Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဆာလောင်မွတ်သိပ်နေသူ အယောက် ၈၀၀ ကို ကိုးရီးယား ဘုရားကျောင်းမှ ကျွေးမွေး
ဆာလောင်မွတ်သိပ်နေသူ အယောက် ၈၀၀ ကို ကိုးရီးယား ဘုရားကျောင်းမှ ကျွေးမွေး
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်ဂိုဏ်းချုပ်သာသနာ၊ ဆိုးလ်မြို့ရှိ Myongdong စားသောက်ဆိုင်တွင် စေတနာ့ဝန်ထမ်း များသည် အိုးအိမ်မဲ့သူများ၊ သက်ကြီးရွယ်အိုများ ၊နာမကျန်းဖြစ်သူများ နဲ့ မသန်စွမ်းသူများကို ကျွေးမွေးပြုစုကြပြီး လာရောက်စားသောက်သူဦးရေမှာ တစ်ရက်လျှင် အယောက် ၈၀၀ အထိရှိနိုင်သည်။
အစားအသောက်ပေးပို့ခြင်းလုပ်ငန်းကို မနက် ၉ နာရီမှ နေ့လည် ၁ နာရီ ကနေ နေ့လည် ၁ နာရီမှ ညနေ ၅ နာရီအထိ နှစ်ကြိမ်ပြုလုပ်ပြီး ကိုရီးယားနိုင်ငံရှိ Divine Word Missionaries' JPIC ရဲ့ အကြီးအကဲနှင့် ဤလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွင် ပါဝင်ကူညီခဲ့သည့် Fr Mikael Mintu နဲ့ စေတနာ့ဝန်ထမ်းတစ်ဦးက ဆိုသည်မှာ အလုပ်မစတင်မီတွင် အတူတကွ ဆုတောင်းခဲ့ကြကြောင်း တစ်နေ့တာလုပ်ရမယ့် အစားအသောက်တွေနဲ့ နေရာကို အကျဉ်းချုံးပြီး စီစဉ်ပေးထားတယ်လို့လည်း ၎င်းကပြောကြားခဲ့ပါတယ်။
အစားအသောက်အဆင်သင့်ဖြစ်ပြီးနောက် မိနစ် 30 ကြာ ဝိညာဉ်ရေးဟောပြောပွဲအတွက် လုပ်ရန်အတွက် စေတနာ့ဝန်ထမ်းများအား ကော်မတီက တောင်းဆိုခဲ့သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့မှမှကူညီပေးသောစေတနာ့ဝန်ထမ်းများတို့သည်သူတို့၏ပုံပြင်များကိုမျှဝေပြီး စားနပ်ရိက္ခာဝေငှပေး ပြီးတဲ့နောက်မှာ အမြဲဆုတောင်းခြင်းနှင့်အဆုံးသတ်သည်ဟု Fr Mintu က ဆိုပါတယ်။
ဝမ်းဗိုက်ပြည့်ဖို့ရန်နဲ့ သူတို့၏ဖြစ်တည်မှုကို အမှတ်ရနေစေရန် အစာအာဟာရချို့တဲ့မှုကြောင့် ဆင်းရဲနွမ်းပါးသော ဆာလောင်သူများ၏ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် ဒီကျွေးမွေးခြင်းအစီအစဉ်ကို ဆောင်ရွက် ခြင်း
ဖြစ်ကြောင်း ကိုယ်ကျင့်တရားအရ ဆင်းရဲသားတွေကို ကျွေးမွေးတာဟာ သနားကြင်နာမှုပြတဲ့ နည်းလမ်းတစ်ခုလို့ လည်းဘုန်းတော်ကြီးက ဆိုပါတယ်။
အချိန်အတော်ကြာကြာ လုပ်ဆောင်ခဲ့သည့် ဒီလှုပ်ရှားမှုဟာ လူများစွာကို ငတ်မွတ်ခြင်းမှ ကယ်တင်နိုင်ပြီး အလှူရှင်များ နဲ့ စေတနာ့ဝန်ထမ်းများ၏ အကူအညီဖြင့်သာ ဤလှုပ်ရှားမှုများကို လုပ်ဆောင်နိုင်ကြောင်း ကို လူများစွာအား သိရှိစေခဲ့ကြောင်း ဒါဟာ ဆိုးလ်မြို့နဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ ဆင်းရဲသားများအတွက် သခင် ယေဇူး၏ရွေးချယ်မှုကို သရုပ်ပြရန် နည်းလမ်းတစ်ခုဖြစ်ကြောင်း
ဒီလုပ်ငန်းအမျိုးအစားတွင်ပါဝင်ပြီး ဆင်းရဲသားများဘက်မှရပ်တည်ခြင်းဟာဆိုရင် သခင်ယေဇူး၏ စံနမူနာကို လိုက်လျှောက်ခြင်းဖြစ်ပြီး စေတနာ့ဝန်ထမ်းတွေမှာ ငွေအများကြီးမရှိပေမယ့် ဆင်းရဲနွမ်းပါးသူတွေကို ကူညီဖို့ သာသနာ့ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ ဆန္ဒ၊ အချိန်နဲ့ ခွန်အားတွေ ရှိပါတယ်လို့ Fr Mintu က ပြောပါတယ်။
လာရောက်စားသုံးသူများသည် အစားအသောက်နှင့် ဝန်ဆောင်မှုအတွက် ကျေးဇူးတင်ကြောင်း ကို အမြဲပြောကြကြောင်း ငတ်မွတ်သောသူအား ထောက်ပံ့ခြင်းသည် အလွန်မွန်မြတ်သော်လည်း အလွန်ခက်ခဲကြောင်း စိန်ခေါ်မှုမှာ အနီးနားတွင် အမြဲရှိနေသော ဆာလောင်မွတ်သိပ်သူများသည် သူတို့၏ အစားအစာများကို ရှာဖွေတွေ့ရှိရန်ဖြစ်သည်ဟုဆိုသည်။
ဆင်းရဲမွဲတေမှုပပျောက်ရေးသည် ပါတီအများအပြား၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း အချို့မှာ ငွေရှိသော်လည်း အမှုတော်ဆောင်ရန် လိုအပ်သော အချိန်မရှိပေမဲ့တစ်ချို့လူတွေမှာ အချိန်တွေရှိပေမယ့် လုံလောက်တဲ့ စွမ်းအင်မရှိကြပါဘူးလို့လည်း ဘုန်းေတော်ကြီးက ထောက်ပြပြောဆိုခဲ့ပါတယ်။
"ကျွန်တော်တို့မှာ ပိုက်ဆံမရှိဘူး၊ ဒါပေမယ့် ကျွန်တော်တို့မှာ အချိန်နဲ့ စွမ်းအင် အလုံ အလောက်ရှိပါ သေးတယ်၊ ကျွန်တော်မှာ ရှိတဲ့အရာတွေနဲ့ပဲ Myongdong စားသောက်ဆိုင်မှာ မျှဝေပေးတာပါလို့ လည်း ဘုန်းတော်ကြီးက ဝေငှပြောကြားခဲ့ပါတယ်။
ဘာသာပြန်-အာဗီအေမြန်မာ
https://bit.ly/35CX4ow
Add new comment