ဆိုလ်းကာဒီနယ်မှကိုးရီးယားစစ်ပွဲအဆုံးသတ်သည့် (၇၀) နှစ်ပြည့်နှစ်ပတ်လည်၌ငြိမ်းချမ်းရေးကိုတောင်းဆို

ဆိုလ်းကာဒီနယ်မှကိုးရီးယားစစ်ပွဲအဆုံးသတ်သည့် (၇၀) နှစ်ပြည့်နှစ်ပတ်လည်၌ငြိမ်းချမ်းရေးကိုတောင်းဆို

ဆိုလ်းကာဒီနယ်မှကိုးရီးယားစစ်ပွဲအဆုံးသတ်သည့် (၇၀) နှစ်ပြည့်နှစ်ပတ်လည်၌ငြိမ်းချမ်းရေးကိုတောင်းဆို

ဆိုလ်းကာဒီနယ်မှာ Andrew Yeom Soo-jung ဖြစ်သည်။ ပြီးခဲ့သောအပတ်ကြာသပတေးနေ့သည်ကိုးရီးယားစစ် ပွဲအဆုံးသတ်သည့် (၇၀) နှစ်ပြည့်နှစ်ပတ်လည်ဖြစ် သည်။ ထိုအခမ်းအနား၌ကာဒီနယ်ကငြိမ်းချမ်းရေးကိုတောင်းခံခဲ့ သည်။ တောင်နှင့်မြောက်ကိုးရီးယားနှစ်နိုင်ငံတို့သည်စစ်ရေးတင်းမာမူများရှိနေသော်လည်းနှစ်နိုင်ငံကြားတရား၀င်ငြိမ်း ချမ်းရေးယူခဲ့သည်မှာနှစ် (၇၀) ပြည့်ပြီဖြစ်သည်။ နှစ်ပတ်လည်နေ့ကိုအမှတ်ရကျင်းပရန် မစ္ဆားတရားပူဇော်ခြင်းကိုသာသနာများ၌ပူဇော်ဆုတောင်းစေခဲ့သည်။ ထို့အတူကိုးရီးယာကက်သလစ်ဘာသာတူများလည်း၀ိုင်း၀န်းဆုတောင်းခဲ့ကြ သည်။ ထိုသို့ဆုတောင်းခြင်းကိုပြုသော်လည်းကိုရိုနာဗိုင်းရပ်စ်ကြောင့်လူတစ်ဦးနှင့်တစ်ဦးကိုကျန်းမာ ရေး၀န်ကြီးဌာနမှ ညွှန်ကြားထားသည့်အတိုင်းလိုက်နာခဲ့သည်။ ကာဒီနယ်သည် Myeongdong ကက်သီ ဒြယ်၌ပူဇော်သောမစ္ဆားတရားအ တွင်းဘုရားဖူးများနှင့်အတူတောင်းဆိုခဲ့ခြင်းဖြစ်သည်။ ကာဒီနယ်က ‘ကျွန်ုပ်တို့အားလုံးလိုလားနေသော စစ်မှန်သည့်ငြိမ်း ချမ်းရေးကိုအမှန်တကယ်ပိုင်ဆိုင်နိုင်ရန်မှာအ လွန်ခက်ခဲမည်ကိုသိပါသည်။ သို့သော်လုံး၀မဖြစ်နိုင်သောအခြေအနေမ ဟုတ်ပါ’ ဟုပြောကြားခဲ့သည်။

ဤသို့ပြောကြားရခြင်းမှာဇွန်လ (၁၆) ရက်နေ့ကမြောက်ကိုးရီးယားမှတောင်ကိုးရီးယား နိုင်ငံ၏ Kaesong ရှိဆက်သွယ်ရေးရုံးကိုပစ်ခတ်မူဖြစ်ပွားခဲ့ရမှာအခြေအနေတင်းမာနေချိန်တောင်းဆိုခြင်းဖြစ်သည်။ အ ဆိုပါရုံးသည်သမိုင်း၀င်သော (၂၀၁၈) ကိုးရီးယားနိုင်ငံပေါင်းစည်းရေးကိုရည်ရွယ်သောအစည်းအ‌ေ၀းကြီးအပြီးတွင် ဖွင့်လှစ်ခဲ့သည်။ ‘နိုင်ငံရေး၌ခွင့်လွတ်ခြင်းရှိလာပါက တရားမျှတခြင်းသည်ပို၍စာနာတတ်လာပြီး၊ ငြိမ်းချမ်းရေးသည် လည်းရေရှည်ခံမည်ဖြစ်သည်။ နိုင်ငံ့ခေါင်းဆောင်များသည်လည်းမိမိတို့၏ပုဂိုလ်ရေး၊ ထောက်ခံသူများနှင့်မိမိတိုင်းပြည် ၏ကောင်း စားရေးသက်သက်ကိုသာဇောင်းပေးလုပ်ဆောင်ခြင်းမှရုန်းထွက်နိုင်ကြပြီး၊ နှစ်နိုင်ငံအကျိုးအတွက်ကြိုး စား စွမ်းဆောင်နိုင်ပါစေ’ ဟုလည်းကာဒီနယ်မှဆုတောင်း ပေးခဲ့သည်။

ကိုးရီးယားကက်သလစ်ဆရာတော်ကြီးများအဖွဲ့မှကိုးရီးယားနှစ်နိုင်ငံပြန်လည်သင့်မြတ်ရေးတာ၀န်ကိုယူထား သောဆရာတော် Lee Ki-heon ကလည်းငြိမ်းချမ်းရေးနှင့်အကြမ်းဖက်လုပ်ရပ်များကိုလုံး၀ရပ်တန့်ရန်တောင်းဆိုသောကြေ ငြာချက်ကိုထုတ်ပြန်ခဲ့သည်။

‘နှစ် (၇၀) နောက်ပိုင်းအဖွဲ့အစည်းနှစ်ခု (နှစ်နိုင်ငံ) ကိုကွဲပြားစေသော၊ နိုင်ငံနှစ်ခုလုံးကိုကြီးထွားတိုးတက်စေမည့်အခြေအနေမှအဟန့်အတားဖြစ်နေသောအတွေးအခေါ်များမှအောင်မြင်ကျော်လွှားသင့်ပြီး၊
ကိုးရီးယားနှစ်နိုင်ငံပေါင်းစည်းရေးရှေ့မတိုးသာသည်မှာမြောက်ကိုးရီးယားအပေါ်ကုလသမ္မဂ္ဂမှချမှတ်ထားသောပိတ်ဆို့မူနှင့်ကိုဗစ် (၁၉) ရောဂါကပ်ဆိုးကြီးကြောင့်လည်းပါသည်’ ဟုဖြည့်စွပ်ပြောကြားခဲ့သည်။

သမိုင်းကြောင်းကိုပြန်ကြည့်မည်ဆိုပါလျင် (၁၉၅၀၊ ဇွန်လ၊ ၂၅) ရက်နေ့က မြောက်ကိုးရီးယားသည်တောင်ကိုးရီးယားကို၀င်ရောက်
နယ်ချဲ့ခဲ့ကာစစ်မီးစတင်လောင် ကျွမ်းခဲ့သည်။ ထိုစစ်မီးအတွင်းပြည်သူပေါင်းသန်းနှင့်အသတ်ခံခဲ့ရပြီး၊ စစ်မီးကူးစက်မူသုံးနှစ်အကြာ (၁၉၅၃၊ ဇူလိုင်လ၊ ၂၇) တွင်ငြိမ်းချမ်းရေးသဘောတူညီချက်ဖြင့်ငြိမ်းသတ်ခဲ့သည်။ ငြိမ်း ချမ်းရေးရောင်ခြည်သည် (၂၀၁၈၊ ဧပြီလ) ကသန်းမလိုလိုဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော်ထိုနှစ်က “Panmunjom Declaration” ကြေငြာချက်ကိုတောင်ကိုးရီးယားသမ္မတ Moon Jae-in နှင့်မြောက်ကိုးရီးယားသမ္မတ Kim Jong-un တို့မှလက် မှတ်ရေးထိုးခဲ့ကြသည်။

လက်ရှိ၌စစ်မီးငြိမ်းသတ်ခဲ့သည်မှာနှစ် (၇၀) ပြည့်လာပြီဖြစ်သော်လည်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလိပ်ခဲတည်းလည်းဖြစ်နေပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy: ANSA

https://bit.ly/3dH09lK

Add new comment

10 + 6 =