ဉီးခေါင်းနောက်ခြမ်း ဆက် အမွှာကလေး ၂ ဉီး ဗာတီကန် ဆေးရုံ၌ အောင်မြင်စွာ ခွဲစိပ်နိုင်ခဲ့

ဉီးခေါင်းနောက်ခြမ်း ဆက် အမွှာကလေး ၂ ဉီး ဗာတီကန် ဆေးရုံ၌ အောင်မြင်စွာ ခွဲစိပ်နိုင်ခဲ့

ဉီးခေါင်းနောက်ခြမ်း ဆက် အမွှာကလေး ၂ ဉီး ဗာတီကန် ဆေးရုံ၌ အောင်မြင်စွာ ခွဲစိပ်နိုင်ခဲ့

ဆေးပညာလောက ရဲ့ ပထမ စာမျက်နှာ၀င်ခဲ့တဲ့ အဖြစ်အပျက် ဉီးခေါင်း နောက်ဘက်ခြမ်း ခြင်းဆက် ၂နှစ်သား အရွယ် အမွှာသမီးငယ်လေး နှစ်ဉီးကို ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဗာတီကန် Bambino Gesu ဆေးရုံမှာ ကျန်းမာရေး၀န်ထမ်း ၃၀ ဉီးတို့က ဂျွန်လ ၅ ရက်၊ ၂၀၂၀ တွင် ၁၈ နာရီကြာအောင် ခွဲစိပ်ခြင်းမှာ အောင်မြင်ခဲ့ပါတယ်။

ကလေးငယ်လေးများမှာ အာဖရိက မှ ဖြစ်ပြီး ဉီးခေါင်းနောက်ခြမ်း (နောက်စေ့) ခြင်းဆက်နေခဲ့ကာ သွေးကြောပေါင်းများစွာ မျှသုံးနေတဲ့ အနေအထားကြောင့် ခွဲစိပ်ရာမှာ သတိထားခဲ့ရကြောင်း သို့သော် အခု သူတို့လေးတွေ မကြာခင်မှာ ပုံမှန်ကျန်းမာလာကြမယ်လို့ မျှော်လင့်ထားကြောင်း ၊ အလွန်ရှားပါးတဲ့ မလွယ်တဲ့ ပုံစံဖြစ်ပြီး ဒီအတွက် ပြင်ဆင်မှုကို တနှစ်ကြာအောင်ပြုလုပ်ခဲ့ကြရတယ်လို့ ဆရာ၀န်အဖွဲ့က ဆိုပါတယ်။

ကလေးများရဲ့မိခင်က ဆရာ၀န်များအားအထူးကျေးဇူးတင်ခဲ့ပြီး သူမအနေနဲ့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ထံမှ ကလေးများအား ဆေးကြောခြင်းပေးသည်ကို ဆန္ဒရှိလှကြောင်း

အမွှာသမီးလေး နှစ်ဉီး အမည်မှာ အဲရ်ဗီးနာ နှင့် ပရဲယ်ဖီးနာ ဖြစ်ပြီး ၄င်းတို့သည် အာဖရိက၌ နေပါက ဘယ်လို အခြေအနေဖြင့် နေထိုင်ရမည်ကို မခန့်မှန်းနိုင်ကြောင်းနှင့် သမီးလေးများအား ကမ္ဘာအနှံ့သွား၍ ဆရာဝန်များအဖြစ် တပါးသူများကို ကူညီပေးနိုင်သောသူများဖြစ်စေရန် မျှော်လင့်ချက်ထားရှိကြောင်းကို လည်းကလေးများ၏ မိခင် အာရ်မင်း က ပြောကြားခဲ့သည် ကို Aleteia သတင်းအရ သိရှိရပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA
Photo courtesy of: Bambino Gesu, Twitter

https://bit.ly/2C1u4s8

Add new comment

11 + 7 =