ဆီးရီးယားနိုင်ငံမှမွတ်စလင်သူပုန်များက (၁၀) နှစ် နီးပါးပိတ်ထားခဲ့သောဘုရားကျောင်း၌ ခရစ်ယာန်များအားမစ္ဆားတရားပူဇော်ပါ၀င်ခွင့်ပြု

ဆီးရီးယားနိုင်ငံမှမွတ်စလင်သူပုန်များက (၁၀) နှစ် နီးပါးပိတ်ထားခဲ့သောဘုရားကျောင်း၌ ခရစ်ယာန်များအားမစ္ဆားတရားပူဇော်ပါ၀င်ခွင့်ပြု

ဆယ်စုနှစ်နီးပါးပိတ်ထားခဲ့သော Idlib ဒေသမှခရစ်ယာန်ဘုရားကျောင်း၌ မစ္ဆားတရားပူဇော် ခွင့်ကိုထိုဒေသအားထိန်းချုပ်ထားသော ဆီးရီးယားမွတ်စလင်သူပုန်တို့ကခွင့်ပြုခဲ့သည်။

ထိုဒေသသည် သူပုန်များခြေကုပ်ယူထားသောအနက်ရောင်နယ်မြေတစ်ခုလည်းဖြစ်သည်။

စိန့်အဲန်ပွဲနေ့၌ ဆယ်စုနှစ်ကြာတိတ်ဆိတ်နေခဲ့သော ဘုရားကျောင်းခေါင်းလောင်းထိုးသံလွင် လွင်ကိုသာယာနာပျော်ဖွယ်ပြန်လည်ကြားခွင့်ရခဲ့သည်။ အဆိုပါဘုရားကျောင်းသည် အာမေးနီးယားဘု ရားကျောင်းဖြစ်ပြီး၊ စိန့်အဲန်အမည်ကိုခံယူထားသည်။

ထိုဘုရားကျောင်းသည် Yacoubia ရွာတွင်တည် ဆောက်ထားသည်။ ကစင့်ကလျားပြန့်ကြဲနေခဲ့ကြသော ဘာသာ၀င်များတဖန်ပြန်လည်စုစည်း၍မစ္ဆား တရားပူဇော်၀တ်ပြုနိုင်ခဲ့ကြပြီဖြစ်သည်။

လက်ရှိဆီးရီးယားနိုင်ငံအားအုပ်ချုပ်နေသောအစိုးရအား ပစ်မှတ်ထားတိုက်ခိုက်နေသော Jihadi စစ်သွေးကြွများအားဦးဆောင်သော Bashar Al Asad က ဤဒေသကိုခြေကုပ်ယူထားသည်။ ယခုကဲ့သို့် ၀တ်ပြုခွင့်ရခဲ့ခြင်းမှာ Hayat Tahrir al Sham ဒေသတော်လှန်ရေးခေါင်းဆောင် Muhammad al Jawlani ကခရစ်ယာန်ခေါင်းဆောင်များနှင့်တွေ့ဆုံညှိနှိုင်ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟုဆိုသည် ။

ဒေသတော်လှန်ရေး ခေါင်းဆောင်က ခရစ်ယာန်တို့၏၀တ်ပြုခြင်းကိုမည်သည့်အနှောက်အယှက်မျှမရှိစေရန်ကာကွယ်ပေးမည်ဖြစ်ကြောင်း၊ ဂျီဟာဒီအဖွဲ့မှသိမ်းယူထားသော ဒေသခံတို့၏ ပိုင်ဆိုင်ရာများကိုလည်း ပိုင်ရှင်အစစ်အ မှန်ဖော်ထုတ်၍ပြန်လည်ပေးအပ်သွားမည်ဖြစ် ကြောင်းပြောကြားခဲ့သည်။

ဘုရားကျောင်းများနှင့်ခရစ် ယာန်တို့၏အိုးအိမ်စည်းစိမ်များစွာ တော်လှန်ရေးကာလ၌သိမ်းယူခဲ့မှုများလည်းရှိခဲ့သည်။ တော်လှန်ရေးခေါင်းဆောင်က သူ၏ကြေညာ ချက်ကို ဒေသအတွင်းရှိအခြားသောဘာသာရေး ခေါင်းဆောင်များအားလည်းပေးပို့အသိပေးခဲ့သည်။ စာမျက်နှာအသစ်ကိုပြန်လည်ဖွင့်လှစ်လိုကြောင်းနှင့် မွတ်စလင်မဟုတ်သောဘာသာ၀င်များအားလည်း ဘာသာရေး၊ လူမှုရေးများ၌ဖိနှိပ်ပိတ်ပင်မှုများမလုပ် ရန်ကိုလည်းထည့်သွင်းထားသည်။ Al Jawlani အဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာအစွန်းရောက်အဖွဲ့အဖြစ် (၂၀၁၃) ခုနှစ်ကကြေညာခဲ့သည်။

ယခုကြေညာချက်ကြောင့်ပထ၀ီနိုင်ငံရေးပညာရှင် Aaron Y Zelin က Jawlani အနေဖြင့် အစွန်းရောက်အဖွဲ့၏ ခေါင်းဆောင် (သို့) သူပုန်အဖွဲ့အစည်းတစ်ခုမဟုတ်တော့ဘဲ အမေရိကန်ကလိုလားသည့်ခံယူချက်ဆီသို့ယိမ်းသူဖြစ်လာကြောင်းသုံးသပ်ထားသည်။ ဤပညာရှင်က သံ အမတ် James Jeffrey ကိုကိုးကားခဲ့သည်။

အဆိုပါသံအမတ်သည် ဆီးရီးယားအရေးအတွက် ယခင်၀ါရှင်တန်၏ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ISIS ကိုအောင်နိုင်ရေးအတွက်ကမ္ဘာလုံးဆိုင်ရာညွန့် ပေါင်အဖွဲ့၏ကိုယ်စားလှယ်လည်းဖြစ်ခဲ့သည်။ သံအမတ်က ‘Hayat Tahrir al Sham အနေဖြင့်ပြန် လည်သုံးသပ်သောလမ်းကြောင်းကိုကိုင်စွဲ၍ အမေရိကန်သို့ ဤသတင်းစကားပါးလိုက်သည်။

"ကျွန်ုပ်တို့ သည် သင်တို့၏မိတ်ဆွေဖြစ်လိုပါသည်။ ကျွန်ုပ်တို့သည်အကြမ်းဖက်အဖွဲ့မဟုတ်။ ကျွန်ုပ်တို့သည် Assad (လက်ရှိဆီးရီးယားနိုင်ငံ၏အာဏာရှင်အစိုးရ) ကိုသာတော်လှန်​ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် သင်တို့ အတွက် ဆူးညှောင့်ခလုတ်မဟုတ်ပါ" ဟုဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
Photo courtesy : Shalom World
https://bit.ly/3d64swS

Add new comment

3 + 1 =