ဇင်ဘာဘွေ နိုင်ငံတွင် လူဦးရေ ၅ သန်းကျော်၌ ဆိုးဝါးသည် အငတ်ဘေး နှင့်ကြုံတွေ့နေရ

ဇင်ဘာဘွေ နိုင်ငံတွင် လူဦးရေ ၅ သန်းကျော်၌ ဆိုးဝါးသည် အငတ်ဘေး နှင့်ကြုံတွေ့နေရ

ဇင်ဘာဘွေ နိုင်ငံတွင် လူဦးရေ ၅ သန်းကျော်၌ ဆိုးဝါးသည် အငတ်ဘေး နှင့်ကြုံတွေ့နေရ
ဇူလိုင်လ ၇၊ ၂၀၁၉

ဇင်ဘာဘွေ နိုင်ငံတွင် လူဦးရေ ၅ သန်းကျော်၌ ဆိုးဝါးသည် အငတ်ဘေး နှင့်ကြုံတွေ့နေရပြီး အစားအစာ နှင့် အထောက်အပံ့ အကူအညီများ လိုအပ်နေကြောင်း ကုလသမ္မဂ မှ ထုတ်ပြနကြေငြာလိုက်ပါသည်။ ပြီးခဲ့သော အင်္ဂါနေ့ က ဇင်ဘာဘွေနိုင်ငံတော် သမ္မတ Emmerson Mnangagwa မှလည်း နိုင်ငံတော် အငတ်ဘေး ကပ်ဆိုက်မူ့ အဖြစ်ကြေငြာခဲ့ပါသည်။

မုန်တိုင်းတိုက်ခိုက်ခံရခြင်း နှင့် အခြေခံစားသောက်ကုန်များ အဆမတန် ဈေးတက်သွားခြင်းကြောင့် အခြေအနေပိုမိုဆိုးဝါး လာကြောင်း ဖော်ပြထားပါသည်။ ကုလသမ္မဂ ကမ္ဘာစားနပ်ရိက္ခာ အဖွဲ့အစည်းမှ ဒုက္ခရောက်နေသူ လူ ၅ သန်းကျော်အား အစားအစာနှင့် အထောက်အပံ့များ ကူညီရန် အမေရိကန် ဒေါ်လာ ၃၃၁.၅ သန်းတောင်းခံထားပါသည်။ ယင်း ရရှိလာသည် အလူငွေများကို အစားအစာ နှင့် သောက်သုံးရေးရရှိရေး တို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း။

နိုင်ငံတော် အငတ်ဘေး ကပ်ဆိုင်မူ့. အဓိက အကြောင်းအရင်းမှာ မိုးခေါင်ရေရှားမူ့ကြောင့် တနိုင်ငံလုံး ထိခိုက်ခံစားနေရကြောင်း၊ ထို့အတွက်ကြောင့် အစားအစာ လုံခြုံရေး နှင့် လုံလောက်ရေးကို ဦးစားပေးလုပ်ဆောင်ဖို့လိုအပ်ကြောင်း၊ ယခုလက်ရှိအခြေအနေတွင် လူပေါင်း ၅၁၅၀၀၀ ထိသာ စနစ်တကျထောက်ပံ့ပေ နေနိုင်ကြောင်း လာမည် ဇန်နဝါရီလ လောက်တွင် လူ နှစ်သန်းလောက်ထိ ထိရောက်စွာကူညီပေးသွား နိုင်မည်ဟု မျော်လင့်ကြောင်း၊ ယခုကဲ့သို့သော ဆိုးဝါးသည် အခြေအနေများ နောက်နှစ်များတွင်လည်း ဖြစ်ပေါ်လာနိုင်ကြောင်း ဇင်ဘာဘွေ ကမ္ဘာစားနပ်ရိက္ခာအဖွဲ့အစည်းမှ တာဝန်ခံ Ashley Baxstrom မှ ပြေားကြားခဲ့ပါသည်။

တချိန်က အာဖရိက၏ ပေါင်မုန့်ခြင်းတောင်းကြီး ဟုတင်စားခံခဲ့ရသော ဇင်ဘာဘွေ နိုင်ငံသည် ဝရုန်းသုံးကား နိုင်ငံရေးအခြေအနေကြောင့် အငတ်ဘေး ဆိုက်ကပ်ရသည့် အခြေအနေထိ ဆိုးဝါးသွားသော နိုင်ငံ တစ်နိုင်ငံဖြစ်ပါသည်။

By Kyi Maung
Photo credits to Vatican News

https://bit.ly/2OHEFxP

Add new comment

7 + 4 =