ဆီးနော့အထမြောက်ရေးအကြိုဆုတောင်းပွဲ၌နည်းပညာရှင်လူငယ်များဆုံဆည်းကာ ပါပါးနှင့်လည်းတွေ့ဆုံ

ဆီးနော့အထမြောက်ရေးအကြိုဆုတောင်းပွဲ၌နည်းပညာရှင်လူငယ်များဆုံဆည်းကာ ပါပါးနှင့်လည်းတွေ့ဆုံ

ဆီးနော့အထမြောက်ရေးအတွက် အကြိုဆုတောင်းပွဲကို (စက်တင်ဘာလ ၃၀) ကစိန့်ပီတာရင်ပြင်၌ကျင်းပခဲ့သည်။ ကမ္ဘာတစ်၀ှမ်းမှစိတ်၀င်စားသူများအားလည်းပါ၀င်ကြရန်ရဟန်းမင်းကြီးဖရန်စစ်သည် ကြိုတင်၍ လည်းပန်ကြားထားခဲ့သည်။ ၄င်းအစီအစဉ် ၌ပါ၀င်ခဲ့သူ Leticia Araujo ဘာရာဇီးလ်မှနိုင်ငံမှဖြစ်သည်။ သူသည် ‘Laudato Si’ လှုပ်ရှားမှုအဖွဲ့၏ဆက်သွယ်ရေးတာ၀န်ခံဖြစ်သည်။ သူသည် ဗာတီကန်၏လူထုဆက်သွယ်ရေးမှကျင်းပသော ‘ Faith Communication in the Digital World: A synodal perspective’ (နည်းပညာကမ္ဘာ၌ ယုံကြည်ခြင်းကို‌ေ၀မျှခြင်း - ဆီးနော့၏အမြင်တစ်ခု) တတိ ယအကြိမ်သင်တန်း၌ပါ၀င်ခဲ့သည်။

သူသည်ကမ္ဘာတစ်၀ှမ်းမှ အခြားသောလူထုဆက်သွယ်ရေးနည်းပညာရှင်လူငယ်များအတူတွေ့ဆုံရန် တောင်အမေရိကားမှရောမသို့ စက်တင်ဘာနောက်ဆုံးပတ်၌ ရောက်ရှိလာခဲ့သည်။ ဤအစီအစဉ်သည် ဧ၀ံဂေလိတရားတော်နှင့်၀ိညာဉ်ရေးအသိပညာပေးအကြောင်းအရာများကိုခေတ် မှီနည်းပညာကိုအသုံးပြု၍ မြင့်တင်လုပ်ဆောင်ရန်ဦးတည်သည်။

ရောမ၏ခရီးသွား

အွန်လိုင်းပေါ်၌ လူငယ် (၁၆) ဦးနှင့်သင်တန်းတက်ရောက်နေသည်မှာ လအတော်ကြာပြီဖြစ်ပြီး လူ ထုဆက်သွယ်‌ရေးနှင့်ဆိုင်သောကဣာများစွာ၌လုပ်ကိုင်လျှက်ရှိသည်။ ရောမ၌နေထိုင်ရင်းလှုပ်ရှားမှုများစွာနှင့်စပ်လျင်းသောအတွေ့အကြုံများကိုရလည်းရရှိခဲ့သည်။ ရောမမြို့၌ရှိဘာစီးလီကာဘုရားကျောင်းကြီး (၄) ခုသို့လည်းလည်ပတ်ခဲ့ကြသည်။ ဗာတီကန်ရေဒီဌာနသို့လည်းကောင်း၊ ဗာတီကန်သတင်းရုံးခန်း၊ ဗာတီကန်ပြခန်းများသို့လေ့လာလည်ပတ်ခဲ့ရပြီး ရဟန်းမင်းကြီးနှင့်လည်း စက်တင်ဘာ (၂၇) ကတွေ့ဆုံခွင့်ရခဲ့သည်။ သူ့အနေဖြင့်ကမ္ဘာတစ်၀ှမ်းမှဆန်းသစ်တီထွင်သူများနှင့်တွေ့ဆုံရင်းနှီးခွင့်ရခြင်းကြောင့်လွန်စွာစိတ်လှုပ်ရှားခဲ့ရသည်။ ဤအစီအစဉ်၌ပါ၀င်သူအများစုမှအာရှမှဖြစ်ကြသည်။ အချင်းချင်းထံမှလည်းသင်ယူနိုင်ခဲ့သော ကြောင့်သူ့အတွက်မှာမှုတန်ဖိုးမဖြတ်နိုင်အောင်ဖြစ်ရကြောင်းရှင်းပြခဲ့သည်။

မတူညီသောယဉ်ကျေးမှုများအားဖလှယ်ခြင်း

မိခင်နိုင်ငံသို့ပြန်လည်ယူဆောင်သွားမည့် သူ၏သတင်းစကားသည်ကား ပိုမိုကောင်းမွန်သောရည်ရွယ်ချက်အတွက် အသွင်မတူသောချိပ်ဆက်သည့်နည်းလမ်းများဖြင့်လုပ်ဆောင်ရန်ဖြစ်ပါသည်။ အရိုးထဲစွဲနေခဲ့သောအဖွဲ့အစည်းများကိုလည်း လိုအပ်လာပါကစွန့်ခွာတတ်သောအလေ့အထကိုလည်းသူသည်အသားပေးပြောကြားသွားခဲ့သည်။ သူသည်အီတလီ၌အတန်ကြာနေထိုင်ပြီးနောက် ဥရောပလည်းအတန်ကြာနေထိုင်သွားဦးမည်ဖြစ်သည်။ ထိုသို့နေထိုင်ရင်းဘာသာရေးအသင်းအဖွဲ့များနှင့်ဤခရီးစဉ်၌သူတွေ့ ကြုံခံစားခဲ့ရသည်များကိုပြန်လည်‌ေ၀မျှသွားမည်ဖြစ်သည်။

ဆီးနော့အကြိုဆုတောင်းပွဲ၌ပါ၀င်ခဲ့

ဆီးနော့အကျိုဆုတောင်းပွဲ၌ ဗီယက်နမ်နိုင်ငံ၊ Saigon မှကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး Saigon ဂိုဏ်းချုပ်သာသနာ၏သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းများကိုကူညီလုပ်ဆောင်ပေးနေသော Tâm Bùi ဆိုသူက ဤအတွေ့အကြုံသည် အမှန်တကယ်အသိများစွာတိုးပွားကြွယ်၀စေကြောင်း၊ သူသည် လည်းလူထုဆက်သွယ်ရေး၊ ၀တ်ပြုခြင်း၊ လူငယ်နှင့်အခြားသောအကျိုးရှိမည့်အကြောင်းများနှင့်စပ်လျင်း၍အချင်းချင်းလေးစားနာလည်တတ်စေရန် အသိဖလှယ်လိုကြောင်းဖြင့်ဖြေကြားခဲ့သည်။

သူ့အနေဖြင့် (အတူတကွ ၂၀၂၃) ဟုအမည် ပေးထားသည့် ဆီးနော့အကြိုဆုတောင်းပွဲသို့ပါ၀င်ခွင့်ရပြီး (၁၆) ကြိမ်မြောက်ဆီးနော့ဆရာတော်ကြီးတို့၏ အထွေထွေအစည်းအ‌ေ၀းအား သန့်ရှင်းသော၀ိညာဉ်တော်ဘုရားထံအပ်နှံခွင့်ရခြင်းအတွက်လွန်စွာ၀မ်းသာကြောင်း၊ သူ့အနေဖြင့်သူ၏ဂိုဏ်းချုပ်သာ သနာအတွင်း၌လည်း အလားတူဆုတောင်းခြင်းအစီအစဉ်ကိုလုပ်ဆောင်ခဲ့ကြောင်းဖြေကြားခဲ့သည်။

နိုင်ဂျီးရီးယားနိုင်ငံမှ နယ်စီးမခြားသတင်းသမားတစ်ဦးဖြစ်သော Emmanuel Donatus ကလည်း ယခုဆီးနော့အကြိုဆုတောင်းပွဲ၌ပါ၀င်ရခြင်းနှင့်စပ်လျင်း၍ သူ့အတွက်မှာမူလွန်စွာထူးခြားကြောင်း၊ နှိုးဆော်မှုကိုလည်းခံစားရကြောင်း၊ အကြောင်းအရာများစွာကိုပြန်လည်ဆင်ခြင်သုံးသပ်ရန်အတွေးများရလာ ကြောင်း၊ ဥပမာအားဖြင့် မိမိ၏နေ့စဉ်အလုပ်များကိုအပြုသဘောဆောင်သည့်တိုးတက်မှုများရှိအောင်ပြုစွမ်း ဆောင်ခြင်း၊ အရေးပေါ်သည်အမှန်တရားကိုအစဉ်လက်ဆင့်ကမ်းပေးလျှက်ရှိကြောင်းတို့ကိုတွေးမိလာခဲ့ကြောင်းပြောကြားခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/WjiA

Add new comment

1 + 0 =