ဇွန်လ(၂၅) ရက်နေ့ ကမ္ဘာ့မိသားစုနေ့ အထိမ်းအမှတ်ဝတ်စောင့်ခြင်း တောင်ကြီးဂိုဏ်းချုပ်သာသနာတွင်ပြုလုပ်

ဇွန်လ(၂၅) ရက်နေ့ ကမ္ဘာ့မိသားစုနေ့ အထိမ်းအမှတ်ဝတ်စောင့်ခြင်း တောင်ကြီးဂိုဏ်းချုပ်သာသနာတွင်ပြုလုပ်

ဇွန်လ(၂၅) ရက်နေ့ ကမ္ဘာ့မိသားစုနေ့ အထိမ်းအမှတ်ဝတ်စောင့်ခြင်း တောင်ကြီးဂိုဏ်းချုပ်သာသနာတွင်ပြုလုပ်

၂၅.၆.၂၀၂၂(RVA Myanmar)

 

ဇွန်လ(၂၅) ရက်နေ့ နံနက် (၉း၀၀)နာရီမှ (၁၁း၀၀) နာရီအချိန်အထိ တောင်ကြီးမြို့ရှိ စိန့်ဂျိုးဇက်ဗဟိုဘုရားကျောင်းတွင် ကမ္ဘာ့မိသားစုနေ့ အထိမ်းအမှတ်အဖြစ် ဝတ် စောင့် ခြင်း၊ နှင့်သင်တန်းပို့ချခြင်းများကို လုပ်ဆောင်ခဲ့ကြသည်ဟုသိရပါသည်။

ဝတ်စောင့်ခြင်းအခမ်းအနားတွင် မစ္ဆားတရားတော်မြတ်ကို တောင်ကြီး ဂိုဏ်းချုပ် ဆရာတော်ကြီး ဘာဆီးလျို အားသိုက်မှဦးဆောင်ကာပူဇော်ခဲ့ပါသည်။

ဝတ်စောင့်ခြင်း ကိုလုပ်ဆောင်ရခြင်းမှာ ဇွန်လ(၂၅) ရက်နေ့ကို ကမ္ဘာ့မိသားစု နေ့အဖြစ်သတ်မှတ်ထားသောကြောင့် ဖြစ်ပါသည်။ဝတ်စောင့်ခြင်းအစီကို တောင်ကြီးဂိုဏ်း ချုပ်သာသနာ မိသားစုကော်မရှင် ဝိညာဉ်ရေးရာ လမ်းညွှန် ဘုန်းတော်ကြီး ဖာသာရ်ဘာစီးလျိုဘမ်က ဦးဆောင်စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။

ရဟန်းမင်းကြီး ရွေးချယ်ထားသည့် “ မိသားစုချစ်ခြင်းဆိုသည်မှာ ခေါ်တော်မူခြင်းနှင့်သန့်ရှင်းခြင်းသို့ရောက်စေသောလမ်း “ ဟူသည့် ခေါင်းစဉ်ဖြင့် ဝတ်စောင့်ခြင်းကို ပြုလုပ်ခဲ့ကြပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ မိသားစုကော်မရှင် ကလည်း  “ ဒေသအခြေအနေအပေါ်မူတည်၍ ဇွန်လ(၂၅) ရက်နေ့တွင်မိသားစုများအားလုံးအတွက် မစ္ဆားတရားပူဇော်ခြင်း၊မိသားစုများအတွက် နေ့တဝက်သင်တန်း ပို့ချပေးပြီး အဖွဲ့လိုက်ခွဲကာ အတွေ့အကြုံများကို ဝေငှစေခြင်း (သို့မဟုတ်) နေ့တဝက်ဝတ်စောင့်ခြင်းပြုလုပ်ကာ အဖွဲ့လိုက်ခွဲကာ အတွေ့အကြုံများကို ဝေငှစေခြင်း၊အဖွဲ့များကို ဖခင်အဖွဲ့၊ မိခင်အဖွဲ့ နှင့် သားသမီးများအဖွဲ့များ ခွဲ၍ အဖွဲ့အသီးသီးတွင် ဝေငှမှုများပြုလုပ်ခြင်း စသည့်အရာ များကို လုပ်ဆောင်ကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာ မိသားစုရေးရာကော်မရှင် တာဝန်ခံဘုန်းတော်ကြီး Fr. Augustine Moe Win Aung က ဇွန်လ (၁၃) ရက်နေ့ က တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။

တစ်ဆက်တည်းမှာပင် ရဟန်းမင်းကြီးရုံးတော် ရောမမိသားစုရေးရာကော်မရှင်  (၁၀)ကြိမ်မြောက် တစ်ကမ္ဘာလုံးဆိုင်ရာ မိသားစုတွေ့ဆုံ ဆွေးနွေးပွဲ ကိုလည်း ဇွန်လ (၂၂)ရက်နေ့မှ (၂၆)ရက်နေ့ထိ ရောမမြို့တွင် ပုပ်ရဟန်းမင်းကြီးနှင့်တကွ ကျင်းပပြုလုပ်လျက်ရှိပါသည်။ထိုတွေ့ဆုံပွဲတင် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များလည်းပါ ဝင်တက်ရောက် လျက်ရှိနေကြပါသည်။၂၀၂၂ ခုနှစ် ဇွန်လ (၂၅)ရက်နေ့ကို ကမ္ဘာ့မိသားစုနေ့အဖြစ် သတ်မှတ်ထားပြီးရဟန်းမင်းကြီး ရွေးချယ်ထား သောဆောင်ပုဒ်မှာ “မိသားစုချစ်ခြင်းဆိုသည်မှာ ခေါ်တော်မူခြင်းနှင့် သန့်ရှင်းခြင်းသို့ရောက်စေသောလမ်း”ဟူ၍ ဖြစ်ပါသည်။

News by – Pinky

Photo Crd: Fr.Sabino

Add new comment

8 + 8 =