ဆေးကြောခြင်းမင်္ဂလာ ပေးရာ၌ အောင်မြင်စွာပေးနိုင်ရန်သိမှတ်စရာများ

ဆေးကြောခြင်းမင်္ဂလာ ပေးရာ၌ အောင်မြင်စွာပေးနိုင်ရန်သိမှတ်စရာများ

ဆေးကြောခြင်းမင်္ဂလာ ပေးရာ၌ အောင်မြင်စွာပေးနိုင်ရန်သိမှတ်စရာများ

            ဆေးကြောခြင်းပေးခြင်းကို မင်္ဂလာဟုခေါ်ပြီး မဂ်လာမဲ့စွာကျင်းပရန်မသင့်ပေ။ ထို့ကြောင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကိုသိထားသင့်လှပါသည်။ အချို့ ဘုရားအမှုတော်ဆောင်များကား ဘုရားသခင်အားလုံးစုံကိုသိသည်ဟုဆိုကာ ပေါ့ပေါ့တန်တန်လုပ်ဆောင်ရွက်တတ်ကြသည်။ ပြင်ဆင်ရန်အချိန်ကောင်းစွာရသော်လည်း မိမိဖက်မှပြင်ဆင်ရန်ပျက်ကွက်ခြင်းသည် မိမိ၏အမှုတော်အပေါ် စိတ်၀င်စားမှု၊ တန်ဖိုးထားမှုမရှိခြင်းဖြစ်သည်။

            ဆေးကြောခြင်းပေးသည့် ဆုတောင်းမေတ္တာမှာ ‘(ဆေးကြောခြင်းအမည်နှင့်မိဘမှည့်ထားပေးသောအမည်ခေါ်၍) ကျွန်ုပ်သည် သင့်အား ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော၀ိညာဉ်တော်၏နာမတော်မြတ်၌ ဆေးကြော၏’ ဟုဖြစ်ပါသည်။ အမှုဆောင်သည် ထိုသို့ရွတ်ဆိုနေစဉ် ဆေးကြောခြင်း မင်္ဂလာ ရေကို ဆေးကြောခြင်းခံယူ သူ၏နဖူးမှလောင်းချပေးရသည်။ လောင်းချရာတွင် စီးဆင်းသွားရမည်။ ရေစီးမှသာ အညစ်အကြေးကိုသယ်ဆောင်သွားသည်ဟုဆိုလိုသည်။ ဆေးကြောခြင်းပေးရာ၌ ဆေးကြောခြင်း မင်္ဂလာ ရေကို နဖူးမှလောင်းချ၍သော်လည်းကောင်း၊ နှစ်၍သော်လည်းကောင်း ပေးခွင့်ရှိပါသည်။ ဘုရားစကားတန်းမှရလိုက်သောအသိအရ ဆေးကြော ခြင်းမဂ်လာခံယူထားသူတိုင်းဆေးကြောခြင်းပေးပိုင်ခွင့်ရှိသည်ဟုဆိုပါသည်။ သို့သော် အရေးအပေါ်အခြေအနေမျိုး၌ ဆေးကြောခြင်း မင်္ဂလာ ကိုဆောင်ရွက်ပေးသောအ မှုတော်ဆောင်မရှိသည့်အခြေအနေမျိုး၌ဆိုလိုခြင်းဖြစ်သည်။ သာမန်အားဖြင့် သိက္ခာတင်ထားသော ဦးပဥ္စင်းမှစ၍ သိက္ခာထပ်ထားသော ကက်သလစ်ရဟန်းတော်များ ဖြစ်ကြသည်။ ကက်သလစ်သာသနာတော်ကြီးအနေဖြင့် မည်သည့်နေရာ၊ မည်သည့်အခြေအနေ၊ မည်သူ့ကိုဖြစ်စေ ဆေးကြောခြင်းပေးရာ၌ အခြားဆုတောင်းမေတ္တာ များဖြင့်ပေးလေ့မရှိသကဲ့သို့၊ ပေး၍လည်းမရပေ။ ဤအကြောင်းအရာများနှင့်ပတ်သက်၍ မေးခွန်းများမေးမြန်းထားကြသည်။

၁။ အချို့သောကက်သလစ်ရဟန်းတော်များသည် ကက်သလစ်ဘာသာတူများအား ဆေးကြောခြင်းပေးရာတွင်မအောင်မမြင်ပေးခဲ့သည်များရှိခဲ့ပါသလော။

            ဩဂုတ်လ (၂၀၂၀) ခုနှစ်မှာ ယုံကြည်ခြင်းဆိုင်ရာသွန်သင်ချက်ရုံးတော်ကထုတ်ပြန်သော ရဟန်းမင်းကြီးဖရန်စစ်အတည်ပြုထားသည့် ကြေညာချက်ထဲ၌ ဆေးကြောခြင်းပေးစဉ်က ရဟန်းတော်သည် ‘ကျွန်ုပ်တို့’ ဟူသော နာမ်စားကိုအသုံးပြု၍ ဆေးကြောပေးသည်ကိုခံယူခဲ့ရသော ကက်သလစ်ဘာသာတူများအနေဖြင့် ဆေးကြောခြင်းစက္ကရာမင်တူးမအောင်မြင်’ ဟုအတိအလင်းကြေညာထားသည်။ ‘ကျွန်ုပ်တို့’ ဟူသောနာမ်စားသည် ‘အများကိန်း’ ကိုဆောင်သည်။ သို့သော် အမှန်တ ကယ်ဆေးကြောခြင်းပေးသူမှာ ယေဇူးသခင်ဖြစ်သည်။ အချို့သော ရဟန်းတော်များသည် အတွန့်တက်၍ ‘ခမည်းတော်၊ မိခင်၊ ခေါင်းကိုင်ဖခင်၊ ခေါင်းကိုင်မိခင်၊ အဖိုးအ ဖွားများ၊ ဆွေးမျိုးများ၊ မိတ်ဆွေများ၊ ဘာသာတူအဖွဲ့အစည်း၏နာမတော်၌ ကျွန်ုပ်တို့သည် သင့်အား ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော၀ိညာဉ်တော်၏နာမ တော်မြတ်၌ဆေးကြောပါသည်’ ဟုရွတ်ဆို၍ပေးလေ့ရှိသည်။ ညွှန်ကြားထားသည့်အတိုင်းမပြုလုပ်ဘဲ စက္ကရာမင်းတူကို အောင်မြင်စွာကျင်းပပေးပြီဟုမှတ်ထင်၍မရ။ အဘယ်ကြောင့်ဆိုသော် အဆိုပါအခမ်းအနားသည် စက္ကရာမင်တူးကိုကျင်းပခြင်းမဟုတ်။ ကျင်းပသည်ဟုထင်မှတ်စေရန်သာပြုလုပ်ခြင်းဖြစ်သည်။     

၂။ သို့ဖြစ်လျှင် စက္ကရာမင်တူးမအောင်မမြင်ခံယူရသူများအတွက် အဘယ်သို့ဖြစ်မည်နည်း။

            ဦးပဥ္စင်းဖြစ်စေ၊ ရဟန်းတော်ဖြစ်စေ ဆေးကြောခြင်းပေးရာ၌ သာသနာကညွှန်ကြားထားသော ဆုတောင်းမေတ္တာကိုမရွတ်ဆိုဘဲ ပေးခဲ့သည်ဆိုပါက ထိုအခြေအ နေမျိုး၌ ဆေးကြောခြင်းခံခဲ့သူများ၏ ဆေးကြောခြင်းကိုပြန်လည်ဆန်းစစ်ရမည်။ မကြာမီက အမေရိကန်ပြည်ထောင်စု၊ Phoenix သာသနာ၌ ဤသို့သောအဖြစ်အပျက် မျိုးဖြစ်ခဲ့သည်။ ထိုသာသနာ၌အမှုထမ်းနေသော ရဟန်းတော်တစ်ပါးသည် သာသနာတော်ကြီးက ခွင့်မပြုသောဆုတောင်းမေတ္တာဖြင့်ဆေးကြောခြင်းပေးခဲ့သည်မှာ  သူ ၏ရဟန်း၀ါတော်နှစ် (၂၀) ကျော်ခဲ့ပြီဖြစ်သည်။ ထိုရဟန်းတော်မှာ Andres Arango ဖြစ်သည်။ သူသည် သူ၏ပေါ့ဆမှုအတွက်တောင်းပန်ခဲ့သည်။ သူဆေးကြောခြင်း ပေးခဲ့သောသူတို့အား သာသနာမှတစ်ဖြေးဖြေးခြင်းပြန်လည်စီစစ်ဖော်ထုတ်၍ကူညီလျှက်ရှိသည်။   

၃။ သို့ဖြစ်လျှင် အလွန်ဆိုးရွားသလော။

            ဆေးကြောခြင်းစက္ကရာမင်တူးသည် ယေဇူးသခင်ကိုယုံကြည်သူတို့အတွက် အမှန်ပင်ဆိုးရွားလှသည်။ အဘယ်ကြောင့်ဆိုသော် ဆေးကြောခြင်းခံယူပြီးမှသာ အပြစ်ရင်းကိုဆေးကြောပြီး၍ ဘုရားသခင်၏သားသမီးတင်းပြည့်ကျပ်ပြည့်ဖြစ်သွားသည်။ ကက်သလစ်သာသနာတော်ကြီး၏ ဘုရားစကားစာအုပ်၌ (CCC) ‘ဆေးကြော ခြင်းသည် ခရစ်ယာန်တို့၏အခြေခံအသက်တာ ဖြစ်သည်။ ၀ိညာဉ်တော်အားဖြင့် အသက်တာ၏၀င်ပေါက်ဖြစ်သည်။ အခြားသောစက္ကရာမင်တူးကိုခံယူနိုင်စေသော တံခါး ပေါက်ဖြစ်သည်။ ဤတံခါးကြီးပွင့်သွားလျှင် အခြားသောစက္ကရာမင်တူးအားလုံးကိုခံယူနိုင်သည်။ ဆေးကြောခြင်းစက္ကမင်တူးအားဖြင့် အပြစ်များမှကင်းလွှတ်သည်။ ဘု ရားသခင်၏သားတော်အားဖြင့် အသစ်ပြန်လည်မွေးဖွားခြင်းဖြစ်သည်။ ကျွန်ုပ်တို့အားလုံး ခရစ္စတူးသခင်၏အဖွဲ့၀င်များဖြစ်လာသည်။ သူတည်ခဲ့သော သာသနာတော် ကြီးနှင့်ပူးပေါင်းသွားသည်။ သူ၏လုပ်ငန်းဆောင်တာများကို ၀ိုင်း၀န်းလုပ်ဆောင်ရသည်။ အကယ်၍ ဆေးကြောခြင်းမင်္ဂလာ ခံယူခြင်းမရှိသေးပါက အခြားသောစက္ကရာ မင်တူးကိုခံယူ၍မရပေ။ ယျေဘုံယအားဖြင့် ဆေးကြောခြင်းစက္ကရာမင်တူးကို မအောင်မမြင်ခံယူသူနည်းပါးပါသည်။ ရဟန်းမဟုတ်ဘဲ ရဟန်းဟန်ဆောင်၍ဆေးကြော ခြင်းပေးသူများမှပေးသောဆေးကြောခြင်းကို မသိဘဲခံယူလိုက်သည့်အခြေအနေမျိုး၌ဖြစ်တတ်ပါသည်။   

            ဗာတီကန်ရုံးတော်မှာ ပြတ်သားတိကျသည့် (၂၀၂၀) ကြေညာချက်ထွက်ပေါ်လာပြီးနောက် ဆေးကြောခြင်းခံယူစဉ်က ရိုက်ကူးထားသော ဗွီဒီယိုမှတ်တမ်းများ ကိုပြန်ကြည့်မိ၊ ၄င်းတို့ရွတ်ဆိုသောဆုတောင်းမေတ္တာများကို ပြန်နားထောင်ကြည့်မှကွဲလွဲနေကြောင်းသတိထားမိလာကြသည်။ အမေရိကန်ပြည်ထောင်စု၊ Oklahoma မြို့မှဖာသာရ် Zachary Boazman သည် ဤအခြေအနေမျိုးဖြစ်ခဲ့သည်။ သူဆေးကြောခြင်းခံစဉ်ကမှတ်တမ်းရိုက်ကူးထားခဲ့သော ဗွီဒီယိုဖိုင်လ်ကိုပြန်ကြည့်မှသိလိုက်ရ သည်။ သူ့အားဆေးကြောခြင်းပေးခဲ့သူမှာ Dallas သာသနာမှဦးပဥ္စင်းတစ်ပါးဖြစ်သည်။ ဦးပဥ္စင်းဆေးကြောခြင်းပေးစဉ် ရွတ်သောဆုတောင်းမေတ္တာသည် မှားယွင်းနေခဲ့ သည်။ Detroit သာသနာမှ ဖာသာရ် Matthew Hood လည်း သူ့အားဆေးကြောခြင်းပေးခဲ့သောအခမ်းအနားမှတ်တမ်းဗွီဒီယိုကိုပြန်ကြည့်ရာ ထိုဦးပဥ္စင်းလည်း ဆေး ကြောခြင်းပေးစဉ်ရွတ်ဆိုရသောဆုတောင်းမေတ္တာအမှားကိုရွတ်ဆို၍ပေးခဲ့သည်ကိုသတိထားမိလိုက်သည်။ ဤအဖြစ်အပျက်နှစ်ခုလုံး၌ ဆေးကြောခြင်းမအောင်သော ကြောင့် ၄င်းတို့သည် ရဟန်းများပင်မဟုတ်တော့ပေ။ ထို့အတူ ခရစ်ယာန်များလည်း တင်းပြည့်ကျပ်ပြည့်ခရစ်ယာန်များမဟုတ်ပေ။ အောင်မြင်သောဆေးကြောခြင်းအ တွက်ပြန်လည်ဆေးကြောခြင်းခံရန်မလိုသော်လည်း မအောင်မြင်သောဆေးကြောခြင်းကိုမှုပြန်လည်ခံယူရမည်ဖြစ်သည်။ ခရစ္စမားအားပေးခြင်း၊ ဦးပဥ္စင်းသိက္ခာ၊ ရဟန်း သိက္ခာထပ်ခြင်းကိုပြန်လည်ခံယူရမည်ဖြစ်သည်။ ဤအခြေအနေများကိုပြန်လည် ပေါင်းစပ်ကြည့်လိုက်မည်ဆိုပါက အထက်ကဆိုခဲ့သော ဆုတောင်းမေတ္တာအလွဲဖြင့် ဆေးကြောခြင်းခံခဲ့သော ရဟန်းနှစ်ပါးပေးခဲ့သော စက္ကရာမင်တူးများ၊ ဖန်ဆင်းခဲ့သော ကိုယ်တော်မြတ်များမအောင်ခဲ့ပေ။  

၄။ ဗာတီကန်အနေဖြင့် ဤအမှုတွဲကိုအဘယ်သို့ဆုံးဖြတ်မည်နည်း။

            (၂၀၂၀) ၏ကြေညာချက်သည် ဗာတီကန် (၂) ဓမ္မညီလာခံကြီး၏ဆုံးဖြတ်ချက် ‘Sacrosanctum Concilium’ အားကိုးကား၍ ‘အဘယ်သူမျှခြွင်းချက်မရှိရ။ ရဟန်းဖြစ်စေ သာသနာတော်ကြီးမှာအတည်ပြုထားသော ၀ိနည်းတော်၌ မိမိစိတ်သဘောဖြင့် မည်သည့်ဖြည့်စွက်ခြင်း၊ ဖြတ်တောက်ခြင်း၊ ပြောင်းလဲခြင်းများကိုလုပ် ပိုင်ခွင့်မရှိ’ ဟုပြဌာန်းထားကြောင်းဆိုပါသည်။

၅။ အဘယ်ကြောင့် ‘ကျွန်ုပ်တို့’ ဟုသုံးနှုန်းသောကြောင့် ဆေးကြောခြင်းမအောင်မြင်ဖြစ်ရသနည်း။

            ‘ခရစ္စတူးသခင်ကိုယ်တော်တိုင် စက္ကမင်တူးများကိုတည်ဆောက်ခဲ့သည်။ သာသနာတော်ကြီးအား ပေးအပ်ထားခဲ့သည်’ ဟု (၂၀၂၀) ထုတ် ကြေညာချက်၌ဖော်ပြ ထားသည်။ သာသနာတော်ကြီးက ဤစက္ကရာမင်တူးများ ကျင်းပပုံများကိုထိန်းသိမ်းစောင့်လာခဲ့သည်။ ၄င်းအပြင် ကျမ်းချက်များဖြင့် အတိအကျဖော်ပြထားသောစက္ကရာ မင်တူးများသည် ခရစ္စတူးသခင် အဘယ်သို့ကျင်းပခဲ့သည်မှာ အလွန်ရှင်းလင်းပြီး၊ သာသနာတော်ကြီးကလိုက်နာလာခဲ့ခြင်းဖြစ်သည်။ စက္ကမင်တူးအောင်မြင်ခြင်း၊ မ အောင်မြင်ရခြင်းသည် စက္ကရာမင်တူးကိုတည်ထောင်သူ ခရစ္စတူးသခင်အား အသိအမှတ်ပြုခြင်း၊ မပြုခြင်းအပေါ်မူတည်နေပါသည်။  ဆေးကြောခြင်းစက္ကမင်တူးအား တစ်စုံတစ် ယောက်ကပေးသည်မှန်သော်လည် အမှန်တကယ်ပေးနေသောသူမှာ ထိုသူမဟုတ်။ ခရစ္စတူးဖြစ်သည်။ မိဘများ၊ အဖိုးအဖွားများ၊ အသင်းအဖွဲ့၏အခန်း ကဏ္ဍကိုမှု ဆေးကြောခြင်းပေးခြင်းအခမ်းအနား၏အစောပိုင်းတွင်ဖော်ပြပြီးဖြစ်သည် ဟုအဆိုပါ ကြေညာချက်က ရှင်းပြထားပါသည်။  

            ယခုတင်ပြသောအခြေအနေများကိုထောက်လျှင် ဆေးကြောခြင်းပေးသည့် ရဟန်းတော်များ၊ ဦးပဥ္စင်များအနေဖြင့် မိမိတို့၏အမှုတော်၌ပေါ့လျော့မှု၏ နောက် ဆက်တွဲဆိုးကျိုးများသည် မိမိတို့အပေါ်၌မှီးနေသည်မဟုတ်ဘဲ မီးခိုးကြွက်လျှောက်လိုက်သွားသည်ကိုသတိရှိသင့်လှသည်။ ထို့ကြောင့် ယခုအခါ ဆေးကြောခြင်း မင်္ဂလာ ကိုပေးရန်ဘုရားကျောင်းဖြစ်စေ၊ ဆေးကြောခြင်းပေးရန်သတ်မှတ်ထားသောနေရာ၌ဖြစ်စေ ဆေးကြောခြင်းခံမည့်ကလေးမိဘများ၊ ဆွေမျိုးသားချင်းများ၊ အသိမိတ်ဆွေ များ၊ ခေါင်းကိုင်မိဘများအနေဖြင့ ဆေးကြောခြင်းမဂ်လာပေးစဉ် ရဟန်းတော်များရွတ်ဆိုသောဆုတောင်းမေတ္တာကိုလည်း စပ်စုလို၍မဟုတ်။ မိမိတို့သားသမီးများ၏ ၀ိညာဉ်ရေးကျေးဇူးများမဆုံးရှုံးစေရန်အတွက် သတိထားနားထောင်သင့်လှပါသည်။ 

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of Catholic World Report

https://bit.ly/3sC1UKI

Add new comment

12 + 0 =