ဆေးကြောခြင်း  မင်္ဂလာ မခံယူမီနှင့်ခံယူအပြီးရုတ်ချည်းပြောင်းလဲ သွားသောကလေး လေး၏ ဓာတ်ပုံ လူမှုကွန်ရက်၌ လူပြောများနေ

ဆေးကြောခြင်း  မင်္ဂလာ မခံယူမီနှင့်ခံယူအပြီးရုတ်ချည်းပြောင်းလဲ သွားသောကလေး လေး၏ ဓာတ်ပုံ လူမှုကွန်ရက်၌ လူပြောများနေ

ဆေးကြောခြင်း  မင်္ဂလာ မခံယူမီနှင့်ခံယူအပြီးရုတ်ချည်းပြောင်းလဲ သွားသောကလေး လေး၏ ဓာတ်ပုံ လူမှုကွန်ရက်၌ လူပြောများနေ

 

 အလွန်အံ့ဩစရာကောင်းသော လှပသည့် သမီးလေး၏ ဆေးကြောခြင်းမခံယူမီနှင့်ခံယူအပြီး မှတ်တမ်း ရိုက် ကူးထားသောပုံကို လူမှုကွန်ရက် ‘ဖေ့စ်ဘွတ်ခ်’စာမျက်နှာတွင် တင်ခဲ့ရာ မှ လူကြည့်အလွန်များခဲ့သည်။ ထိုပုံ၏အောက်၌လည်း ‘ငါတို့ ရင်သွေးတွေကို မွေးပြီးတာနဲ့ အမြန်ဆုံးဆေးကြောခြင်း မင်္ဂလာ ကိုခံယူခိုင်းကြပါစို့’ ဟုလည်း စာတိုလေးရေး၍ ခရစ် ယာန်မိဘများအားတိုက်တွန်းထားသေးသည်။

 ဤပုံကို အဆိုပါကလေးလေးအား ဆေးကြောခြင်းပေးသော ဖာသာရ် Gabriel Vila Verde ကသူ၏လူမှု ကွန်ရက်ပေါ်တွင်တင်လိုက်ခြင်းဖြစ်သည်။ ဆေးကြောခြင်းခံယူသောကလေးအား Maria Flor အမည်ဖြင့်ဆေး ကြောခြင်းပေးခဲ့သည်။ ဤသို့တင်လိုက်ရခြင်းမှာ ထင်ပေါ်လို၍၊ ကျော်ကြား လူသိများ လို၍မဟုတ်။ ဘာသာရေးအ နှစ်သာရကိုပေးလို၍ဖြစ်ကြောင်း၊ ထိုဘာသာရေးအနှစ်သာရကတော့ ဆေးကြောခြင်းမခံမီနှင့်ဆေးကြောခြင်းခံယူအပြီး ယုံကြည်ခြင်းအားဖြင့် ကလေး၏ ၀ိညာဉ်ရေး အခြေအနေသာပြောင်းလဲသွားခြင်းမဟုတ်ပဲ  မြင်သာသိသာသော ရုပ်ပိုင်းဆိုင်ရာ လည်းလုံး၀ ပြောင်းလဲသွားသည်ကို မိဘများအားသိရှိစေလိုသောရည်ရွယ်ချက်ဖြင့် တင်လိုက်ခြင်းဖြစ်သည်ဟုဆိုသည်။   

အဆိုပါကလေးသည် ဘရာဇီးနိုင်ငံ၊ Bahia မှဖြစ်သည်။ ဆေးကြောခြင်း မင်္ဂလာပေးသော ရဟန်းဖြစ် သူက လူမူကွန်ရက်တွင်တင်လိုက်သောပုံ၏အောက်၌ အောက်ပါအတိုင်း စာတိုလေးရေးသား ထား သည်။

‘ဒီပုံက Maria Flor လေးရဲ့ပုံဖြစ်ပါတယ်။ သူ့မိဘနှစ်ပါးကတော့ Lauro de Freitas ကျွန်တော်ရဲ့ မိတ်ဆွေတွေ ဖြစ်ပါတယ်။ ပထမပုံကတော့ ဆေးကြောခြင်း မင်္ဂလာအခမ်းအနားမကျင်းပခင် မိနစ်ပိုင်းအလိုလေးမှာရိုက်ယူခဲ့တဲ့ပုံဖြစ်ပြီး ဒုတိယတစ်ပုံကတော့ ဆေးကြောခြင်း မင်္ဂလာ  ခံယူအပြီး မိနစ်ပိုင်းမှာဘဲ ရိုက်ယူခဲ့တယ်။ ဒီပုံနှစ်ပုံရဲ့ထူးခြားချက်နဲ့ ကွာခြားချက်ကိုသတိထားမိသလား။ မှတ်ချက်ပေးကြပါအုံး။ တကယ်တော့ စက္ကရာမင်တူးခံယူအပြီးမှာ ပြောင်းလဲ သွားတဲ့ ကျွန်ုတော်တို့ရဲ့၀ိညာဉ် ရေးအခြေအနေကို မျက်စိနဲ့မြင်တွေ့ဖို့ဆိုတာ အမြဲဖြစ်တတ် တဲ့အရာ မဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ကောင်းကြီးတော်သက်ဆင်းလာမှုကိုလည်း မြင်နိုင်တာမဟုတ်ဘူး။ ဒါပေမယ့် Maria Flor လေးရဲ့အ ဖြစ်အပျက်လေးက ထူးခြားတယ်။ ဘာဖြစ်လို့လဲဆိုတော့ စက္ကရာမင်တူးရဲ့ကျေးဇူးတော်ဟာ မျက်စိနဲ့မြင်နိုင်တဲ့အထိ ပြောင်းလဲမှုကို ကိုယ်တိုင် မြင်တွေ့လိုက်ရလို့ပါ’ ဟုရေးသားထားသည်။ ဤစာတိုလေးနှင့်အတူ ဖာသာရ် Gabriel က ‘ရင်သွေးတွေကို မွေးဖွားပြီးစောနိုင် သမျှစောလျင် စွာနဲ့ဆေးကြော ခြင်း မင်္ဂလာ ကိုခံယူနိုင်စေဖို့ ကြိုးစားကြပါစို့။ ဘုရား သခင်ရဲ့သားသမီး တင်းပြည့်ကျပ်ပြည့်ဖြစ်ခွင့်ကို အချိန်ဆွဲမထားကြပါနဲ့’ ဟုလည်းရေးသားတိုက်တွန်းထားတာပါ။

 

RVA ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of Gabriel Vila Verde | Facebook | Fair Use

https://bit.ly/3ndPJSt

Add new comment

4 + 8 =