ညောင်လေးပင်မြို့ ၊ ဆုတောင်းပြည့် လုဒ်မယ်တော်သခင်မပွဲတော်ကြီး ယခုနှစ်တွင် ကျင်းပပြုလုပ်တော့မည်မဟုတ် ။

နှစ်စဉ်ကျင်းပမြဲဖြစ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ဘုရားဖူးဒေသ ဆုတောင်းပြည့် လုဒ်သခင်မပွဲတော်အား ယခုနှစ် 2020 ခုနှစ်အတွက် မကျင်းပတော့သော်လည်း မယ်တော်အား သဒ္ဓါကြည်ညိုသူ သားသမီးများအနေဖြင့် မိမိတို့အစီအစဉ်များဖြင့် သာသနာအလိုက်သော်လည်းကောင်း၊ မိသားစုအလိုက်သော်လည်းကောင်း ဝတ်ပြုသဒ္ဓါကြည်ညိုခြင်းများ လုပ်ဆောင်နိုင်ကြောင်းကို မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်နှင့် ပွဲတော်ကျင်းပရေး ဗဟိုကော်မတီ၏ မတ်လ (၃) ရက်နေ့ ညနေ (၅း၀၀)နာရီအချိန်တွင် လုပ်ဆောင်ခဲ့သော စည်းဝေးဆုံးဖြတ်ချက်အရ သိရှိရပါသည်။

Add new comment

2 + 2 =