ဆရာတော် Fulton Sheen အားရဟန္တာတင်မြောက်နိုင်ရန်ကြိုးစား

ဆရာတော် Fulton Sheen အားရဟန္တာတင်မြောက်နိုင်ရန်ကြိုးစား

အမေရိကန်ပြည်ထောင်စု အီလီနွိုင်းပြည်နယ်၌ဆရာတော် Fulton Sheen အားကြည်ညိုလေးစားသောအဖွဲ့က ဆရာတော်အားသူတော်မြတ်တင်မြောက်နိုင်ရန်နှင့်စပ်လျင်း၍လှုပ်ရှားမှုကြီးတစ်ခုကို အီလီနွိုင်းပြည်နယ်၊ Homer Glen ရှိ ဘိုင်ဇန်တိုင်းတို့၏ ‘သိကြားတမန်တော်အမိန့်တော်ပြန်’ သည့်ဘုရားကျောင်း၌ ဇူလိုင် (၉) ရက်နေ့တွင်ကျင်းပရန်ကြေညာထားသည်။

ထိုတစ်နေ့လုံး၏အစီအစဉ်မှာ ဆုတောင်းခြင်း၊ အစရှောင်ခြင်း၊ အမေရိကန်ဆရာတော်ကြီးအားရဟန္တာတင်မြောက်ခြင်းလုပ်ငန်းစဉ်များ၌တက်ကြွစွာပါ၀င်ခြင်းတို့ဖြစ်ကြသည်။ ဆရာတော်သက်ရှိထင်ရှားရှိစဉ်က အလွန်လူသိများသူဖြစ်ခဲ့သည်။

ဤလှုပ်ရှားမှုကိုဦးဆောင်သောသူများက ဤလှုပ်ရှားမှု၌ပါ၀င်သောသူများသည် ဆရာတော်သက်ရှိထင်ရှားရှိစဉ်ကမသိမကြားခဲ့ရသောဩ၀ါဒများကိုပြန်လည်ဖွင့်ပြပေးမည်။ ကက်သလစ်သာသနာတော်ကြီးအားကမ္ဘာကြီးသို့သယ်ဆောင်ပြီး သာသနာတော်ကြီးအားကယ်တင်သောလှုပ်ရှားမှု၌ ပါ၀င်ခွင့်ရမည်ဖြစ်သည်။ ဤအဖွဲ့၌ပါ၀င်ခြင်းဖြင့် ဆရာတော်၏ဟောပြောချက်များကိုလည်းပြန်လည်အသက်၀င်လာစေရန်နှင့်ဆရာတော်အားသူတော်မြတ်တင်မြောက်ခြင်းအမြန်ဆုံးဖြစ်လာရန်အားထုတ်ကြိုးစားသည်အစီအစဉ်တစ်ခုလည်းဖြစ်သည်။

ဤလှုပ်ရှားမှုသည် မိသားစုအသွင်ဆောင်သောလှုပ်ရှားမှုဖြစ်သည့် အပျော်တမ်းထမင်းချက်စားခြင်း၊ ရွေ့လျားနိုင်သောအိမ်များဖြင့်နေထိုင်သည့်ပုံစံမျိုးဖြစ်သည်။ တဲများကိုလည်းဆောက်လုပ်ထားပြီး တဲများ၏ အမည်ကိုလည်း ဆရာတော်၏ သွန်သင်ချက်များထဲမှမှတ်သားစရာအသုံးအနှုန်းများဖြင့်အမည်ပေးထားပြီး ပါ၀င်သူများအားထောက်ရူစေမည်။ မီးသွေးခဲဖြင့်ဆရာတော်၏ပုံဖော်ထားသည့်ပန်းချီလက်ရာကိုလည်းတူဖြင့်ထုစေကာရံပုံငွေရှာမည်ဖြစ်ပြီး ထိုရံပုံငွေအားသူတော်မြတ်တင်မြောက်နိုင်ရန်လုပ်ဆောင်သည့်အဖွဲ့အားပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။

ဆရာတော်သက်ရှိထင်ရှားရှိစဉ်က ရုပ်သံများ၌ဟောပြောချက်များ၊ သတင်းသမားများ၊ ဘာသာရေးမေးမြန်းချက်များကိုပြန်လည်ဖြေကြားခဲ့သည့်မှတ်တမ်းများအားပြန်လည်ထုတ်လွှင့်မည်ဖြစ်သည်။ စီတန်းလမ်းလျှောက်ခြင်းကိုလည်းထိုနေ့၌ပြုလုပ်မည်ဖြစ်သည်။

ယခုလှုပ်ရှားမှု၌ပါ၀င်ကြမည့်သူများသည် ဆရာတော်အားသူတော်မြတ်အဖြစ်အမြန်ဆုံးတင်မြောက် နိုင်ရန် သူ၏ကြား၀င်ဆုတောင်းပေးခြင်းကိုတောင်းခံကြမည်ဟုဤလှုပ်ရှားမှုကိုစီစဉ်သောအဖွဲ့ကမျှော် လင့် နေကြသည်။ ဆရာတော်အနေဖြင့် သူတော်မြတ်အဖြစ်တင်မြောက်ခံရပါက အမေရိကန်ကက်သလစ်သာသနာအတွက် ကျေးဇူးတော်များစွာကိုခံစားရမည်ဟုယုံကြည်ပြီး သာသနာတော်ကြီးအတွက်မားမားမတ်မတ်ရပ်တည်ကြမည်ဟုလည်းမျှော်လင့်သည်။

ဤအစီအစဉ်အတွင်း၀တ်ပြုဆုတောင်းခြင်းကို ဘိုင်ဇန်တိုင်း၀ိနည်းဖြင့်လည်းကျင်းပရန်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ဆရာတော်သက်ရှိထင်ရှားရှိစဉ်က လာတင်း၀ိနည်းနှင့်ဘိုင်ဇန်တိုင်း၀ိနည်းနှစ်ခုလုံးဖြင့်မစ္ဆားတရားကိုပူဇော်ရန်ခွင့်ပြုချက်ရရှိထားသူဖြစ်ခဲ့သည်။ ဤသို့ကျင်းပရန်မှာခွင့်ပြုချက်သီးသန့်ရရှိထားရမည်ဖြစ်သည်။

ဂိုဏ်းချုပ်ဆရာ‌တော် Sheen အား (မေလ ၈၊ ၁၈၉၅) တွင်မွေးဖွားခဲ့သည်။ သူ၏အမည်အပြည့်အစုံမှာ Peter John Sheen ဖြစ်သည်။ သူသည် Peoria ၏သာသနာပိုင်ဘုန်းတော်ကြီးအဖြစ် (၁၉၁၉) တွင်ထာ၀ရရဟန်းသိက္ခာကိုထပ်ခဲ့သည်။ နောက်ပိုင်း၌ ဓမ္မတွေးခေါ်ရှင်အဖြစ်ကျော်ကြားလာခဲ့သည်။ (၁၉၅၁) ခုနှစ်၌ နူးယောခ့်ဂိုဏ်းချုပ်သာသနာ၏ လက်ထောက်ဆရာတော်အဖြစ်လည်းကောင်း၊ (၁၉၆၆) တွင် Rochester ၏သာသနာပိုင်ဆရာတော်ဖြစ်လာခဲ့သည်။ တစ်ဖန် Wales ပြည်နယ်၊ Newport ၏ဂိုဏ်းချုပ်ဆရာတော်အဖြစ်ထပ်မံအမှုတော်ပေးအပ်ခံခဲ့ရသည်။

သူသည်တစ်စတစ်စဖြင့် ရေဒီယိုနှင့်ရုပ်သံအစီအစဉ် များ၌ဘာသာရေးအဟောအပြောများပြုလုပ်ရာမှလူသိများကျော် ကြားလာခဲ့သည်။ သူသည် NBC ရုပ်သံ၌ ကက်သလစ်အစီအစဉ်တစ်ခုဖြစ်သော ‘Life is Worth Living ’ (ဘ၀သည်ရှင်သန်သင့်လှပေသည်) ကိုတာ၀န်ယူထုတ်လွှင့်ခဲ့သည်။

ဆရာတော်သည် (ဒီဇင်ဘာလ ၉၊ ၁၉၇၉) တွင်ပျံလွန်သွားခဲ့သည်။ သူ့အားရဟန္တာတင်မြောက်နိုင်ရန် (၂၀၀၂) နှစ်၌စတင်ခဲ့သည်။ (ဇွန်လ ၂၀၁၂) ၌ ရဟန်းမင်းကြီးဘေနေဒစ် (၁၆) သည် ဆရာတော်၏ အံ့မခန်းသောပြောင်မြောက်လှသည့်ပါရမီကြောင့် ရဟန္တာတင်မြောက်နိုင်ရန်အဆင့် (၄) ဆင့်အနက် (၂) အဆင့်ဖြစ်သည့် ‘ရိုသေထိုက်သူ’ အဖြစ်ကြေညာခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3pBvouy

Add new comment

3 + 6 =