ဆိုးလ်ဂိုဏ်းချုပ်ဆရာတော်က သာသနာနယ်၌ဘုရားသခင်ကိုဖွေရှာကြရန် သာသနာပြုသွားမည့် ဘုန်းတော်ကြီးနှစ်ပါး အားတိုက်တွန်းလိုက်

ဆိုးလ်ဂိုဏ်းချုပ်ဆရာတော်က သာသနာနယ်၌ဘုရားသခင်ကိုဖွေရှာကြရန် သာသနာပြုသွားမည့် ဘုန်းတော်ကြီးနှစ်ပါး အားတိုက်တွန်းလိုက်

ဆိုးလ်ဂိုဏ်းချုပ်ဆရာတော်က သာသနာနယ်၌ဘုရားသခင်ကိုဖွေရှာကြရန် သာသနာပြုသွားမည့် ဘုန်းတော်ကြီးနှစ်ပါး အားတိုက်တွန်းလိုက်

 

            တောင်ကိုးရီးယားနိုင်ငံ၏မြို့တော် ဆိုးလ်ဂိုဏ်းချုပ်ကက် သလစ်သာသနာမှ ဘုန်းတော်ကြီး နှစ်ပါးသည် နိုင်ငံတ ကာသာသနာ့နယ်များဖြစ်ကြသော မက်ဆီကိုနှင့်ထိုင်၀မ်နိုင်ငံများသို့ အသီးသီးစေ လွှတ်မည်ဖြစ်သည်။ ဆိုးလ်ဂိုဏ်းချုပ် ဆရာတော် Peter Chung Soon-taick က မေလ (၄) ရက်နေ့၌ စေလွှတ်ခြင်းအခမ်းအနားမစ္ဆားကို Myeongdong ကက်သီဒရယ်၌ပူဇော်ပြီး အဆိုပါသာသနာပြု သွားမည့်ဘုန်းတော်ကြီးနှစ်ပါးအတွက်အထူးဆုတောင်းပေးခဲ့သည်။

            သာသနာပြုသွားကြမည့်ဘုန်းတော်ကြီးနှစ်ပါးမှာ ဖာသာရ် Taegon Andrew Kyung-mo Yang ဖြစ်ပြီး၊ မက်ဆီကိုနိုင်ငံ၊ Monterrey ဂိုဏ်းချုပ်သာသနာ၌သာသနာပြုမည်ဖြစ်သည်။ ကျန်တစ်ပါးမှာ ဖာသာရ် Kyung-Jin Kim ဖြစ်ပြီး၊ ထိုင်၀မ်သို့စေလွှတ်မည်ဖြစ်သည်။ ဂိုဏ်းချုပ်ဆရာတော်က သူ၏ မစ္ဆားတရားဩ၀ါဒ၌ မိမိတို့ရောက်ရှိသာသနာပြုမည့်ဒေသ၏ယဉ်ကျေးမှု၊ လူတို့ကိုလေးစားရန်၊ သာသနာနယ်၌လည်း ဘုရားသခင်ကိုဖွေရှာကြရန်၊ ဤအားပေးစကားနှစ်ခွန်း မှတ်ရကြရန် လက်ဆောင် ပါးလိုက်ကြောင်း၊ သတ်မှတ်ထားသော သာသနာပြုနှစ်များ စေ့သွား၍ မွေးရပ်မြေသို့ပြန်လာသည့်အခါ မိမိတို့၏လူမျိုးတို့အားသာသနာပြုစဉ်တွေ့ကြုံခဲ့ရသော အားတက်စရာအ ကြောင်းအရာ၊ အဖြစ်အပျက် များအကြောင်း ရေပက်မ၀င်အောင်‌ဝေမျှပေးနိုင်ပါစေကြောင်း၊ သာသနာနယ်မှချစ်ခြင်း မေတ္တာကို ပြန်လည်ဝေမျှပေးစေလိုကြောင်းအားပေးတိုက်တွန်းခဲ့သည်။

            ထို၀တ်ပြုခြင်းအခမ်းအနား၌ ဆိုးလ်ဂိုဏ်းချုပ်သာသနာ၏အကူဆရာတော်၊ ဘ၀တူရဟန်းတော် (၃၂) ပါးတို့ပါ ၀င်ပူဇော်ခဲ့ကြသည်။ ဘာသာ၀င် (၄၀၀) ခန့်လောက် နှင့် သာသနာပြုသွားကြမည့် ရဟန်တော်တို့၏ဆွေမျိုးသားချင်း၊ မိတ်ဆွေများပါ၀င်ခဲ့သည်။ အမေရိကားမြောက်ပိုင်းရှိ မက်ဆီကိုနိုင်ငံ၊ Monterrey ဂိုဏ်းချုပ်သာသနာအတွင်း၌ သာသနာအုပ်စုပေါင်း (၂၄၀) ရှိပြီး၊ ဘုန်းတော်ကြီးများမှာ (၄၀၀) ရှိသည်။ ယခုကဲ့သို့သွားရောက်သာသနာပြုရခြင်းမှာ ဘာ သာတူဦးရေနှင့်ရဟန်း အရေအတွက် မမျှသောကြောင့်ဖြစ်ကြောင်း၊ သာသနာအတွင်းရှိလူဦးရေ၏ (၉၄) ရာခိုင်နှုန်းမှာ ကက်သလစ်ဘာသာတူ များသာဖြစ်ပြီး၊ ဘုန်းတော်ကြီးတစ်ပါးသည် ဘာသာတူ (၇၀၀၀) ဦးလောက်အားတာ၀န်ယူနေရသည်ဟုဆိုသည်။

         ရဟန်းဘောင်သို့ခေါ်တော်မူခြင်းနည်းပါးသောကြောင့် ထိုင်၀မ်သို့သွားရောက် သာသနာပြု စေလွှတ်ပေးခြင်းဖြစ် သည်။ ထိုင်၀မ်နိုင်ငံ၌ နိုင်ငံပေါင်းများစွာမှ ဘုန်းတော်ကြီးများလည်း လာရောက် ကူညီသာသနာပြုလျှက်ရှိသည်။ နိုင်ငံအတွင်းသာသနာပြုနေသော (၉၀) ရာခိုင်နှုန်းသော ဘုန်းတော်ကြီး များသည် သာသနာပြုများဖြစ်ကြသည်။ အများအားဖြင့် ကိုးရီးယား၊ ဗီယက်နမ်၊ ဖိလိပိုင်နိုင်ငံ တို့မှဖြစ် ကြသည်။

        ဆိုလ်းသာသနာအနေဖြင့် သာသနာပိုင်ဘုန်းတော်ကြီး (၂၁) ပါး အား နိုင်ငံပေါင်း (၁၁) ခုသို့ စေလွှတ်ထားသည်။ စေလွှတ်ထားပေးသောနိုင်ငံများမှာ ပြင်သစ်၊ ဂွာတီမာလာ၊ ပီရူးနှင့် ထိုင်၀မ် တို့ဖြစ်သည်။ ဆိုလ်းသာသနာအတွင်း၌လည်း ကက်သလစ်ဘာသာတူဦးရေသည်တိုးလျှက်ရှိသည်။ ကိုးရီးယားနိုင်ငံအတွင်း ဧဝံဂေလိတရားတော်ရောက်ရှိလာအောင် မျိုးစေ့ချပေးခဲ့သူများမှာ ဒေသခံ သာမန်ဘာသာတူအဖွဲ့အစည်းကဖြစ်သည်။ ဧဝံဂေလိတရားကို စတင်မျိုးစေ့သယ်ဆောင်လာပေးသူမှာ Yi Seung-hun ဖြစ်ပြီး၊ (၁၇၈၄) တရုတ်နိုင်ငံ၌ ဆေးကြောခြင်းမဂ်လာကို ခံယူခဲ့သူဖြစ်သည်။ ကိုးရီးယား နိုင်ငံသို့ပြန်ရောက်လာသောအခါ ယုံကြည်သူများအား ဆေးကြောခြင်းမဂ်လာကိုပေးခဲ့ သည်။

ယခုအခါ ကိုးရီးယားနိုင်ငံ၌ ကက်သလစ်ဘာသာတူ (၅.၆) သန်းရှိပြီး၊ နိုင်ငံ၏လူဦးရေမှာ (၂၀၁၉) စစ်တမ်းအရ  (၅၁) သန်းရှိသည်။ တောင်ကိုးရီးနိုင်ငံအတွင်း၌ ဂိုဏ်းချုပ်သာသနာ (၃) ခု၊ ဂိုဏ်းအုပ် သာသနာ (၁၄) ခု နှင့် စစ်ဖက်ရေးရာ ဘုန်းကြီးတစ်ပါးရှိသည်။                         

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3NcxkzF

 

 

 

Add new comment

14 + 3 =