ညီအစ်ကိုရင်းစိတ်ဓာတ်သည် အီရတ်နှင့်ကမ္ဘာတစ်၀န်းလုံးအားစိတ်ခေါ်နေသည် ဟု ပုပ်ဖရန်စစ်မြွက်ကြား

ညီအစ်ကိုရင်းစိတ်ဓာတ်သည် အီရတ်နှင့်ကမ္ဘာတစ်၀န်းလုံးအားစိတ်ခေါ်နေသည် ဟု ပုပ်ဖရန်စစ်မြွက်ကြား

ညီအစ်ကိုရင်းစိတ်ဓာတ်သည် အီရတ်နှင့်ကမ္ဘာတစ်၀န်းလုံးအားစိတ်ခေါ်နေသည် ဟု ပုပ်ဖရန်စစ်မြွက်ကြား

အစောပိုင်းရက်များကဘုရား သခင်သည် သူ့အား အီရတ်နိုင်ငံသို့တမန်တော်ခရီးကြွရောက်ရန်အခွင့်ပေးခဲ့သည်။ ဤခရီး စဉ်သည်စိန့်ဂျွန်ပေါလ် (၂) မက်ခဲ့သောခရီးဖြစ်သော် လည်း အခြေအနေကြောင့်မဖော်ဆောင်နိုင်ခဲ့ပေ။ ယခင်က ကျွန်ုပ်တို့၏ယုံကြည် ခြင်းဖခင်ဖြစ်သော အာဘရာ ဟမ်၏ဇာတိမြေအီရတ် သို့အဘယ်ရဟန်းမင်းကြီးမျှ ကြွရောက်ခြေမချနိုင်ခဲ့သေးပေ။ ဘုရားသခင်၏အ ​မျှော်အမြင်ကားယခုဖြစ်လာစေခဲ့သည်။ ဤသို့ကြွရောက်နိုင်ခြင်းသည် နှစ်ပေါင်း များစွာအစွန်း ရောက်တို့၏ရန်နှင့် စစ်မီး တောက် လောင်နေခဲ့သောမြေနှင့်ကိုးဗစ်ကူးစက်ရောဂါကိုအလူးအလဲခံခဲ့ရသောနိုင်ငံမှပြည်သူများအတွက် မျှော်လင့်ခြင်း ၏အတိတ်နိမိတ် ဖြစ် သည်’ ဟု အီရတ်နိုင်ငံသို့တမန်တော်ခရီးကြွရောက်အပြီး ဘုရားဖူးများနှင့်ပထမဆုံးအကြိမ်ပြန်လည်တွေ့ဆုံစဉ်ကမိန့်ကြားခဲ့ သည်။ ရဟန်းမင်းကြီးသည် အီရတ်နိုင်ငံသို့ မတ်လ (၅ - ၈) အထိတမန်တော်ခရီးကြွရောက်ခဲ့သည်။ ကျေးဇူးတရား

ရဟန်းမင်းကြီးက ဤတမန်တော်ခရီးကြွ‌ရောက်အပြီး သူ၏၀ိညာဉ်၌ကျေးဇူးတရားများဖြင့်ပြည့်နေကြောင်း၊ ပထမဦးဆုံး ဘုရား သခင်၊ ထို့နောက် ဤ ခရီးစဉ်ခက်ခဲပြီး၊ စိန်ခေါ်မူမြင့်မားသော်လည်း ဖြစ်‌မြောက်အောင်စီစဉ်ပေးခဲ့သောသူများအားကျေးဇူးတင်ကြောင်း၊ အီရတ်နိုင်ငံ၏သမ္မတနှင့်အစိုးရအားလည်း ကောင်း၊ အီရတ်နိုင်ငံမှခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ၊ ဆရာတော်များ၊ ၀န်ကြီးများ၊ ဘာသာအသီးသီးမှဘာသာရေးခေါင်း ဆောင်များ၊ ခရစ်ယာန်ဘာ သာ ၀င်များကိုအထူးကျေး ဇူးတင်ကြောင်း၊ Najaf ၌ တည်းခိုစဉ်တွေ့ဆုံခဲ့ရသောဆုံဆည်းမှုသည်မမေ့နိုင်အောင်ဖြစ်ရကြောင်းထုတ်ဖော်မိန့်ကြားခဲ့သည်။

အခက်အခဲ များကြုံတွေ့နေရသော်လည်းအ လွန်အလားအလာကောင်း သောသာသနာနယ်တစ်ခုဖြစ်

ဤခရီးစဉ်ကြောင့်အားရ ကျေနပ်ပျော်ရွှင်ခဲ့ရသကဲ့သို့ ယူကျုံးမရမရသောခံစားချက်လည်းဖြစ်ပေါ်ခံစားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့၏ယုံကြည်ခြင်းကြောင့် အစွန်းရောက်မွတ်စလင်တို့၏ ကိုယ်ထိလက်ရောက်ညှဉ်းပန်းနှိပ်စက်မှုကိုခံ စားခဲ့ရသော ဓမ္မအာဇာနည်သာသနာမှ ဘာ သာတူ များနှင့်မတွေ့ဆုံနိုင်ခဲ့ပေ။ ၄င်းတို့သည်ကက်သလစ်သာသနာတော်ကြီးတစ်ခုလုံးအတွက် လေးလံကြီးမားလှ သောကားတိုင်တော်ကြီးကိုနှစ်ပေါင်းများစွာခံထမ်း ပေးခဲ့သည်။ ၄င်းတို့ထမ်းနေခဲ့သောကားတိုင်တော် သည် Qaraqosh အ၀င်၌ချထားသည့်ကားတိုင်ကဲ့သို့ပင်ဖြစ်ပါသည်။ ထိုညှဉ်းပမ်းနှိပ်စက်မှုကြောင့်ရလိုက် သောဒဏ် ရာဒဏ်ချက် များသည်ယခုထိတိုင်အနာမကျက်သေးသည့်မြင်ကွင်းများဖြစ်သည့် အ ဆောက်အဦးအပျက်အစီးများ၊ သွေးပျက်စရာအဖြစ်သနစ်များအား ကိုယ်တိုင်ကြုံတွေ့ဖြတ်သန်းခဲ့သူအချို့ ၏ပြန်လည်ပြောပြသည်များကိုကြားရ၊ တွေ့ရသောကြောင့် ၀မ်းနည်းစိတ်ပိုမိုဖြစ်ပေါ်ခံ စားရပါသည်။ ထိုသို့သော်အဖြစ်သ နစ်ကိုကြုံတွေ့ခံထမ်းကျော်ဖြတ်ခဲ့ရသော် လည်း ၄င်းတို့၏မျက်နှာပေါ်၌ ဧဝံဂေလိတရားကို ကျေနပ်ရွှင်ပြစွာခံယူနေကြပြီး၊ ငြိမ်းချမ်းရေးနှင့်ညီအစ်ကိုချင်းစိတ် ဓာတ် ဖြင့်ယှဉ်တွဲနေထိုင်ကြမည့်မျှော်လင့်ချက်၊ ယုံကြည်ချက်များပြည့်နေ သည်မှာ ယေဇူးသခင်၏ ‘သင်တို့အားလုံးသည် ညီအစ်ကိုချင်းဖြစ်ကြ၏’ ဟူသောတရားသွန် သင်ချက်ကို မီးမောင်းထိုးပြနေပါသည်။ (သံမာတေဦး ၂၃:၈) ဤကျမ်းချက်သည်လည်း ရဟန်းမင်းကြီး၏ အီရတ်ခရီးစဉ်အတွက်လက်ကိုင်ဆောင်ပုဒ်ဖြစ်သည်။ ဤမျှော်လင့်ချက်ကို အီရတ်သမ္မ တ၏မိန့်ခွန်း၊ အခြားသောကြိုဆိုနှုတ်ခွန်းဆက်မိန့်ခွန်းများ၊ ကိုယ်တွေ့ကြုံနေကြရသူများထံမှလည်း ကောင်း၊ သီချင်းများ၊ ပြည် သူတို့၏ ကိုယ်နှုတ်အမူအရာများမှလည်းကောင်း၊ တောက်ပနေသောလူငယ်များ၏မျက်နှာ၊ ရွှန်းလက်နေသောသက်ကြီးများ၏မျက်လုံးများမှလည်း ကောင်းမြင် တွေ့ကြားသိခဲ့ရသည်။

စစ်မက်သည်ငြိမ်းချမ်းရေးကိုဖျက်စီးပစ်သည်။

အီရတ်ပြည်သူများသည်လည်း ငြိမ်းချမ်းစွာနေထိုင်ခွင့်ရှိကြသည်။ ဖျက်ဆီးခံလိုက်ရသော သူတို့၏ဂုဏ်သိက္ခာကိုပြန် လည်ဖော်ဆောင်ရန်အခွင့် အရေးရှိသည်။ နှစ်ပေါင်းထောင်ချီသော ဘာသာရေး၊ ယဉ်ကျေးမူအမွေအနစ်များဖြင့်ကြွယ်၀နေသောဒေ သတစ်ခုဖြစ်၍ ‘ကမ္ဘာ့အစုံလင်ဆုံးစာကြည့်တိုက်’ ကို ပိုင်ဆိုင်ထားသည်။ အဘယ်ကြောင့်ဆိုသော် မက်ဆိုပိုတေးမီးယားသည် လူ့ယဉ်ကျေးမူစတင်ပေါက်ဖွားလာခဲ့သောဇစ်မြစ်ဖြစ်သည်။ ထို့အတူ Baghdad သည်အခရာကျသောသမိုင်း၀င်မြို့ဟောင်း တစ်မြို့ဖြစ်သည်။ ဘာသာရေး၊ ယဉ်ကျေးမူရှေးဟောင်းအမွေအနစ်များကြွယ်၀ သောဤမြို့ကိုမည် သည့်အရာကဖျက်ဆီး ပစ်လိုက်သနည်း။ အခြားမဟုတ်။ ‘စစ်မီး’ သာဖြစ်သည်။ စစ်မီးသည် မိစ္ဆာကောင်ဖြစ်ပြီး၊ ခေတ်ကာလ၊ လူ့အသိုင်းအ၀ိုင်း ကိုအစဉ်ဖျက်ဆီး၀ါးမြှိုလေ့ရှိသည်။ ဤစစ်မီးကိုငြိမ်းရန်အတွက် နောက်ထပ်စစ်မီးတစ်ပွဲထပ်မံနွှဲရန်မဟုတ်ပါ။ လက်နက် ကိုချိုးဖျက်ရန်မှာသူ့ ထက်ပို၍ခေတ်မှီအားကောင်းသောလက်နက်ကိုတီထွင်ရန်မဟုတ်ပါ။ အကောင်းဆုံးနည်းလမ်းနှင့် လက်နက်ကား ‘ညီအစ်ကိုရင်းစိတ်ထား’ မွေး မြူရန်သာဖြစ်သည်။ ဤစိတ်ထားသည် အီရတ်နိုင်ငံတစ်ခုတည်းအတွက်သာ မဟုတ်။ ပဋိပက္ခဖြစ်ပွားနေသောဒေသနှင့်ကမ္ဘာတစ်၀ှမ်းလုံးအား စိန်ခေါ်နေသောအခြေအနေတစ်ခုဖြစ်သည်။

သင်တို့အားလုံးသည် ညီအစ်ကိုများဖြစ်ကြသည်။

ကျွန်ုပ်တို့အားလုံး ယုံကြည်ခြင်းဖခင်ကြီး အာဘရာဟမ်၏ဇာတိချက်ကြွေမွေးရပ်မြေဖြစ်သော ‘အုရ်’ မြို့၌ ဘာသာရေးခေါင်းဆောင် များနှင့်တွေ့ဆုံခဲ့သည်နှင့်ပတ်သက်၍ ခရစ်ယာန်များ၊ မွတ်စလင်များနှင့်ကိုယ်စားလှယ်များရောက် ရှိလာ၍အတူတကွဆုတောင်းခဲ့ကြကြောင်း၊ ထိုနေရာသည် လွန်ခဲ့သောနှစ်ပေါင်းလေးထောင်ခန့်ကဘုရား သခင်သည် အာဘရာဟမ်အားရွေးခေါ်ခဲ့သည့်နေရာပင်ဖြစ်သည်။ သူသည်ဘုရား သခင်၏ခေါ်သံကိုနားထောင်ဖြေကြားခဲ့သည်။ လူ မျိုးကြီးဖြစ်စေမည်ဟူသော ဘုရားသခင်၏ ကတိစကားကိုလည်းယုံကြည်ခဲ့သည်။ ထို့ကြောင့် သူ၏ဆွေမျိုးအသိုင်းအ ၀ိုင်းများကိုစွန့်ခဲ့၍ဘုရားညွှန်ရာအရပ်ဆီထွက်ခွာခဲ့သည်။ ထိုနေရာ၌ပင်ကျွန်ုပ်တို့အားလုံးစုစည်းဆုတောင်းနေသည်ကို ကျွန်ုပ်တို့အဖအာဘရာဟမ်သည်ကောင်းကင်မှငုံ့ကြည့်နေပေမည်။ ထိုအချိန်၌ ‘သင်တို့သည်ညီ အစ်ကိုချင်းများဖြစ်ကြ ၏’ ဟူသောယေဇူးသခင် ၏မိန့်မြွတ်ချက်ကိုပြန်လည်ကြားယောင်လာပါသည်။ ဘုရားသခင်သည် သူ၏ကတိတည် သည်။ သူသည်ကျွန်ုပ်တို့၏ခြေလှမ်းများကို ငြိမ်းချမ်း ရေးဆီသို့ဦးဆောင်နေသည်မှာယနေ့ထိတိုင်ဖြစ်သည်။ ကောင်းကင် ကိုမျှော်၍ လောက၌ခရီးပြုနေသူတို့၏ခြေလှမ်းများ ကိုလည်းစောင့်ရှောက် ပေးလျှက်ရှိသည်။

Baghdad, Mosul, Qaraqosh and Erbil မြို့လေးမြို့အတွက်သတင်းစကား

‘ညီအစ်ကိုရင်းစိတ်ဓာတ်မွေးမြူရန်’ တိုက်တွန်းချက်သည် (၂၀၁၀) ခုနှစ် Baghdad ရှိ ဆီးရီးယားကက်သလစ် ကယ်သီဒရယ်၌ မစ္ဆား တရားပူဇော်နေခဲ့ကြသော ဘာသာတူ (၄၈) ဦးနှင့်ဘုန်းတော်ကြီး (၂) ပါးသတ်ဖျက်ခံခဲ့ရသောဘု ရားကျောင်း၏အဖြစ်ပျက်ကတောင်းဆို နေ ခြင်းဖြစ်သည်။ ထိုဘုရားကျောင်းတော်ကြီးအတွင်း၌ ရက်စက်စွာသတ်ဖျက်ခံ ခဲ့ရသော ဓမ္မအာဇာနည်တစ်ဦးစီ၏အမည်ကိုရေးထိုးထားကြောင်း၊ ထိုနေရာသို့ရဟန်းမင်းကြီး ကြွရောက်သွားခြင်းသည် ၄င်းတို့အနေဖြင့်ရဟန်းမင်းကြီး၄င်းတို့အလယ် သို့ကြွရောက်လာသည်ဟု ပျော်ရွှင်နေသံကို ကြား ယောင်ခံစားရကြောင်း၊ ရဟန်းမင်းကြီးသည်လည်း ‘ညီအစ်ကိုရင်းစိတ်ဓာတ်မွေးမြူရန်’ ကို နီနေ‌ေ၀မြို့ဟောင်းအနီး၊ တီးဂရစ် မြစ်ပေါ် တွင်မှေး တင်ဆောက်ထားသော Mosul နှင့် Qaraqosh မြို့၌လည်းထပ်မံ၍တိုက်တွန်းခဲ့ပြန်သည်။ အဘယ်ကြောင့်ဆိုသော်အီစ လာမ် နိုင်ငံထူ ထောင်ရန်ကြွေးကြော်တိုက်ပွဲ၀င်နေသောအစွန်းရောက်တို့၏တပ်စွဲခြေကုပ်ယူထားမူသည် အပြစ်မဲ့ပြည်သူ ထောင်သောင်းကိုအသက်ဘေးနှင့် လွှတ်ရာသို့ထွက်ပြေးရန်အကြောင်းတရားဖန်တီးခဲ့သည်။ ၄င်းတို့အနက်ခရစ်ယာန် များနှင့်အတူ Yazidis ဟုခေါ်‌သောလူနည်းစုလူမျိုးစုများ လည်းပါ၀င်ခဲ့သည်။

ယခုအခါ စစ်မီးကြောင့်ပြိုလဲပျက်စီးသွားခဲ့သော ဘုရားကျောင်းများ၊ ဗလီများကို မွတ်စလင်နှင့်ခရစ်ယာန်တို့က အတူတကွ ပြန်လည် တည်ဆောက်နေကြသည်။ ၄င်းတို့အနေဖြင့်ဤအခက်အခဲကိုကျော်လွှားနိုင်ရန်အထူးဆုတောင်း ပေးကြပါစို့။ အာဘရာဟမ်ကဲ့သို့မိမိတို့၏ပိုင် ဆိုင်ရာမည်သည့်အရာကိုမျှမယူနိုင်ဘဲ စွန့်ပစ်ထွက်ပြေးခဲ့ကြရသောအီရတ် စစ်ရှောင်ဒုက္ခသည်များအတွက်လည်းဆုတောင်းပေးခဲ့သည်။ မည် သည့်အရာမျှပါမသွားနိုင်သော်လည်း ‘ယုံကြည်ခြင်း နှင့်မျှော်လင့်ခြင်း’ ဖြင့်ခရီးဆက်ခဲ့ကြသည်။ တွေ့သည့်လူနှင့်တည့်အောင်ပေါင်းကာ လိုအပ် သောအကူအညီကိုတောင်းခံ ရင်းညီရင်းအစ်ကိုစိတ်၊ မိတ်ဆွေရောင်းရင်းစိတ်များကိုတည်ဆောက်ခဲ့ကြသည်။

ညီရင်းအစ်ကိုစိတ်ဓာတ်မွေးမြူခြင်းနှင့်ပတ်သက်၍ ရဟန်းမင်းကြီးဆက်လက် တိုက်တွန်းခဲ့သည့် အခြေအနေ နောက်နှစ်ခုမှာ Baghdad နှင့် Erbil မြို့၌ပူဇော်သောမစ္ဆားတရားအတွင်း၌ဖြစ်ပါသည်။ အာဘရာဟမ်နှင့်သူ့မျိုးဆက်များ ၏မျှော်လင့်ချက်သည် ကျွန်ုပ် တို့ကျင်းပနေသောနက်နဲဖွယ်ရာပူဇော်ခြင်း၌ ပြည့်စုံခြင်းသို့ရောက်ပြီဖြစ်သည်။ ထိုပြည့်စုံ ခြင်းကား ခမည်းတော်ဘုရားသည် သူ၏တစ်ပါး တည်းသောသားတော်ယေဇူးသခင်၏ သေခြင်း၊ ရှင်ပြန်ထမြောက်ခြင်း အားဖြင့် လူသားတိုင်းကယ်တင်ခြင်းရရှိရန်စေလွှတ်ခဲ့သည်။ ကတိ ထားသောတိုင်းပြည်၏လမ်းတော်ကိုဖွင့်ပေးခဲ့သည်။ ထိုမြေ၌ငိုကြွေးခြင်းမျက်ရည်ခန်းခြောက်သွားမည်။ ပူဆွေးပူလောင်ခြင်းအေးငြိမ်းသွားမည်။ ဒဏ်ရာဒဏ်ချက်များကုစား ပျောက်ကင်းသွားမည်။ ညီအစ်ကိုမောင်နှမများပြန်လည်ကျေအေးသင့်မြတ်သွားကြမည့်နေရာဖြစ်သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3bIHuII

Add new comment

3 + 1 =