ဆွဇ်အစောင့်အကြပ် ၄ ဉီး၌ ကိုဗစ် ပိုးတွေ့ရှိ

ဆွဇ်အစောင့်အကြပ် ၄ ဉီး၌ ကိုဗစ် ပိုးတွေ့ရှိ

ဆွဇ်အစောင့်အကြပ် ၄ ဉီး၌ ကိုဗစ် ပိုးတွေ့ရှိ

ပုပ်ရဟန်းမင်းကြီး၏ သက်တော်စောင့် များဖြစ်ကြသည့် ဆွဇ်အစောင့်ရဲများထဲမှ ၄ဉီးမှာ ကိုဗစ် ပိုးတွေ့ရှိရကြောင်း ကို တနင်္လာနေ့က ဗာတီကန်က အတည်ပြုကြေငြာခဲ့ပါတယ်။

ပိုးတွေ့ရှိထားသည့် ဆွဇ်သက်တော်စောင့် ၄ဉီး ကို သီးသန့်ထားရှိ​ကာ စောင့်ရှောက်မှုပေးနေကြောင်း နှင့် ၎င်း တို့နှင့် ဆက်စပ်မှုရှိမည့်သူများကိုလည်း စစ်ဆေးမှုများပြုလုပ်နေကြောင်းဖြင့် ဗာတီကန်သတင်းတိုက်ရဲ့ ဒါရိုက်တာ မာတေးယိုဘရူးနီက အောက်တိုဘာ ၁၂ ရက် သတင်းထောက်များရဲ့ အမေး ကို ဖြေကြားခဲ့တာပါ။

ထုတ်ပြန်ထားသော ကိုဗစ်စည်းမျဉ်း စည်းကမ်းများအားလုံးကို ဆွဇ်သက်တော်စောင့်များလည် လိုက်နာကြရမည်ဖြစ်ကာ တာဝန် အတွင်းသော်၎င်း တာဝန်ပြင်ပ၌သော်၎င်း Mask တပ်ကြရမည်ဖြစ်ကြောင်း နှင့် ဗာတီကန်အတွင်း အခြားပိုးတွေ့လူနာ ၃ ဉီးလည်းရှိထားတယ်လို့ဆိုပါတယ်။

ကိုဗစ် ပထမလှိုင်းအတွက် အီတလီဟာ ဉရောပ မှာ အဆိုးဆုံးခံခဲ့ရတဲ့ နိုင်ငံဖြစ်ကြောင်း၊ အောက်တိုဘာ ၁၂ ရက်နေ့အထိ စစ်တမ်းအရ အီတလီမှာ ပိုးတွေ့လူနာ ၃၅၄၀၀၀ နှင့် ၃၆၁၆၆ ဉီးသေဆုံးပြီးဖြစ်ကြောင်း

ဆွဇ်သက်တော်စောင့် အသစ်တပ်ဖွဲ့ ၃၈ ဉီး ကို အောက်တိုဘာ ၂ ရက်နေ့မှာ အရှင်သူမြတ်ပုပ်ဖရန်စစ်က လက်ခံတွေ့ဆုံခဲ့ပြီး၊ "သင်တို့ဒီမှာရှိနေ့တဲ့အချိန်အတွင်းမှာ၊ ညီရင်းအကိုစိတ်ထားနဲ့ တစ်ဉီးနဲ့တစ်ဉီး ယိုင်းပင်းကူညီကာ ပျော်ရွှင်စရာ ခရစ်ယာန်ဘဝအသက်တာကို ပုံဖော်နေထိုင်နိုင်ကြပါစေ" လို့ တရားပေးကာ ကောင်းကြီးစကားမြွက်ကြားခဲ့ပါတယ်။ CNA News

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of : Daniel Ibáñez/CNA

https://bit.ly/3lFlmAX

Add new comment

5 + 10 =