ဆွိအစောင့်များ (သို့) ဗာတီကန်၏လုံခြုံရေး၀န်ထမ်းများကတိသစ္စာပြုသောနေ့ကိုဗစ် (၁၉) ကြောင့်ရွေ့ဆိုင်းထားရ

ဆွိအစောင့်များ (သို့) ဗာတီကန်၏လုံခြုံရေး၀န်ထမ်းများကတိသစ္စာပြုသောနေ့ကိုဗစ် (၁၉) ကြောင့်ရွေ့ဆိုင်းထားရ

ဆွိအစောင့်များ (သို့) ဗာတီကန်၏လုံခြုံရေး၀န်ထမ်းများကတိသစ္စာပြုသောနေ့ကိုဗစ် (၁၉) ကြောင့်ရွေ့ဆိုင်းထားရ

ကိုဗစ် (၁၉) ၏ဂရက်သည်မသေးလှပေ။ ဗာတီကန်၏လုံခြုံရေး၀န်ထမ်းများဟုလူသိများသော ဆွိအစောင့်များသည်နှစ်စဉ်မေလ (၆) ရက်နေ့၌၀န်ထမ်းအသစ်များကတိသစ္စာပြုလေ့ရှိသည်။ ယခု နှစ်၌မူကိုဗစ် (၁၉) ကြောင့်လာမည့်အောက်တိုဘာလ (၄) ရက်နေ့သို့ပြောင်းရွေ့သတ်မှတ်လိုက်သည်။

သို့သော်ပြီးခဲ့သောအပတ်ဗုဒ္ဓဟူးနေ့၌မူ ရောမ၀င်စီးခံရ (Sack of Rome) ၏ နှစ်ပတ် လည်ကိုမူဧည့် သည်များတက်ရောက်ခြင်းမရှိဘဲအခမ်းအနားကျင်းပနေပုံကိုအင်တာနက်မှသာထုတ်လွှင့်ခဲ့သည်။
ဆွိစ် လုံခြုံရေး၀န်ထမ်းများသည် (မေလ၊ ၆၊ ၁၅၂၇) ခုနှစ်က Santa Maria of the Pieta ဘုရားကျောင်းတွင် တိုက်ပွဲဖြစ်ခဲ့သောကြောင့်ယခုနှစ်၌ (၄၉၃) ကြိမ်မြောက်နှစ်ပတ်လည်နေ့အခါသမယဖြစ်သည်။ ထိုအ ခမ်းအနား၌ဗာတီကန်၀င်းအတွင်းရှိရောမဓမ္မအာဇာနည်များရင်ပြင်တွင်ပန်းခွေများချခဲ့ကြသည်။ ၄င်း နောက်စစ်မှူထမ်းကောင်း (၁၅) ဦးအားရဟန်းမင်းကြီးမှပေးအပ်သောဂုဏ်ပြုဆုတံဆိပ်များကို၀န် ထမ်းများ၏အကြီးအကဲမှချီးမြှင့်ပေးခဲ့ သည်။
မစ္ဆားပူဇော်ခြင်းပြီးဆုံးသွားသောအခါဆွိစ်လုံခြုံရေး၀န်ထမ်းများသည်ဓမ္မအာဇာနည်ရင်ပြင်သို့ချီတက်သွားကြပြီး၊ ဂါရ၀ပြုခဲ့ကြသည်။ ထိုနေရာတွင်စိန့်ပီတာအပါအ၀င်ရှေးဦးဓမ္မအာဇာနည်များသွေး မြေကျခဲ့သောနေရာဖြစ်သည်။ ဆွိစ်လုံခြုံရေး၀န်ထမ်းများသည်အမှန် ဆိုသော် ဗာတီကန်၏လုံခြုံရေးကို ပေးနေသောရဲများဖြစ်သည်။ ဤအဖွဲ့အစည်းသည်ဦးရေအနည်းဆုံးဖြစ်သကဲ့သို့၊ သက်တမ်းအကြာဆုံး ရဲ (စစ်တပ်) လည်းဖြစ်သည်။

အမမ်းအနား၌ဆွိစ်လုံခြုံရေး၀န်ထမ်းများ၏တာ၀န်ခံအကြီးအကဲဖြစ်သော Christoph Graf မှမိန့်ခွန်းပြောကြားသည်။ သူ၏မိန့်ခွန်းထဲ၌ (၁၅၂၇) ခုနှစ်၏အဖြစ်အပျက်ကိုရှင်းပြသည်။ ထိုစစ်ပွဲကို Sack of Rome ဟုအမည်တွင်ရစ်သည်။ ထိုတိုက်ပွဲ၌ဆွီလုံခြုံရေး၀န်ထမ်း (၁၄၇) ဦးသည်ထိုစဉ်ကရ ဟန်းမင်းကြီးဖြစ်သောကလေးမင်း (၇) အားကာကွယ်ပေးရင်းအသက်ဆုံးရှုံးခဲ့ရသည်။ ၀င်စီးသောရန် သူမှာရောမအင်ပါယာဖြစ်သည်။
ထိုအရေးအခင်း၌ရဟန်းမင်းကြီးသည်ဗာတီကန်မှကောင်းကင်တမန်ရဲတိုက် (Castel Sant’Angelo) သို့မြေအောက်ဥမှင်မှထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ဤအဖြစ်အပျက်သည်ဆွီစ် လုံခြုံရေးသမိုင်း၌အလွန်အခရာကျလှသောမမေ့အပ်သည့်အဖြစ်အပျက်ဖြစ်သည်။ မိန့်ခွန်းအဆုံး၌ပန်း ခွေကြီးတစ်ခွေကိုအောက်မေ့သတိရသည့်အနေဖြင့်ချကြသည်။

နှစ်စဉ်ဤအခမ်းအနားကိုဧည့်သည်များ၊ ကိုယ်စားလှယ်များ၊ ဆွိစ်ဇလန်နိုင်ငံအစိုးရ၊ ဆွိစ်ဇလန် နိုင်ငံ၏ကက်သလစ်ဆရာတော်ကြီးများအဖွဲ့များလည်းတက်ရောက်ကျင်းပခဲ့သည်။ အခမ်းအနားတွင် ဆွိစ်ရဲများ၏မိသားစုများ၊ မိတ်ဆွေများ၊ ယခင်ဆွိစ်ရဲအဖြစ်အမူထမ်းခဲ့ကြသောစစ်မှူထမ်းဟောင်းများ လည်းလာရောက်လည်ပတ်ပါ၀င်ကြသည်။ ယခင်နှစ်များ၌စင်မြှင့်ဖျော်ဖြေပွဲများ၊ ရဟန်းမင်းကြီးနှင့် တွေ့ဆုံခွင့်များလည်းပါ၀င်ခဲ့သည်။
မေလ (၆) ရက်နေ့အခမ်း အနား၏မစ္ဆားတရားကိုဦးဆောင်ပူဇော်ပေးခဲ့သူများမှာဗာတီကန်ပြည် နယ်၏အတွင်းရေးမှူး Msgr. Luigi Roberto Cona ဖြစ်ပြီး၊ သူ၏ဩ၀ါဒထဲတွင်ဆွိစ်ရဲများအမူထမ်း နေစဉ်ယေဇူးသခင်ကိုအမှန်တကယ်ဆုံတွေ့နိုင်ရန်၊ ထို့အတူကျစ်လစ်ခိုင်မာသောအဖွဲ့အစည်းတစ်မျှ သာမဟုတ်သောအမိသာသနာတော်ကြီးကိုလည်းဆုံဆည်းပြီး၊ ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်၊ ဤ ကဲ့သို့ပြုလုပ်ခဲ့သည်မှာယခုဆိုလျင်နှစ်ပေါင်း (၅၀၀) ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ ထို့ကြောင့်လုံခြုံရေးပေးရုံမျှ သောအသင်းအဖွဲ့တစ်ခုသာမဖြစ်စေဘဲအသက်ရှင်သောယေဇူးသခင်နှင့်ဆုံဆည်းထားသော၊ ယေဇူးသ ခင်ကိုချစ်သော၊ ထိုသခင်အားနေ့စဉ်အသက်တာ၌စေခံသောအဖွဲ့အစည်းဖြစ်ပါစေ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည်လည်းနေ့စဉ်ရှေ့ဦးဓမ္မအာဇာနည်ခရစ်ယာန်များအားပုံတုယူကျင့်ကြံနေကြသည်။ ထို့အတူသင်တို့၏နောင်တော်ဆွီစ်ရဲများလည်းလွန်ခဲ့သော (၁၅၂၇) ကသမိုင်း၀င်အဖြစ်အပျက်တွင်အ သက်ပေး၍ကာကွယ်ခဲ့ကြသကဲ့သို့ကျွန်ုပ်တို့လည်း၄င်းတို့ကဲ့သို့သွေးမသွန်းသော်လည်းနေ့စဉ်အမူတော် ကိုအကောင်းဆုံးထမ်းဆောင်ခြင်းဖြင့်ပေးဆက်နိုင်ပါကြောင်းမိ န့်ကြားသွားခဲ့သည်။

ဘာသာပြန် ဖာသာရ် ကလဲမင့်အားတယ်

Photo credit: Bohumil Petrik/CNA

https://bit.ly/3dvZFPI

 

Add new comment

1 + 17 =