ဆီးရီးယားနဲ့ Holy Land သို့ ဗာတီကန်မှ အသက်ရှူစက်များ ပေးပို့

ဆီးရီးယားနဲ့ Holy Land သို့ ဗာတီကန်မှ အသက်ရှူစက်များ ပေးပို့

ဆီးရီးယားနဲ့ Holy Land သို့ ဗာတီကန်မှ အသက်ရှူစက်များ ပေးပို့

အရှေ့အလယ်ပိုင်းဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့လာခြင်းကြောင့် ဆေးပစ္စည်း အထောက်အကူအဖြစ် ဆီးရီးယား နဲ့ သန့်ရှင်းသောနယ်မြေ Holy Land ကို ဗာတီကန် မှ အသက်ရှူစက်များပေးပို့မှာဖြစ်ကြောင်းကြေငြာလိုက်ပါတယ်။
အသက်ရှူစက် ၁၀ လုံးကို ဆီးရီးယား နှင့် ၃ လုံးကိုတော့ ဂျေရုဇလင်မှာရှိတဲ့ စိန့်ဂျိုးဇက် ဆေးရုံသို့၄င်း၊ စမ်းသပ်စက်ပစ္စည်းအချို့ကို Gaza နှင့် ရံပုံငွေ တချို့ကိုတော့ ဘက်သလင်ဟင်မှာရှိတဲ့ သန့်ရှင်းသော အိမ်ထောင်စု ဆေးရုံ ကို ပေးပို့သွားမှာဖြစ်ကြောင်းနှင့် အထက်ပါအလျှူများဟာ အရှင်သူမြတ်ပုပ်ဖရန်စစ် အမည်နဲ့ ၄င်းမတည် ထားတဲ့ ရံပုံငွေပဒေသာပင် အသစ်ဖြစ်တဲ့ Fondo Emergenza CEC အမည်အောက်မှာလျှူဒါန်းပေးပို့မှာဖြစ်တဲ့အကြောင်းကို အရှေ့ပိုင်းအသင်းတော်များဆိုင်ရာ ပုပ်ရဟန်းမင်း ကြီးရုံးတော်ကောင်စီ the Congregation for the Oriental Churches မှ ဧပြီလ ၁၈ ရက် နေ့က ကြေငြာခဲ့ခြင်းကို CNA သတင်းအရ သိရှိရပါတယ်။

By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

Photo Credit: Alterboy/Wikimedia Commons

https://bit.ly/3blY26r

Add new comment

4 + 10 =