ဆွီဇာလန်ကာဒီနယ်ပျံလွန်

ဆွီဇာလန်ကာဒီနယ်ပျံလွန်

ဆွီဇာလန်ကာဒီနယ် Henri Schwery သည် သက်တော် (၈၈) နှစ်၌ပျံလွန်သွားခဲ့သည်။ သူသည်အမိကက်သလစ် သာသနာတော်ကြီး၏လက်ရှိ ကာဒီနယ် (၂၂၈) ပါးအနက်မှတစ်ပါးဖြစ်သည်။ တစ်ပါးလျော့သွားသောကြောင့်လက်ရှိ၌ (၂၂၇) ပါးသာသက်ရှိထင်ရှားရှိပြီး၊ ၄င်းတို့အနက် (၁၂၈) ပါးသာလျှင်သက်တော် (၈၀) အောက်ဖြစ်ကြပြီး၊ ၄င်းတို့သည်ရ ဟန်းမင်းကြီးရွေးချယ်ရန်လိုအပ်လာပါကမဲ့ပေးပိုင်ခွင့်ရှိသူများဖြစ်ကြသည်။ သူသည်တမန်တော်အမူတော်၌လည်းအလွန် တက်ကြွလှုပ်ရှားသကဲ့သို့သချာ်နှင့်ရူပဗေဒပညာရပ် ၌လည်းအလွန်ထူးချွန်သူဖြစ်သည်။ သို့သော်သူ၏သာသနာအတွင်း၌ Lefebvrian အတွေးအခေါ်၏စိန်ခေါ်မူကိုကြုံနေခဲ့ရသူဖြစ်သည်။ Lefebvrian ဆိုသူသည် (၁၉၈၈) ခုနှစ်ကဗာတီကန်၏ အသိအမှတ်ပြုခြင်းမခံရဘဲ ဆရာတော်လေးပါးကိုသိက္ခာထပ်ပေခဲ့သည်။ ဤသို့ပြုလုပ်ရခြင်းမှာရဟန်းမင်းကြီး၏ဩဇာခံ ရန်မလိုဟုပြသလိုက်ခြင်းဖြစ်သည်။ ထိုသို့ဖြစ်ပျက်ပြီးနှစ်များမကြာမီ ထိုစဉ်ကရဟန်းမင်းကြီးဖြစ်သောစိန့်ဂျွန်ပေါလ် (၂) Henri Schwery အားကာဒီနယ်အဖြစ် (၁၉၉၁) ခုနှစ်တွင်သိက္ခာထပ်ပေးခဲ့သည်။ ယခုပျံလွန်သွားသောကာဒီနယ်သည် ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) အားတင်မြောက်ရန်မဲပေးစဉ်ကပါ၀င်မဲပေးခဲံသည်။ ကာဒီနယ်သည် (၂၀၀၈) ခုနှစ် ကအမူတော်ထမ်းဆောင်ခြင်းမှအနားယူသွားခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: Rome Reports/Google Images

http://bit.ly/39hszmk

Add new comment

2 + 0 =