သာသနာ ဖြင့္ၿပီး ဘုန္းေတာ္ႀကီး Michael Mignon က၊ သစ္သားဘုရားေက်ာင္း ေလး ေဆာက္ၿပီး လုဒ္မယ္ေတာ္ကို အပ္ႏွံခဲ့တယ္။ ၁၉၀၂ခုႏွစ္မွာ ဘုရား ေက်ာင္း အသစ္တစ္ေဆာင္ ေဆာက္ခဲ့တယ္။ ၁၉၁၈မွာ မယ္ေတာ္ဂူ ေဆာက္၊ ၁၉၂၈မွာ ဘာသာေရးအစြန္းအဖ်ားေရာက္တဲ့လူေတြက မယ္ေတာ္ဆင္းတုကိုဖ်က္စီးပစ္တယ္။ မ်ားမၾကာမွီပဲ ျပင္သစ္ျပည္က မယ္ေတာ္ဆင္းတုတစ္ဆူ ေရာက္လာခဲ့တယ္။

၁။     မယ္ေတာ္ဂူဟာ အသင္းေတာ္ရဲ႕ ဒုကၡခံစားရဲတဲ့ သမိုင္းနဲ႕ ဆက္ႏြယ္ ေနတယ္။

- ဒုကၡအမ်ိဳးမ်ိဳး အဖုံဖုံၾကားထဲက မယ္ေတာ္ကေစာင့္ေရွာက္ေပးတယ္။

- သခင္ေယဇူးေလးကို ဒုကၡထဲက တိုင္းတပါးေျပးေရွာင္ခ်ိန္ ကာကြယ္ေပး သလို ကြၽႏု္ပ္ ကခ်င္ျပည္နယ္မွာ စစ္ေဘးေၾကာင့္ တိမ္းေရွာင္ေနၾကတဲ့ IDP ရွိ ညီအစ္ကိုေမာင္ႏွမ သားသမီးမ်ားကိုလည္း ေစာင့္ေရွာက္ေပး ေနမွာပါ။

- ကာနန္လက္ထပ္ပြဲမွာ သားေတာ္သခင္ေယဇူးကို တန္ခိုးျပဘို႔ ႏိႈးေဆာ္ သလို၊ ကြၽႏု္ပ္တို႔ တစ္ဦးစီနဲ႔ မိသားစုကို ေကာင္းႀကီးေပမွန္ပါ။

- ပဌမ ဧ၀ဟာ၊ လူသားအားလုံးရဲ႔ မိခင္ျဖစ္ခဲ့တယ္။ ဒို႔အားလုံး ဒီမိခင္မွ ေမြးဖြားခဲ့တယ္။ ပဌမ ဧ၀ဟာ ဘုရားအခ်စ္ကို နားမလည္ခဲ့ဘူး။ ဒုတိယ ဧ၀(မာရိယား)ဟာ ဘုရားအခ်စ္ျဖစ္တယ္။ ႐ိုးသားစင္ၾကယ္တဲ့ ဂ်ဴးကညာစင္ေလဟာ ဘုရား မယ္ေတာ္ျဖစ္တယ္။ ဘုရားဇာတိကို ေမြးေပး တာမဟုတ္ေပမဲ့ ဘုရားသခင္ရဲ႔ ကယ္တင္ေရး စီမံကိန္းထဲမွာ မိမိရဲ႕ ခႏၶာကိုယ္၊ အေသြးသားနဲ႔ပါ၀င္၊ သခင္ေယဇူး ကယ္တင္ရွင္ကို ေမြးဖြါး ခဲ့တယ္။ ဘုရားဟာ ကြၽန္ပုံ႑န္ယူၿပီး၊ ကမၻာႀကီးအတြက္ မယ္ေတာ္မွ ေမြးဖြါးခဲ့တယ္။

- ဒီေန႔မွာ ျမန္မာျပည္သူျပည္သားေတြ မယ္ေတာ္ကို ခ်ီးမြမ္းဘို႔ ဘုရား အေမ- ဒို႔အေမျဖစ္ျခင္းကို ေက်းဇူးတင္ဘို႔္္လာၾကတယ္။ မယ္ေတာ္ မာရိယား၊ ဘုရား ကယ္ဆယ္ျခင္းသမိုင္း ဘယ္ေလာက္အေရးပါသလဲ ဆိုတာ နားမလည္တဲ့ ခရစ္ယာန္ဂိုဏ္းက႑ေတြ သူမကို ႐ိုး႐ိုးအမ်ိဳးသမီး တဦးကဲ့သို႔ ယူဆၾကတယ္။ Elizabeth မယ္ေတာ္ရဲ႕အမ၀မ္းကြဲ ကိုယ္တိုင္ ေၾကျငာခဲ့တာ မဟုတ္လား။ အကြၽႏု္ပ္သခင္၏ မယ္ေတာ္၊ ဘုရား၏ မယ္ေတာ္၊ ကြၽႏု္ပ္ဆီသို႔ ၾကြလာေသာ ေက်းဇူးကို အဘယ္အေၾကာင္း ေၾကာင့္ ကြၽႏု္ပ္ခံရပါသနည္း။ (လုကား ၁း၄၃) ကက္သလစ္မ်ား အတူတူလာစုစည္းၿပီး ဘုရားမယ္ေတာ္၊ ဒို႔မိခင္ကို ခ်ီးမြမ္းဘို႔ လာၾကတယ္။

၂။ ထိုနည္းလည္းေကာင္း အိမ္ေထာင္စုမ်ားရဲ႔ မိခင္မ်ား ေက်းဇူးကိုလည္း ေက်းဇူး တင္ခ်ီးမြမ္းၾကပါတယ္။ ဒီဘာသာတူစု႐ုံးေနတဲ့အထဲမွာ ပရိတ္ သတ္ထဲမွာ မိခင္ေတြ၊ ေထာင္ေသာင္းခ်ီရွိပါတယ္။ ဗမာစကား ေကာင္းေကာင္း မတက္တဲ့ Fr. Thomas D’ Souza ကို သတိရမိတယ္။ နဘတ္ရြာ အညာမွာ ခရစၥမတ္ပြဲ ၾသ၀ါဒေပးတဲ့အခါ ပရိတ္သတ္ေတြ အမ်ားႀကီးရွိတာပဲလို႕ ေျပာမဲ့အစား၊ ဒီမွာ ပဋိသေႏၶေတြ အမ်ားႀကီးရွိတာ ဘဲ၊ ျဖစ္ခ်င္ေတာ့ ကိုယ္၀န္ေဆာင္ အမ်ိဳးသမီး ေတြလည္ အေတာ္မ်ား ေနတယ္။ မိခင္မ်ားရဲ႕ရတနာ၊ မိခင္ျဖစ္ဘို႔ ေရြးခ်ယ္တဲ့ အမ်ိဳးသမီးေတြ မိမိတို႕ရဲ႕ ေသြးနဲ႔သားကို သားသမီးမ်ားနဲ႔ ေ၀မွ်ခြဲေ၀ ေပးတယ္။ ရတနာပါ။

လက္ထပ္ၿပီး - အေပ်ာ္ပဲေနခ်င္တယ္။ ခေလးမလိုခ်င္တဲ့ အတၲစိတ္ရွိတဲ့ အမ်ိဳးသမီးေတြလည္း အမ်ားႀကီးရွိေနတယ္။

ကြၽႏု္ပ္တို႔က်ေတာ့ - မိခင္မ်ားကို ေက်းဇူးတင္တယ္။

ကိုယ့္အသက္ဟာ - မိခင္ရဲ႕လက္ေဆာင္မြန္

ကိုယ့္အသက္ဟာ - မိခင္ရဲ႕ ရက္ေရာ ဆက္ကပ္မႈ

မယ္ေတာ္မာရိယားမ်ား (မိခင္မ်ား)အတြက္ သခင္ဘုရားကို ေက်းဇူးတင္ ပါတယ္။

၃။ ဒို႔ မ်က္စိဖြင့္လိုက္ရင္ ဘုရားေက်းဇူးေတာ္ျဖစ္တဲ့ မိခင္မ်ားလို ေက်းဇူးမ်ား ျမင္ရတယ္။ ဥပမာ ဧရာ၀တီျမစ္

ျမန္မာျပည္သူ/သား အားလုံးအတြက္ Sacred Mother to all people of Myanmar.- တစ္ျပည္လုံးကို ေက်ာ္ျဖတ္ စီးဆင္းၿပီး အစားအစာ - ေရကို ေပးတယ္။ လယ္သမားမ်ားအတြက္ အစဥ္တစိုက္ ေစာင့္ေရွာက္တဲ့မိခင္။ ခရီးသယ္မ်ားအတြက္ စိတ္ရွည္ရွည္နဲ႔ ေထာင္ေသာင္းမကေသာ ေလွသေဘၤာမ်ားနဲ႔ သယ္ေဆာင္ေပးတဲ့မိခင္။

- ဘူမိေဗဒပညာရွင္ အယူအဆအရ - လူသားေတြမေပၚေပါက္ခင္- လြန္ခဲ့တဲ့ ႏွစ္ေပါင္း(၄၅)သန္းက ဧရာ၀တီျမစ္တည္ခဲ့တာ။ ေရွးျမန္မာဘုရင္ ေတြက သူတို႔ရဲ႕ ၿမိဳ႕ေတာ္ေတြကို ပင္းယနဲ႔ေရႊဘိုက လြဲလို႔ က်န္တဲ့ ၿမိဳ႕ေတာ္ေတြ- ပ်ဴတို႔ရဲ႕ သေရခတၲရာ (ျပည္ၿမိဳ႕)၊ ပုဂံ၊ အင္း၀၊ စစ္ကိုင္း၊ အမရပူရ၊ မႏၲေလး စသျဖင့္ၿမိဳ႕မ်ားကို ဧရာ၀တ္ီ ကမ္းေဘးမွာ၊ ဒီျမစ္ကို အေျခခံၿပီး ၿမိဳ႕ေတာ္ေတြတည္ခဲ့ပါတယ္။ ဧရာ၀တီျမစ္ အရွည္ ဟာ မိုင္ေပါင္း ၁၃၅၀ ရွိၿပီး၊ အေရွ႔႐ုိးမနဲ႔အလယ္႐ိုးမ ေတာင္တန္းေတြ ၾကား ျဖတ္စီးလာရတယ္။

ပင္လယ္ဘက္ကို မ်က္ႏွာမူၿပီး ၾကည့္ရင္ ညာဘက္(လက်္ာ)ဘက္က စီး၀င္ တဲ့ ျမစ္ေခ်ာင္းေတြဟာ မိုးေကာင္းေခ်ာင္း၊ မဲဇာျမစ္၊ မူးျမစ္၊ ခ်င္းတြင္း ျမစ္၊ ေယာေခ်ာင္း၊ စလင္းေခ်ာင္း၊ မုန္းေခ်ာင္း၊ မန္းေခ်ာင္း၊ မင္းတုန္းေခ်ာင္း။

ဘယ္လက္(လက္၀ဲဘက္) ဧရာ၀တီျမစ္ထဲ စီးစင္တဲ့ ျမစ္ေခ်ာင္းေတြဆိုရင္ မိုးလယ္ေခ်ာင္း၊ တပိန္ျမစ္၊ ေရႊလီျမစ္၊ ျမစ္ငယ္(ခ) ဒုဌ၀တီ၊ ေဇာ္ဂ်ီ ျမစ္၊ ပန္းေလာင္ျမစ္၊ စမုန္ျမစ္၊ ပင္းေခ်ာင္း၊ ေဒါင္းေသေခ်ာင္း၊ ယင္းေခ်ာင္း၊ န၀င္းေခ်ာင္း အားလုံး ဧရာ၀တီျမစ္ျဖစ္သြားၿပီး တူည ေသာ ်ောန ိန်အငညပ ပန္းတိုင္ခရီးဆုံးျဖစ္တဲ့ ပင္လယ္ထဲစီး၀င္သြားတယ္။ အံၾသစရာပါပဲ။ ကြၽႏု္ပ္ ျမန္မာျပည္သူျပည္သား တိုင္းရင္းသား ေပါင္းစုံ တက္ညီလက္ညီ စုစည္းၾကၿပီး တစ္ခုတည္းေသာ ခရီးပန္းတိုင္ သြားေနၾကတယ္ဆိုတာ မိခင္ဧရာ၀တီ ျမစ္ႀကီးက အၿမဲဆုံးမေနတယ္။ သက္ေသျပေနပါတယ္။

ဧရာ၀တီရဲ႕ထူးျခားခ်က္က ျမန္မာေျမမွာ အစျပဳၿပီး ျမန္မာေျမပိုင္ထဲမွာပဲ ပင္လယ္ ထဲစီး၀င္ အဆုံးသတ္တဲ့ ျမန္မာတို႔ရဲ႕ျမစ္ႀကီးစစ္စစ္ျဖစ္ေနတယ္။

မိခင္ဧရာ၀တီဟာ- လူမ်ိဳးဘာသာစုံ၊ သာသနာစုံ သမိုင္းေၾကာင္းအရ ပထ၀ီ သေဘာအရ လူမႈစီးပြါးေရးအရ ကူးသန္းေရာင္း၀ယ္ေရးအရ၊ ႏိုင္ငံေရးအရ၊ ျမန္မာဆိုတဲ့ သေကၤတနဲ႔ခြဲျခားမရဘူးဆိုတာ သက္ေသျပ ေနပါတယ္။

ျမန္မာ ဆိုတာ ဗမာလူမ်ိဳးအျပင္၊ တိုင္းရင္းသားမ်ိဳးႏြယ္အားလုံးကို ေျပာခ်င္တဲ့စကား ရပ္ပါလို႔ အေလးအနက္ေျပာခ်င္ပါတယ္။

- အဲေတာ့ ျမန္မာ့အသက္ေသြးေၾကာ ဧရာ၀တီ မိခင္ႀကီးကို ထိပ္က ပိတ္ၿပီး တည္ေဆာက္မဲ့ ဆည္စီမံကိန္းဟာ မျဖစ္ႏိုင္ပါဘူး။ မဆက္ႏိုင္ပါ ဘူးလို႔ ေျပာခ်င္ ပါတယ္။

ျမစ္ဆုံဟာ ျမန္မာႏိုင္ငံကို သဘာ၀မိခင္ကေပးထားတဲ့ အဖိုးတန္ သယံဇာတ ရတနာျဖစ္ပါတယ္။ ျမစ္ဆုံေဒသ အပါအ၀င္ ဧရာ၀တီျမစ္ႀကီး မိုင္ေပါင္း ၁၃၅၀ တစ္ေလ်ာက္လုံးကို သဘာ၀အတိုင္း ထာ၀ရတည္ရွိဖို႔ မိမိတို႔ အေသြးအသားကို ကာကြယ္ဘို႔ လိုပါတယ္။ အစိုးရႏွင့္ တပ္မေတာ္ ကလည္း ျပည္သူလူထုရဲ႕ ဆႏၵကို လိုက္ေလ်ာဘို႔ စီစဥ္ေနပါတယ္။

ေနာက္တစ္ခ်က္က ေရကာတာ၊ ဆည္ေတြလုပ္တဲ့ေနရာေတြ ေျမငလ်င္ပို ထိတဲ့ အျပင္ ျမစ္ဆုံေဒသဟာလည္း ေျမလ်င္ေၾကာမွာ က်ပါတယ္။ မိခင္ ဧရာ၀တီႀကီး က်န္းမာပါေစ။ အသက္ရွည္ပါေစ။ ေဘးအႏၲရာယ္ အေပါင္း ကင္းရွင္းပါေစ။ သာဓု၊ သာဓု၊  သာဓု။

အခုက အေမေတြအေၾကာင္းေျပာေနၾကတာ

မာရိယား သခင္မ - ဒို႔အေမ

မိသားစုမွာ ရွိတဲ့မိခင္မ်ား ဒို႔အေမ

ဧရာ၀တီျမစ္ႀကီး ဒို႔အေမ

 

၄။     ႏိုင္ငံေတာ္ရဲ႕ အေမဟာ အစိုးရနဲ႕တပ္မေတာ္လည္းျဖစ္တယ္။ ေကာင္း ေသာ အစိုးရ မိခင္ဟာ သူရဲ႕သားသမီးမ်ားကို ကာကြယ္ေပးတယ္။ တိုးတက္ဖြံ႔ၿဖိဳးဘို႔ ေစာင့္ေရွာက္ ေပးတယ္။

ျမန္မာျပည္ဟာ ပြင့္လင္းတဲ့ရာသီျဖစ္လာတာ (၈)ႏွစ္ခန္႔ရွိပါၿပီး။ အရင္က ကြၽႏု္ပ္ တို႔ ဖြင့္ဟေရးခဲ့တယ္။ ႏိုင္ငံေတာ္ကို အုပ္ခ်ဳပ္သူမ်ားဟာ မိဘမ်ား ျဖစ္ပါတယ္။

ဒို႔ရဲ႕မိခင္မာရိယား- ျမန္မာျပည္ကို သုံးသပ္လိုက္ရင္၊ ဒို႔တစ္ဦးစီကို ၾကည့္လိုက္ ရင္ သေဘာက်မလား၊ ေပ်ာ္မယ့္လား။ ၾကည္ႏူးမလား။ မယ္ေတာ္ကိုယ္တိုင္ အီဂ်စ္မွာ ပုန္းေရွာင္ေနရတယ္။ မယ္ေတာ္ကိုယ္တိုင္ သားေတာ္ေယဇူးနဲ႔ အတူတူ IDP မွာ ေနခဲ့ရတယ္။ ဒီေန႔ ကခ်င္၊ ကရင္၊ရွမ္း၊ ကယားေတြ စြန္႔စြန္႔စားစား ေနရတယ္။ မိမိသားေတာ္ ေယဇူး လိုပဲ အႏၲရာယ္နဲ႔ ရင္ဆိုင္ရပါတယ္။ ဘုရားရွင္ဟာ မြန္ျမတ္ ဒါ၀ိတ္ ဘုရင္မင္းႀကီး၊ ေဆာလမုန္ဘုရင္ႀကီး လက္ထဲမွာ မိမိရဲ႕လူမ်ိဳးကို ေစာင့္ေရွာက္ဘို႔ အပ္ႏွင္းထားတယ္။

ဒီဘုရင္ေတြဟာ ႀကီးမားေသာ ဥာဏ္ပညာ ျမင့္ျမတ္ေသာ ေမတၲာနဲ႔ သူ႔ လူေတြ ကို ၾကည့္႐ႈခဲ့ၾကတယ္။ သူတို႔ဟာ ဘုရားကိုယ္စားလွယ္မ်ား ျဖစ္ၾကတယ္။

ကြၽႏု္ပ္တို႔ တိုင္းျပည္ကို အုပ္ခ်ဳပ္ဦးေဆာင္ေနၾကတဲ့ ေခါင္းေဆာင္မ်ားဟာ မိခင္မ်ားပမာ ဦးစီးဦးေဆာင္ႏိုင္ဘို႔ဆုေတာင္းေပးၾကရမယ္။

ကြၽႏု္ပ္တို႔ သတိထားမိၾကမယ္။ ႏိုင္ငံေတာ္ရဲ႕ ရတနာေတြဟာ လူနည္းစု တစ္စုသာ စိုးစံေနတယ္။ အက်ိဳးခံစားေနရတယ္။ မတရားလုယူ၊ က်ဳံးသိမ္းၿပီး၊ အလြတ္ေရွာင္ေနတဲ့ ေခတ္ႀကီးအဆုံးသတ္ႏိုင္ၿပီး၊ ႏိုင္ငံေတာ္ႀကီးတရားမွ်တဘို႔ ဆုေတာင္း႐ုံမက ပါ၀င္ပါတ္သက္ႏိုင္ၾက ရပါမယ္။ မိခင္အစစ္မ်ားဟာ သားသမီး မ်ားအေပၚ ဘယ္ေတာ့မွ မတရား မက်င့္ပါဘူး။ သံလူကားေရးထားတဲ့ အခန္းႀကီး (၁)ကို ဖတ္႐ႈရင္ မယ္ေတာ္ဟာ ေတာ္လွန္ေရး သီခ်င္းျမြတ္ဆိုထားတယ္။“God will raise the lowly + humble the arrogant. He will send the rich away empty + fill the poor”

မာနေထာင္လႊားေသာသူတု႔ကို ကြဲလြင္ေစေတာ္မူၿပီ။ ဘုရင္တို႔ကို ရာဇပလ’င္ေပၚမွ ခ်၍ ႏွိမ့္ခ်ေသာ သူတို႔ကို ခ်ီးေျမာက္ေတာ္မူၿပီ။

ငတ္မြတ္ေသာ သူတို႔ကို ေကာင္းမြန္စြာေကြၽး၍

ရတတ္ေသာသူတို႔ကို လက္ခ်ည္းလႊတ္လိုက္ေတာ္မူၿပီ။ (လုကား ၁း၅၁-၅၃)

ဒါဟာ ေကာင္းေသာေခါင္းေဆာင္၊ ေကာင္းေသာမိခင္တစ္ဦးရဲ႕ က်င့္စဥ္ပါပဲ

- ျမန္မာျပည္ရဲ႕ အုပ္ခ်ဳပ္ဦးေဆာင္တဲ့ ပုဂၢိဳလ္မ်ား၊ တကယ့္မိခင္မ်ား ျဖစ္ဘို႔ရာက စိန္ေခၚခ်က္ႀကီးတစ္ခုပါ။ ဒီႏိုင္ငံႀကီးဟာ ၾကြယ္၀ခ်မ္းသာ ျခင္းနဲ႔ ေကာင္းႀကီး ခံစားရတယ္။ ဒါေပမဲ့ သားသမီးေတြ မွ်မွ်တတ မစံစားရၾကဘူး။ လာမဲ့ ေရြးေကာက္ပြဲမွာ လူတိုင္း (Same rights + duties)တာ၀န္၀တၲရားနဲ႔ ခံစားခြင့္ရရွိေစဘို႔ ဆုေတာင္းၾကရမယ္။

- အမိမယ္ေတာ္ဟာ ျမန္မာျပည္ကို ၾကည့္ၿပီး ပဌမေပ်ာ္တယ္။ ဘာျဖစ္လို႔ လဲ ဆိုေတာ့ တိုင္းရင္းသားေပါင္းစုံ၊ လယ္ေျမသစ္ေတာၾကြယ္၀ၾကတယ္။ သံယံဇာတ ေျပာျပမကုန္ေအာင္ ေဌးၾကတယ္။ ဒါေပမဲ့ မယ္ေတာ္ ၀မ္းနည္းမွာက တတ္ႏိုင္သူ၊ စြမ္းႏိုင္သူ၊ ႏိုင္ႏိုင္သူေတြက မ်ိဳစားထား ၾကတယ္။ သိမ္းသိုထားတယ္။

- Nature + earth is our mother.

သဘာ၀နဲ႔ ပထ၀ီေျမႀကီးသည္ ကြၽႏု္ပ္တို႔မိခင္။ မယ္ေတာ္ဟာကြၽႏု္ပ္တို႔ တိုင္းရင္း သားမ်ားကုိ ေစာင့္ေရွာက္႐ုံမကသံယံဇာတမ်ားကိုပါ ထိမ္းသိမ္း ကာကြယ္ေပးဘို႔၊ ဆုေတာင္းၾကရမယ္။ သံယံဇာတေပၚ အေျခခံၿပီး ျဖစ္ေနတဲ့ စစ္ပြဲေတြရပ္စဲဘို႔ ဆုေတာင္းရမယ္။ မယ္ေတာ္သခင္မ မာရိယားဟာ ၿငိမ္းခ်မ္းျခင္း မယ္ေတာ္

- ေနာက္ႏွစ္ ေညာင္ေလးပင္ပြဲလာတဲ့အခါ ၂၀၂၀- ေဖေဖာ္၀ါရီလသည္ လုံး၀ ႏိုင္ငံမွာ ေအးခ်မ္းသာယာၿပီး တိုးတက္ေနေတာ့မယ္။ မယ္ေတာ္ တတ္ႏိုင္တယ္။ သားေတာ္သခင္ေယဇူးထံ ဆုေတာင္းေပးမယ္။ သခင္ေယဇူးက မျငင္းပါဘူး။

ကာနန္လက္ထပ္ပြဲ - အခြံ၊ ဗလာျဖစ္ေနတဲ့ အိုး (၆)လုံး empty pots of anxiety, war, displacement, poverty, discrimination + human trafficking စိုးရိမ္ေၾကာင့္ၾကျခင္း၊ စစ္မက္ျဖစ္ပြား၊ စစ္ေရွာင္စခန္း၊ ဆင္းရဲမြဲေတတာ၊ ခြဲျခားဆက္ဆံတာ၊ လူကုန္ကူးတာေတြ အစား စပ်စ္၀ိုင္အသစ္ျဖစ္တဲ့

၁။     ခ်မ္းေျမ့ေပ်ာ္ရႊင္ျခင္း

၂။     စစ္မ်ားရပ္စဲ ၿငိမ္းခ်မ္းသာယာျခင္း

၃။     ကိုယ္အိုး၊ ကိုယ္အိမ္စီျပန္ေရာက္ျခင္း

၄။     အားလုံးခ်မ္းသာၾကြယ္၀ျခင္း

၅။     တရားမွ်တျခင္း

၆။     အမ်ိဳးသမီး၊ မိန္းကေလးမ်ားကို ကာကြယ္ေစာင့္ေရွာက္ျခင္းမ်ားနဲ႔ ျပည့္စြက္ ေပးပါလို႔ ဆုေတာင္းရေအာင္။ မယ္ေတာ္သခင္မ မာရိယား ဒို႔အေမ- အားလုံးရဲ႕ မိခင္ ၾကား၀င္ဆုေတာင္းေပးျခင္းအားျဖင့္ ကြၽႏု္ပ္တို႔ ႏိုင္ငံႀကီး အေမွာင္ထု ၿဖိဳခြင္းၿပီး အာ႐ုဏ္ဦး၊ မိုးလင္းႏိုင္ပါေစ။

 ေက်းဇူးကမၻာပါ။

 

Add new comment

1 + 7 =