ဆုတောင်းမေတ္တာပြုခြင်းကိုနှစ်သက်မြတ်နိုးတော်မူသော ရဟန္တာ အရှင်သူမြတ်ဒုတိယမြောက်ပုပ်ဂျွန်ပေါလ်

ဆုတောင်းမေတ္တာပြုခြင်းကိုနှစ်သက်မြတ်နိုးတော်မူသော ရဟန္တာ အရှင်သူမြတ်ဒုတိယမြောက်ပုပ်ဂျွန်ပေါလ်

ဆုတောင်းမေတ္တာပြုခြင်းကိုနှစ်သက်မြတ်နိုးတော်မူသော ရဟန္တာ အရှင်သူမြတ်ဒုတိယမြောက်ပုပ်ဂျွန်ပေါလ်

အရှင်သူမြတ်ဒုတိယမြောက်ပုပ်ဂျွန်ပေါလ်၏အတွင်းရေးမှုးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သော ပိုလန်နိုင်ငံ မှရဟန်းအမတ်ကာဒီနယ် င်္
စတန်နစ်စတော်ဂျီးဗစ် ( Stanistaw Dziwisz) နှင့် အရှင်သူမြတ်ကျင့်ကြံနေထိုင်ခဲ့သောအသက်တာအကြောင်းတွေ့ဆုံမေးမြန်းခြင်း

မေ လ ၁၈ ရက်နေ့ သည်နောင်တစ်ချိန်၌ ရဟန္တာ ဖြစ်လာမည့် ကာရိုဝူတီးလာ( Karol Wjotyla)ဟုခေါ်တွင်သော ရဟန်းမင်းကြီးဒုတိယမြောက်ဂျွန်ပေါလ်၏ နှစ်တစ်ရာပြည့်မွေးနေ့တော်မြတ်ဖြစ်ပါသည်။ ထို့ကြောင့်ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် မေ လ ၁၈ ရက်နေ့ နံနက် မေစ္ဆားတရားတော်မြတ်ကိုစိန့်ပီတာကျောင်းတော်ကြီးအတွင်းရှိ အရှင်သူမြတ်အားဂူသွင်းမြှုပ်နှံထားသော သင်္ချိုင်းဂူပေါ်၌ တင်ပူဇော်ခဲ့ပါသည်။
၁၉၇၈ ခုနှစ် ပုပ်ရဟန်းမင်းကြီး ပထမမြောက် ဂျွန်ပေါလ်ပျံလွန်တော်မူပြီးနောက်ကျင်းပခဲ့သော
ဒုတိအကြိမ်ပုပ်ရဟန်းမင်းကြီး ရွေးချယ်တင်မြှောက်ခြင်းအခန်းအနားအပြီးမှာ ရဟန္တာ အရှင်သူမြတ်ဒုတိယမြာက်ပုပ်ဂျွန်ပေါလ်သည် ပုပ်ရဟန်းမင်းကြီး အဖြစ်ရွေးချယ်တင်မြှောက်ခြင်း ကိုခံခဲ့ရပါသည်။ အရှင်သူမြတ်သည် ၁၉၇၈ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ၂၇ နှစ်တိုင်တိုင် သာသနာ့အမှုတော်မြတ်ကိုထမ်းဆောင်ခဲ့ပါသည်။ အရှင်သူမြတ်၏အတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သော ပိုလန်နိုင်ငံ၊ ခရက်ကောင်း ( Krakow) မြို့မှဂိုဏ်းချုပ်ဆရာတော် ကာဒီနယ် စတန်နစ်စတော်ဂျီးဗစ် က ဗာတီကန်သီတင်းဌာန၏ အင်တာဗျူးတစ်ခု၌ ပြောကြားခဲ့ပါသည်၊

ဆုတောင်းမေတ္တာပြုခြင်း၌မွေ့လျှော်သူ

ကာဒီနယ် စတန်နစ်စတော်ဂျီးဗစ် သည် ပုပ်ရဟန်းမင်းကြီး ဆဌမမြောက်ပေါလ် လက်ထက်တော်မှာ ကာဒီနယ်အဖြစ်ရွေးချယ်တင်မြှောက်ခံရပြီးချိန်မှစ၍ အရှင်သူမြတ် နှင့်အတူလက်တွဲ ပြီး သာသနာ့တာဝန်များကိုထမ်းဆောင်ခဲ့ပါသည်။ ကာဒီနယ်သည် အရှင်သူမြတ် ပုပ်ရဟန်းမင်းကြီး ဖြစ်လာသောအခါ၌လည်း ဆက်လက်၍ လက်တွဲပြီး အမှုတော်ထမ်းခဲ့သည်။
ရဟန္တာ အရှင်သူမြတ်ဒုတိယမြောက် ပုပ်ဂျွန်ပေါလ်သည် အစဉ်အမြဲဆုတောင်းမေတ္တာပြုနေခဲ့သည်။ သူသည်ငယ်စဉ်ကတည်းကပင် ဆုတောင်းမေတ္တာ၏ တန်ဖို့းကြီးမားမှုကို ထောက်ရှု့စဉ်းစားခဲ့သောကြောင့် သူ၏ဝိညာဉ်ရေးအသက်တာသည် တစ်စထက်တစ်စ ပို၍နက်ရှိုင်းလာခဲ့သည် ဟု ကာဒီနယ် ကြီးမှပြောကြားခဲ့ပါသည်။

ချစ်ချင်းမေတ္တာ၊ ကြင်နာသနားခြင်းတို့ဖြင့်ပြည့်ဝနေသူ

ကျွန်ုပ်တို့သည် အရှင်သူမြတ်၏ သာမာန်ထက်လွန်ကဲသောထူးခြားသည့်ပါရမီများကို မေ့ထား၍မရနိုင်ပါဟု ကာဒီနယ်ကြီးမှ ပြောကြားခဲ့သည်။ အရှင်သူမြတ်သည် လူသားတိုင်းအားအဆင့်အတန်းခွဲခြားမှုမရှိဘဲ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ၊ အာဏာဂုဏ်အရှိန်အဝါကြီးမားသူဖြစ်စေ အာဏာဂုဏ်အရှိန်အဝါမဲ့သူဖြစ်၊ ကျန်းမာသည်ဖြစ်စေ မကျန်းမာသည်ဖြစ်စေ ခွဲခြားမှုမရှိဘဲ ချစ်ခြင်းမေတ္တာ ရှေ့ထားပြီး လေးစားစွာဆက်ဆံခဲ့သည်ဟု ကာဒီနယ် မှပြောကြားခဲ့သည်။ ကာဒီနယ်က အရှင်သူမြတ်နှင့်အတူ အမေရိကန်နိုင်ငံဆန်ဖရန်စစ်စကိုမြို့ကိုသွားရောက်ခဲ့စဉ်က HIV ဝေဒနာသည်ကလေးငယ်တစ်ဦးနှင့်တွေ့ဆုံခဲ့ပုံကိုဥပမာပေး၍ ပြောကြားခဲ့ပါသည်။ အရှင်သူမြတ် သည် ဝေဒနာသည်ကလေးငယ်၏ လက်များကိုယုယစွာကိုင်၍နမ်းခဲ့ ပြီး ကောင်းချီးပေး ခဲ့သည်။ ထိုသို့သောအခြေအနေ၌ ဤသို့ပြုခြင်းသည် သြဝါဒပေးခြင်း၊ တရားဟောခြင်းထက်ပို၍ထိရောက်သည်ဟု ပြောကြားခဲ့ပါသည်။
ရဟန္တာအရှင်သူမြတ်ဒုတိယမြောက် ပုပ်ဂျွန်ပေါလ်သည် ရဟန်းမင်းကြီးရုံးတော် ၌ တာဝန်ထမ်းဆောင်နေသူများအကြားတစ်ဦးနှင့်တစ်ဦးချစ်ခင် ရင်းနှီး စွာနေထိုင်နိုင်ရန်အတွက် မိသားစုစိတ်ဓာတ်ကိုမွေးဖွားပေးခဲ့သည်။ သူ၏ရိုးသားဖြူစင်လွန်းခြင်းနှင့် ကောင်းမြတ်ခြင်းတို့ကြောင့် ဝန်ထမ်းများသည် မိမိတို့၏ အလုပ်တာဝန်များကို ယခင်ကထက်ပို၍ ကြိုးစားလုပ်ကိုင်လာခဲ့ကြသည်ဟု ကာဒီနယ်ကြီးမှ ပြန်လည်ဝေမျှခဲ့ပါသည်။
အရှင်မြတ်၏ကြီးမြတ်လှသောပါရမီများ အကျင့်သီလစောက်တည်မှုများသည်နောင်လာနောက်သားများအတုယူလိုက်ကျင့်နိုင်ဖို့ရန်အတွက်စံနမူနာ ပုံသက်သေကောင်း ပြလျှက်ရှိသည် ဟု ခံစားရကြောင်းကို ကာဒီနယ်မှ ပြောကြားသွားခဲ့ပါသည်။

Sr Geraldine Swe,SJA

https://bit.ly/3cOiH3L

Add new comment

4 + 2 =