ညောင်လေးပင် ဆုတောင်းပြည့် လုဒ်မယ်တော်သခင်မပွဲတော် ကျင်းပခြင်း

ညောင်လေးပင် ဆုတောင်းပြည့် လုဒ်မယ်တော်သခင်မပွဲတော် ကျင်းပခြင်း

(၁၁၇) ကြိမ်မြောက် ညောင်လေးပင် ဆုတောင်းပြည့် လုဒ်မယ်တော်သခင်မပွဲတော် ကျင်းပခြင်း
(117 ) ကြိမ်မြောက် ညောင်လေးပင် လုဒ်မယ်တော်သခင်မပွဲတော်ကို (၁.၂.၂၀၁၉) ရက်နေ့ ညနေ (၄းဝဝ) နာရီက ရန်ကုန်ဂိုဏ်းချုပ်သာသနာ လက်ထောက် ဆရာတော်ကြီး ဂျွန်စောယောန်ဟန် နှင့်အတူ ညောင်လေးပင် ဆုတောင်းပြည့် လုုဒ်မယ်တော်သခင်မ ဘုရားကျောင်းမှ ကျောင်းထိုင် ဘုန်းတော်ကြီး Fr.Jude တို့မှ မယ်တော်အလံတော်အားကောင်းချီးပေးကာ လွှင့်တင်ခဲ့ပါသည်။
အလံတင်အခမ်းအနားအပြီး၌ ရန်ကုန် ဂိုဏ်းချုပ်သာသနာ လက်ထောက် ဆရာတော်ကြီး ဂျွန်စောယောဟန်မှ ဦးဆောင်ကာ လုဒ်မယ်တော် နိုဗီနား အဖွင့်မစ္ဆားတရားတော်မြတ်ကို ပူဇော်ကျင်းပခဲ့ပါသည်။
မစ္ဆားတရားအပြီး၌ဆင်းတုတော်များဖြင့်စီတန်းလှည့်လည်ပြီးကို်််ယ်တော်တြ်ဖူးမြှော်ခြင်းကို ပြုလုပ်ခဲ့ကြ ပါသည်။
ယခုနှစ် လုဒ်မယ်တော် သခင်မ ပွဲတော်ကို ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စတင်ခဲ့ပါသည်။ ဖေဖော်ဝါရီိလ (၂ -၇) ရက်နေ့ထိ နံနက်(၆းဝဝ)တစ်ကြိမ်၊ နံနက်(၁၀းဝဝ)နာရီ တစ်ကြိမ်၊ ညနေ (၄းဝဝ)နာရီ တစ်ကြိမ် ၊နေ့စဉ် မစ္ဆားတရား သုံးတရားပူဇော်သွားမည်ဖြစ်ပါသည်။
ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် နံနက် (၆းဝဝ)၊ နံနက် (၁၀းဝဝ)နာရီတို့တွင် မစ္ဆားတရား ကျင်းပပူဇော်ခြင်း၊ နေ့လည် (၁၂းဝဝ)နာရီတွင် စုပေါင်းစိပ်ပုတီးစိပ်ခြင်း ၊ နေ့လည် (၂းဝဝ)နာရီတွင် ယေဇူး ကားတိုင်လှည့်ခြင်း ၊ ညနေ (၄းဝဝ)နာရီတွင် မစ္ဆားတရားပူဇော်ခြင်း ၊ ညနေ(၅း၃၀)တွင် မြို့အတွင်း ကိုယ်တော်မြတ်ဖြင့် စီတန်းလှည့်လည်ခြင်း၊ ည(၉းဝဝ)နာရီတွင် ကိုယ်တော်မြတ်ဖူးခြင်း၊ ည(၁၁း၃၀)တွင် ကိုယ်တော်မြတ်ကောင်းချီးမင်္ဂလာပေးခြင်း တို့ပြုလုပ်သွားမည်ဖြစ်ပါသည်။
ဖေဖော်ဝါရီလ (၉)ရက်နေ့တွင် နံနက် (၅းဝဝ)နာရီမှ စတင်ကာ တစ်နာရီခြားတစ်ခါ တိုင်းရင်းသားဘာသာစကားအလိုက် မစ္ဆားတရား (၆) တရားရှိမည်ဖြစ်ပြီး နံနက် (၁၀းဝဝ)နာရီတွင် ကျန်းမာခြင်းမစ္ဆားတရားကိုပူဇော်ပေးမှာဖြစ်ပါသည်။
ည(၁၀း၃၀)တွင် (၁၁၇)ကြိမ််မြောက် လုဒ်မယ်တော်သခင်မ ကျေးဇူးတင် မစ္ဆားတရားတော်မြတ် နှင့် အလံချခြင်း အခမ်းအနား မစ္ဆားတရားတော်မြတ်ကို ကာဒီနာချားလ်စ်ဘိုမှ ဦးဆောင်ကာ ပူဇော်ကျင်းပသွားမှာဖြစ်ပါသည်။
ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် နံနက်(၄းဝဝ)နာရီမှ စတင်ကာ နံနက်(၈းဝဝ)နာရီထိ တစ်နာရီခြားတစ်ခါ တို်င်းရင်းသား ဘာသာ စကားများဖြင့် မစ္ဆားတရားတော်မြတ်ကို ပူဇော်ပေးသွားမှာဖြစ်ပါသည်။
ညောင်လေးပင် ဆုတောင်းပြည့် လုဒ်မယ်တော်သခင်မ ပွဲတော်ကို ကျင်းပလာခဲ့သည်မှာ ယခုအကြိမ် ဆိုလျှင် (၁၁၇)ကြိမ်မြောက်ရှိပြီဖြစ်ပါသည်။

News- Pinky
Photo- San May Nwe, Pinky

 

 

Zawgyi

(၁၁၇) ႀကိမ္ေျမာက္ ေညာင္ေလးပင္ ဆုေတာင္းျပည့္ လုဒ္မယ္ေတာ္သခင္မပြဲေတာ္ က်င္းပျခင္း
(117 ) ႀကိမ္ေျမာက္ ေညာင္ေလးပင္ လုဒ္မယ္ေတာ္သခင္မပြဲေတာ္ကို (၁.၂.၂၀၁၉) ရက္ေန႔ ညေန (၄း၀၀) နာရီက ရန္ကုန္ဂိုဏ္းခ်ဳပ္သာသနာ လက္ေထာက္ ဆရာေတာ္ႀကီး ဂၽြန္ေစာေယာန္ဟန္ ႏွင့္အတူ ေညာင္ေလးပင္ ဆုေတာင္းျပည့္ လုုဒ္မယ္ေတာ္သခင္မ ဘုရားေက်ာင္းမွ ေက်ာင္းထုိင္ ဘုန္းေတာ္ႀကီး Fr.Jude တို႔မွ မယ္ေတာ္အလံေတာ္အားေကာင္းခ်ီးေပးကာ လႊင့္တင္ခဲ့ပါသည္။
အလံတင္အခမ္းအနားအၿပီး၌ ရန္ကုန္ ဂိုဏ္းခ်ဳပ္သာသနာ လက္ေထာက္ ဆရာေတာ္ႀကီး ဂၽြန္ေစာေယာဟန္မွ ဦးေဆာင္ကာ လုဒ္မယ္ေတာ္ ႏိုဗီနား အဖြင့္မစာၦးတရားေတာ္ျမတ္ကို ပူေဇာ္က်င္းပခဲ့ပါသည္။
မစာၦးတရားအၿပီး၌ဆင္းတုေတာ္မ်ားျဖင့္စီတန္းလွည့္လည္ၿပီးကို္္္ယ္ေတာ္ျတ္ဖူးေျမွာ္ျခင္းကို ျပဳလုပ္ခဲ့ၾက ပါသည္။
ယခုႏွစ္ လုဒ္မယ္ေတာ္ သခင္မ ပြဲေတာ္ကို ေဖေဖာ္၀ါရီလ (၁) ရက္ေန႔မွ စတင္ခဲ့ပါသည္။ ေဖေဖာ္၀ါရီိလ (၂ -၇) ရက္ေန႔ထိ နံနက္(၆း၀၀)တစ္ႀကိမ္၊ နံနက္(၁၀း၀၀)နာရီ တစ္ႀကိမ္၊ ညေန (၄း၀၀)နာရီ တစ္ႀကိမ္ ၊ေန႔စဥ္ မစာၦးတရား သံုးတရားပူေဇာ္သြားမည္ျဖစ္ပါသည္။
ေဖေဖာ္၀ါရီလ (၈) ရက္ေန႔တြင္ နံနက္ (၆း၀၀)၊ နံနက္ (၁၀း၀၀)နာရီတို႔တြင္ မစာၦးတရား က်င္းပပူေဇာ္ျခင္း၊ ေန႔လည္ (၁၂း၀၀)နာရီတြင္ စုေပါင္းစိပ္ပုတီးစိပ္ျခင္း ၊ ေန႔လည္ (၂း၀၀)နာရီတြင္ ေယဇူး ကားတုိင္လွည့္ျခင္း ၊ ညေန (၄း၀၀)နာရီတြင္ မစာၦးတရားပူေဇာ္ျခင္း ၊ ညေန(၅း၃၀)တြင္ ၿမိဳ႕အတြင္း ကိုယ္ေတာ္ျမတ္ျဖင့္ စီတန္းလွည့္လည္ျခင္း၊ ည(၉း၀၀)နာရီတြင္ ကိုယ္ေတာ္ျမတ္ဖူးျခင္း၊ ည(၁၁း၃၀)တြင္ ကိုယ္ေတာ္ျမတ္ေကာင္းခ်ီးမဂၤလာေပးျခင္း တို႔ျပဳလုပ္သြားမည္ျဖစ္ပါသည္။
ေဖေဖာ္ဝါရီလ (၉)ရက္ေန႔တြင္ နံနက္ (၅း၀၀)နာရီမွ စတင္ကာ တစ္နာရီျခားတစ္ခါ တုိင္းရင္းသားဘာသာစကားအလုိက္ မစာၦးတရား (၆) တရားရွိမည္ျဖစ္ၿပီး နံနက္ (၁၀း၀၀)နာရီတြင္ က်န္းမာျခင္းမစာၦးတရားကိုပူေဇာ္ေပးမွာျဖစ္ပါသည္။
ည(၁၀း၃၀)တြင္ (၁၁၇)ႀကိမ္္ေျမာက္ လုဒ္မယ္ေတာ္သခင္မ ေက်းဇူးတင္ မစာၦးတရားေတာ္ျမတ္ ႏွင့္ အလံခ်ျခင္း အခမ္းအနား မစာၦးတရားေတာ္ျမတ္ကို ကာဒီနာခ်ားလ္စ္ဘိုမွ ဦးေဆာင္ကာ ပူေဇာ္က်င္းပသြားမွာျဖစ္ပါသည္။
ေဖေဖာ္ဝါရီလ (၁၀) ရက္ေန႔တြင္ နံနက္(၄း၀၀)နာရီမွ စတင္ကာ နံနက္(၈း၀၀)နာရီထိ တစ္နာရီျခားတစ္ခါ တို္င္းရင္းသား ဘာသာ စကားမ်ားျဖင့္ မစာၦးတရားေတာ္ျမတ္ကုိ ပူေဇာ္ေပးသြားမွာျဖစ္ပါသည္။
ေညာင္ေလးပင္ ဆုေတာင္းျပည့္ လုဒ္မယ္ေတာ္သခင္မ ပြဲေတာ္ကို က်င္းပလာခဲ့သည္မွာ ယခုအႀကိမ္ ဆိုလွ်င္ (၁၁၇)ႀကိမ္ေျမာက္ရွိၿပီျဖစ္ပါသည္။

News- Pinky
Photo- San May Nwe, Pinky

Add new comment

1 + 3 =