ဆူဒန် နိုင်ငံအတွက် ဆုတောင်းပေးကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် တောင်းဆို

နိုင်ငံရေး အကြပ်အတည်း ကာလနှင့်ကြုံတွေနေရသော ဆူဒန်နိုင်ငံ

ဆူဒန် နိုင်ငံအတွက် ဆုတောင်းပေးကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် တောင်းဆို
ဇွန်လ ၉၊ ၂၀၁၉

အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေးလူးမေတ္တာ ရွတ်ဆိုခြင်းတွင် လွန်ခဲ့သော ရက်အနည်းငယ်က ဒီမိုကရေစီ လိုလားသူများ၏ ဆန့်ကျင်ဆန္ဒပြမူ့အပေါ် ပြစ်ခေတ်နှိမ်နင်းခဲ့ခြင်းကြောင့် လူတစ်ရာခန့် သေဆုံးခဲ့ရမူအပေါ် ဝမ်းနည်းရကြောင်း အကြမ်းဖက်မူ့များ အမြန်ဆုံး အဆုံးသတ်ပြီး အများကောင်းကြိုးအတွက် ညှိနှိုင်းဆွေးနွေးသော နည်းလမ်းဖြင့် အကောင်းဆုံးရှာဖွေနိုင်ကြရန် ဆူဒန် နိုင်ငံအတွက် ဆုတောင်းပေးကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် တောင်းဆိုခဲ့ပါသည်။ ဆူဒန်နိုင်ငံသည် နိုင်ငံရေး အကြပ်အတည်း ကာလနှင့်ကြုံတွေနေရသော အချိန်ဖြစ်ပြီး ကောင်းမွန်သော နိုင်ငံရေးအုပ်ချုပ်မှူ့တစ်ခုရရှိရန် ကြိုးစားနေသော နိုင်ငံတစ်ခုဖြစ်ပါသည်။

တဆက်တည်းမှာပဲ ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ ပိုလန်နိုင်ငံ ကရာကော တွင် သူတော်မြတ် Michele Giedroyc အား ရဟန္တာ အဖြစ် စနေနေ့က တင်မြှောက်ခဲ့ခြင်းကို ဝမ်းသာ ကျေးဇူးတင်ကြောင်း ပြောကြားပြီး ၁၅ ရာစုက ပိုလန်နိုင်ငံကရာကော တွင် နေထိုင်ခဲ့သော သနားကျင်နာခြင်း၊ နှိမ့်ချခြင်းကျေးဇူးတော်များဖြင့် သာသနာပြု သူတော်မြတ် Michele ကို စံနမူနာယူကြဖို့ကိုလည်းတဆက်တည်း တိုက်တွန်းခဲ့ပါသည်။

သန့်ရှင်းသော ဝိညာဉ်တော်ဘုရား ဆင်းသက်သည့် ပွဲနေ့ ဖြစ်သည့်အလျှောက် ရောမမြိုသို့လာရောက်ကြသည့် ဘုရားဖူးသူတော်စဉ်များ ဧည့်သည်တော်များကို စည်းလုံးညီညွတ်ခြင်း၊ ညီကိုယ်မောင်နှမစိတ်ထား များတိုးပွားနိုင်ရေးအတွက် နှလုံးသားများ ဖွင့်၍ သန့်ရှင်းသောဝိညာဉ်တော်ဘုရား ကို ကြိုဆိုကြဖို့ တိုက်တွန်းနိုးဆော်ခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-06/pope-regina-coeli-appeal-sudan.html

#pope, #pray, #sudan, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

2 + 11 =