ဆီးနော့သို့တက်ရောက်ကြမည့်သူများ၏စာရင်းကိုဗာတီကန်ထုတ်ပြန်

ဆီးနော့သို့တက်ရောက်ကြမည့်သူများ၏စာရင်းကိုဗာတီကန်ထုတ်ပြန်

သာသနာ၏သမိုင်း၌ ပထမဦးဆုံးအကြိမ်အဖြစ်သာသနာမှကျင်းပသောအဆင့်မြင့်အစည်းအဝေးသို့ ဘာသာတူအမျိုးသမီးများနှင့်အမျိုးသားများကိုလည်း မဲဖြင့်ဆုံးဖြတ်ရန်လိုအပ်သောဆုံးဖြတ်ချက်များ၌ မဲပေးပိုင်ခွင့်ကိုလာမည့်ဆီးနော့၌ခွင့်ပြုသွားတော့မည်ဖြစ်သည်။

ဗာတီကန်သည်လည်း အောက်တိုဘာလတွင်ကျင်းပမည့် ဆီးနော့သို့တက်ရောက်ကြမည့်သူများ၏စာရင်းအပြည့်အစုံကိုထုတ်ပြန်ထားပါသည်။ အဆိုပါအမည်စာရင်းများထဲ၌ကာဒီနယ်များ၊ ကောလိပ်မှကျောင်းသားများ၊ ဒုက္ခသည်အရေးတက်ကြွလှုပ် ရှားသူများ၊ ဓမ္မတွေးခေါ်ပညာရှင်များ၊ သိပ္ပံပညာရှင်များလည်းပါ၀င်သည်။

ထွက်ပေါ်လာသောစာရင်းအရ ဆီးနော့သို့တက်ရောက်မည့်သူများမှာ (၄၀၀) နီးပါးရှိသည်။ ၄င်းတို့အနက် တိုက်အသီးသီးမှဘာသာတူအ မျိုးသမီး၊ အမျိုးသား (၇၀) ပါ၀င်သည်။

အဓိကဇောင်းပေးလိုသည်မှာ လူငယ်များဖြစ်သည်။ တက်ရောက် မည့်ကိုယ်စား လှယ်များအနက် (၅၀) ဦးမှာ ရဟန်းမင်းကြီးဖရန်စစ်ကိုယ်တိုင်ရွေးချယ်တက်ရောက်စေသူများ လည်းပါသည်။ ၄င်းတို့အနက် အမေရိကန်ပြည်ထောင်စုအတွက် ကာဒီနယ်အဖြစ်ရွေးချယ်တင်မြောက်ခံရသော ကာဒီနယ် McElroy လည်းပါသည်။

ဤဆီးနော့ကိုယ်စားလှယ်များသည် တစ်လကြာရောမမြို့၌ တည်းခို၍ဆီးနော့ကိုတက်ရောက်ရမည်ဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3PO407l

Add new comment

16 + 1 =