ဆွီဒင်နိုင်ငံရှိခရစ်ယာန်ဘာသာရေးခေါင်းဆောင်များစုပေါင်း၍ပထမအကြိမ်အွန်လိုင်း၀တ်စောင့်ခြင်း ကိုအတူတကွပြုလုပ်ခြင်း

ဆွီဒင်နိုင်ငံရှိခရစ်ယာန်ဘာသာရေးခေါင်းဆောင်များစုပေါင်း၍ပထမအကြိမ်အွန်လိုင်း၀တ်စောင့်ခြင်း ကိုအတူတကွပြုလုပ်ခြင်း

ဆွီဒင်နိုင်ငံရှိခရစ်ယာန်ဘာသာရေးခေါင်းဆောင်များစုပေါင်း၍ပထမအကြိမ်အွန်လိုင်း၀တ်စောင့်ခြင်း ကိုအတူတကွပြုလုပ်ခြင်း

ဆွီဒင်နိုင်ငံရှိကက်သလစ်နှင့်လူသာရင်ဘာသာရေးခေါင်းဆောင်များစုပေါင်း၍သန့်ရှင်းသော၀ိညာဉ်တော်ဘုရားပွဲနေ့အဖိတ်နေ့ညတွင်အစပြုမည်ဖြစ်သည်။ ဤ၀တ်စောင့်ခြင်းကိုအွန်လိုင်းမှပြုလုပ် မည်ဖြစ်၍ဤသို့ပြုလုပ်ခြင်းမှာပထမဆုံးအကြိမ်ဖြစ်သည်။ ၀တ်စောင့်ခြင်း၏ ဆင်ခြင်ရန်အဓိက ထောက်ရူချက်မှာ ‘ကျွန်ုပ်တို့၏အတွင်း၌ ဘုရားသခင်စံပ္ပာယ်ခြင်းနှင့်ပဋိပက္ခနှင့်ကြောက်ရွံ့ထိတ်လန့် ချိန်များ၌ငြိမ်သက်ခြင်း ရှိခြင်း’ ဖြစ်သည်။ ဤကြေငြာချက်နှင့်ဖိတ်ခေါ်ချက်ကိုကာဒီနယ် Anders Arborelius နှင့် လူသာရင်ဆရာတော် Karin Johannesson တို့ထံမှ ဖြစ်သည်။ ကာဒီနယ် Anders Arborelius သည် Stockholm သာသနာမှဖြစ်ပြီး၊ လူသာရင်ဆရာတော်မှ Uppsala မှဖြစ်သည်။

၀တ်စောင့်ခြင်းကိုလာမည့် မေလ (၃၀) ရက်နေ့ညတွင်အစပြုမည်ဖြစ်သည်။ ထိုနေ့သည်သန့် ရှင်းသော၀ိညာဉ်တော်ဘုရားဆင်း သက်မည့်တနင်္ဂနွေနေ့၏အဖိတ်ညဖြစ်သည်။ ၀တ်စောင့်ခြင်းသည် လာမည့်ဇွန်လ (၂၀) နေ့စနေနေ့အထိပြုလုပ်မည်ဖြစ်သည်။ ဤသို့ပြုလုပ် ရခြင်း၏ရည်ရွယ်ချက်ကို ‘လက်ရှိအခြေအနေကြောင့်ကြောက်ရွံ့စိုးရိမ်စိတ်များဖြစ်နေကြသောဘာသာတူများအားတည်ငြိမ်လေး နက်စွာပြန် လည်တုန့်ပြန်လိုသည်။ ကူညီလိုသည်’ ဟုဤအစီအစဉ်ကိုပူးတွဲရေးဆွဲသောဆရာတော်ကြီး များကဖြေကြားခဲ့သည်။ ထို့ကြောင့်လည်းဝဘ်ဆိုက် ကိုထောင်၍အခြေအနေကိုဖန်တီးခဲ့ရကြောင်း၊ စိတ် ၀င်စားသူအဘယ် သူမဆိုအခမဲ့ချိပ်စက်၍ပါ၀င်နိုင်၊ လေးနက်သောဝိညာဉ်ရေးအကြောင်း အရာများကို လေ့လာနိုင်၊ နားထောင်နိုင်၊ ဖတ်ရူနိုင်ပြီး၊ ဆုတောင်းမေတ္တာများ၊ ဗွီဒီယိုဖိုင်လ်များ၊ ထောက်ရူချက်များ ကိုရယူနိုင်ပါသည်။ အချို့ ဘာသာတူများအနေဖြင့်အလှူအဒါန်းပြုလိုပါကလည်းပြုနိုင်ကြောင်း၊ ထိုအ လှူတော်ငွေသည်ပြုပြင်မွမ်းမံရန်လိုအပ်သော ဆွီဒင်နိုင်ငံမှရသေ့ ကျောင်းနှစ်ကျောင်းအတွက်ပေးပို့မည် ဖြစ်ကြောင်း၊ ထိုရသေ့ကျောင်းနှစ်ကျောင်းမှာ Glumslov ရှိ
ကာလ်မဲလိုက်ကက်သလစ်ရသေ့ကျောင်း နှင့် Alsike ရှိပရိုတက်စတန်ရသေ့ကျောင်းတို့ဖြစ်ကြသည်။

ဆက်လက်၍ဆရာတော်များက ‘လက်ရှိအချိန်၌လူအတော်များများသည်အထီးကျန်ခံစားနေကြ ရသည်။ ထိုအထီးကျန်နေမှုကို ပို မိုလေးနက်သောအဓိပ္ပာယ်ဖြင့်အောင်မြင်ကျော်လွှားနိုင်ရန် သန့်ရှင်း သော၀ိညာဉ်တော်ဘုရားသည်ကျွန်ုပ်တို့ကိုကူညီပေးနိုင်ပေမည်။ လူတို့ သည်လည်းလက်ရှိအခြေအနေ ကိုလည်း ဘုရားသခင်အားနားထောင်နာခံတတ်ရန်သင်ကြားသောအချိန်အဖြစ်အသုံးပြုကြမည်ဟုယုံ ကြည် ကြောင်း၊ ထို့ကြောင့်၀ိညာဉ်ရေးအကျိုးအမြတ်အတွက်အတူတကွလုပ်ဆောင်ရန်အကြံအစည် များရရှိလာခဲ့ကြောင်း၊ သို့မှသာလူတို့သည် လည်းရုပ်ပိုင်းအတူတကွရှိမနေနိုင်သော်လည်း၊ စိတ်နှင့် ဝိညာဉ် အားဖြင့် ဆုတောင်းခြင်း၌အတူတကွပါ၀င်ပြီး၊ ၄င်းတို့၏စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုများကိုလျော့ ချကျော်နိုင်ပေမည်။

သာသနာတော်သည်အဆောက် အအုံတစ်ခုသက်သက်မျှမဟုတ်။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ ပေါင်းစည်းခြင်းအားဖြင့်သာသနာတော် ကြီးသည်ကမ္ဘာတစ်ဝှမ်းလုံးနှင့်ဆိုင် သောအဖွဲ့အစည်းဖြစ်သည်။ ထိုသန့်ရှင်းသောဝိညာဉ်တော် သည် ကျွန်ုပ်တို့အားယေဇူးသခင်နှင့်လည်း ကောင်း၊ အချင်းချင်းနှင့်သော်လည်းကောင်းပေါင်းစည်းပေးထားကြောင်းရှင်းပြခဲ့ကြသည်။

ဘာသာပြန်ဆိုသူ- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2TJRHLx

 

Add new comment

10 + 7 =