ဆလေးရှင်းရဟန်းသစ် ၆ ပါး အနီးစခန်းတွင် ဂိုဏ်းချုပ်ဆရာတော်လက်တော်မှ ထာဝရသိက္ခာခံယူ

ဆလေးရှင်းရဟန်းသစ် ၆ ပါး အနီးစခန်းတွင် ဂိုဏ်းချုပ်ဆရာတော်လက်တော်မှ ထာဝရသိက္ခာခံယူ

ဆလေးရှင်းရဟန်းသစ် ၆ ပါး အနီးစခန်းတွင် ဂိုဏ်းချုပ်ဆရာတော်လက်တော်မှ ထာဝရသိက္ခာခံယူ

မန္တလေးကက်သလစ်သာသနာ၊ ပြင်ဦးလွင်မြို့၊ အနီးစခန်းကျေးရွာရှိ နာဇရက် ရဟန်းဖြစ်သင်ကျောင်း၌ ဆလေးရှင်း ဦးပဉ္ဇင်းကြီး ၆ ပါးတို့၏ ကက်သလစ်ထာဝရ ရဟန်းသိက္ခာတင်ပွဲကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၄ နေ့ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရဟန်းသိက္ခာတင်ပွဲအခမ်းအနားသို့ မန္တလေးဂိုဏ်းချုပ်သာသနာပိုင် ဆရာတော် ကြီး မာကုဦးတင်ဝင်းနှင့် လားရှိုးဂိုဏ်းအုပ်သာသနာပိုင်ဆရာတော် လူးကပ်စ်ဒေါင်ဇေး တို့ ကြွရောက်ချီးမြင့် ပေးခဲ့ပါသည်။

ရဟန်းသစ် ၆ ပါးအား မန္တလေးဂိုဏ်းချုပ်ဆရာတော်ကြီး မာကု ဦးတင်ဝင်းမှ သိက္ခာတော်မြတ်ကို တင်ပေးခဲ့ပါသည်။

နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ကျန်းမာရေးအခက်ခဲများကြားက ရဟန်း သိက္ခာတင်ခြင်း အခမ်းအနားကို ကိုဗစ်စည်းမျဉ်းစည်းကမ်းနဲ့အညီ အကျဉ်းချုံး၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆလေးရှင်း ရဟန်း သစ် ၆ ပါးတို့မှာ (၁) ဘုန်းတော်ကြီး အေဘဲလယ်နီးရယ် (လွိုင်ကော်သာသနာ) (၂) ဘုန်းတော်ကြီး ကလဲမင်းရန်နိုင်ထွန်း (လွိုင်ကော်သာသနာ) (၃) ဘုန်းတော်ကြီး ဂျိုးဇက်လထွယ် (မြစ်ကြီးနားသာသနာ) (၄) ဘုန်းတော်ကြီး စိုင်းပေါလ်ပီတာ (ကျိုင်းတုံသာသနာ) (၅) ဘုန်းတော်ကြီး စိုင်မွန်လူးဝစ့် (မန္တလေးသာသနာ) (၆) ဘုန်းတော်ကြီး ဒေါမိနစ် အောင်ကိုမြင့် (မန္တလေးသာသနာ) တို့မှ ဖြစ်ကြပါသည်။

အခက်ခဲများကြားက ရဟန်းသိက္ခာတင်ပွဲကို ဘုရားသခင်၏ ကျေးဇူးတော်ဖြင့် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်ဖြစ်၍ အဖဘုရားရှင်၏ ကျေးဇူးတော်ကို ဆလေးရှင်းမိသားစုမှ ချီးမွမ်းပါသည်။

ဆုတောင်းမေတ္တာဖြင့် ပါဝင်ကူညီပေးကြသူ ဓမ္မမိတ်ဆွေအယောက်စီတိုင်းကိုလည်း ကျေးဇူးသြပကာရ တင်ရှိပါသည်။ 

 

ဖာသာရ်ပါစကားသီကိုရှင်း၊ SDB

 

 

Add new comment

11 + 0 =