Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဆာလောင်ခြင်းဟာ ကံဆိုးမိုးမှောင်ကျခြင်းသာမဟုတ်ပဲ ဂုဏ်ညှိုးနွမ်းစေကြောင်း ပုပ်ဖရန်စစ်မြွက်ကြား
ဆာလောင်ခြင်းဟာ ကံဆိုးမိုးမှောင်ကျခြင်းသာမဟုတ်ပဲ ဂုဏ်ညှိုးနွမ်းစေကြောင်း ပုပ်ဖရန်စစ်မြွက်ကြား
ကမ္ဘာကြီးမှာဖြစ်ပျက်နေတဲ့ ဆာလောင်မွတ်သိပ်ခြင်းဆိုတာဟာ ကံဆိုးမိုးမှောင်ကျခြင်းသာမဟုတ်ပဲ ဂုဏ်သိက္ခာညှိုးနွမ်းစေမှုလည်း ကြောင်း ရောမမြို့အခြေစိုက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်း (FAO) ရဲ့ ၇၅ နှစ်ပြည့် နှစ်ပတ်လည် နေ့ အတွက် မင်္ဂလာသတင်းစကားပေးပို့ရာမှာ ပုပ်ရဟန်းမင်းကြီးဖရန် စစ်အရှင်သူမြတ်ကမြွက်ကြားခဲ့ပါတယ်။
လူတွေရဲ့ဆာလောင်ခြင်းဆိုတာ ကံဆိုးမိုးမှောင်ကြခြင်းသာ မဟုတ်ပဲ ဂုဏ်သိက္ခာညှိုးနွမ်းမှုကိုလည်းဖြစ်စေတယ်။ အမှန်မှာတော့ ကမ္ဘာပေါ်က သီးနှံထွက်ကုန်တွေကို မျှမျှတတ မရရှိကြခြင်းနဲ့ လယ်ယာမြေ ကောင်းမွန်စွာမထိန်းသိမ်းကြခြင်းရဲ့ အကျိုးဆက်တွေပါပဲ။ နောက်ပြီး ကမ္ဘာပေါ်မှာ ရှုထောင့်အမျိုးမျိုးကနေ ပြဿနာတွေ ပဋိပက္ခတွေဖြစ်လာတယ်၊ ရာသီဉတု ပြောင်းလဲခြင်းတွေဖြစ်လာတယ်။ အစားအစာ တန်ချိန်များစွာ အလဟသပ် တွေဖြစ်လာတယ်။ ဒါတွေက ကျွန်ုပ်တို့အားလုံမှာတာဝန်ရှိကြပါတယ်လို့ အရှင်သူမြတ်ပုပ်ဖရန်စစ်က မြွက်ကြားခဲ့သည်ကို ANSA သတင်းအရ သိရှိရပါတယ်။
ဘာသာပြန်- စစ္စတာရ်လူစီယားသန္တာအောင်၊ SJA
        
     
      
Add new comment