ဆွီစ်အစောင့် (ဗာတီကန်ရဲ) များလာမည့်အောက်တိုဘာလ (၄) ရက်နေ့၌ပရိသတ်များမပါဘဲ ကတိသစ္စာပြုကြမည်

ဆွီစ်အစောင့် (ဗာတီကန်ရဲ) များလာမည့်အောက်တိုဘာလ (၄) ရက်နေ့၌ပရိသတ်များမပါဘဲ ကတိသစ္စာပြုကြမည်

ဆွီစ်အစောင့် (ဗာတီကန်ရဲ) များလာမည့်အောက်တိုဘာလ (၄) ရက်နေ့၌ပရိသတ်များမပါဘဲ ကတိသစ္စာပြုကြမည်

ပုပ်ရဟန်းမင်းကြီး၏သက်တော်စောင့်ဆွီစ်အစောင့်များသည် လာမည့်အောက်တိုဘာလ (၄) ရက်နေ့၌ကတိသစွာပြုကြ မည်ဖြစ်သည်။ နှစ်စဉ်ဤအခမ်းအနားကိုလူထုပရိသတ်များနှင့်ကျင်းပခဲ့သော်လည်းယခုနှစ်၌မူကိုဗစ် (၁၉) ရောဂါကပ်ဆိုး ကြီးကြောင့်အခြေအနေမပေးတော့ပေ။ ဤကတိသစ္စာပြုခြင်းကိုအ စောပိုင်းက မေလ (၆) ရက်ဟုကြေငြာထားခဲ့သော် လည်းနောက်ဆုံးကြေငြာချက်၌မူ အောက်တိုဘာလ (၄) ရက်နေ့သို့ပြောင်းရွေ့ကျင်းပရန်ဆုံးဖြတ်ခဲ့ပြန်သည်။ အခမ်းအနား သို့မိဘများ၊ မိသားစု၀င်များ၊ ဧည့်သည်များလည်းပါ၀င်ခွင့်မပြုထားပေ။

ဤအခမ်းအနားသည်အမှုဆောင်ရန်ရွေး ချယ်ခံလူ ငယ်များအတွက်အလွန်အရေးကြီးသောကာလတစ်ခုဖြစ်သည်။ ဆွီစ်အစောင့်ကိုဗာတီကန်၌ယနေ့ထိတိုင် အောင်ခန့်ထားရ သည့်သ မိုင်းကိုပြန်လည်တူးဆွမည်ဆိုပါက (၁၅၂၇) ခုနှစ်၊ ရဟန်းမင်းကြီးကလဲမင်း (၇) လက် ထက်ရောမမြို့၀င်စီးခံရ ချိန် ၌ဆွီစ်အစောင့် (၁၄၇) ဦးအသက်ပေးကာကွယ်ခဲ့သည်အဖြစ်အ ပျက်မှအခြေခံသည်။ ဤအခမ်းအနားအစအဆုံးကိုတိုက် ရိုက် လွှင့်ထုတ်မည်ဖြစ်သည်။ ယခင်နှစ်ကရဟန်းမင်းကြီးသည်ဤအမှုတော်ကိုထမ်းမည့်လူငယ်များ၊ ၄င်းတို့၏မိသား စု၀င်များ နှင့်ရဟန်းမင်းကြီးသည်ရင်းနှီးစွာနှုတ်ဆက်ပြီး၊ ရောမ၌ဤအမှုတော်ထမ်းနေစဉ် ဆုံဆည်းကြမည့်သူများအား ‘ကြင်နာသော စကားနှင့်ညီအစ်ကိုရင်းစိတ်ဓာတ်ဖြင့်ပြောဆို ဆက်ဆံကြမည်ဖြစ်ပြီး၊ သို့ဖြင့်၄င်းတို့သည်ရှင်ပြန်ထမြောက်ပြီး၊ ပစွုပန်နှင့် ကာလအဆက်ဆက်အသက်ရှင်စိုးစံသောခရစ္ဆတူးကိုသက်သေခံ ရာလည်းရောက်မည်ဖြစ်ကြောင်းအားပေးမိန့်ကြားခဲ့သည်။

ဤအခမ်းအနားကိုစိန့်ပီတာဘုရားကျောင်းတော်ကြီးအတွင်း နံနက် (၇:၃၀) အချိန်တွင်မစ္ဆားတရားဖြင့်အစပြု မည်ဖြစ် သည်။ ကတိသစ္စာဆိုခြင်းအခမ်းအနားကိုမူညနေ (၅) အချိန်စိန့်ဒါမားဆုစ့်ရင်ပြင်တွင်ကျင်းပမည်ဖြစ်ပြီး၊ ရာသီဥတုအပေါ်မူ တည်၍အပြောင်းအလဲရှိပါရဟန်းမင်းကြီးပေါလ် (၆) ခန်းသို့ပြောင်းလဲကျင်းပရန်လျာထားပါသည်။

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

Photo credit: ANSA

https://bit.ly/2zzBcuG

Add new comment

1 + 1 =