ဆရာတော်များရွေးချယ် ခန့်အပ်ရာတွင် တာဝန်ရှိနေရာများအတွက် ဗာတီကန်ရုံးတော်တွင် အမျိူးသမီးများကိုလည်းခန့်အပ်ရန် ပုပ်ဖရန်စစ် စိတ်ကူး

Pope Francis is pictured with Claretian Missionary Sister Jolanta Kafka, president of the International Union of Superiors General, during an audience with participants in the plenary assembly of the UISG at the Vatican May 5, 2022. (CNS photo/Vatican Media)Pope Francis is pictured with Claretian Missionary Sister Jolanta Kafka, president of the International Union of Superiors General, during an audience with participants in the plenary assembly of the UISG at the Vatican May5,2022.(CNS photo/Vatican Media)

ဆရာတော်များရွေးချယ် ခန့်အပ်ရာတွင် တာဝန်ရှိနေရာများအတွက် ဗာတီကန်ရုံးတော်တွင် အမျိူးသမီးများကိုလည်းခန့်အပ်ရန် ပုပ်ဖရန်စစ် စိတ်ကူး

ကက်သလစ်ရဟန်းများကို တစ်ကမ္ဘာလုံးအတွက် ဆရာတော်ကြီးများအဖြစ် ခန့်အပ်ရာတွင် ပုပ်ရဟန်းမင်းကြီးကို အကြံပေးရသည့် တာဝန်ကိုယူထားသည့် ရုံးတော်ရှိ "ဆရာတော်များအတွက် ဗာတီကန် အဖွဲ့အစည်း"( Vatican's Dicastery for Bishops) တွင် ပုပ်ရဟန်းမင်းကြီးက အမျိူးသမီး နှစ်ဦးကို ခန့်အပ်ရန် ရည်ရွယ်ထားပြီး ဤလုပ်ရပ်သည် ပထမဦးဆုံးသော သမိုင်းဝင် လုပ်ရပ် ဖြစ်လာမည်ဟုဆိုသည်။

ဇူလိုင်လ၂ ရက်နေ့က ပါပါးဖရန်စစ်နှင့် ဗာတီကန်ရိုက်တာသတင်းထောက် Philip Pullella တို့ အင်တာဗျူး လုပ်ခဲ့ကြပြီး ဇူလိုင် ၆ ရက်က ထုတ်ဝေခဲ့ရာတွင် ပြောကြားခဲ့ခြင်းပင်ဖြစ်သည်။

ဇွန်လ ၅ ရက်နေ့မှာစတင်အသက်ဝင်ခဲ့သည့် ဗာတီကန်​၏ဖွဲ့စည်းပုံအသစ် အရ အသင်းဂိုဏ်များနှင့် ကောင်စီများအားလုံးကို ပိုမိုချောမွေ့ပြီး အသစ်ဖြစ်သည့် "dicastery"(အဖွဲ့အစည်းအုပ်စု) ဆိုသော ခေါင်းစီးကို အမည်တပ်ရန်ပင်ဖြစ်ကြောင်း

ဤဖွဲ့စည်းပုံအရ မည်သည့် ယုံကြည်သူအသင်းသားမဆို ဤအဖွဲ့​ကို ကြီးကြပ်နိုင်ကြောင်း ဖော်ပြထားသည်။ အသစ်ထုတ်ဝေထားသည့် အင်တာဗျူးတွင် ပါပါးဖရန်စစ်က မကြာမီသောကာလတွင် ပညာရေးနှင့်ယဉ်ကျေးမှု အတွက်နှင့် သာသနာပြုခြင်းဆိုင်ရာ စာကြည့်တိုက် တို့အတွက် လူပုဂ္ဂိုလ်အမျိူးသား(သို့) အမျိူးသမီးသည်လည်း ဦးဆောင်သည့်သူ ဖြစ်လာနိုင်မည်ဟု ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သို့သော် မည်သည့်အချိန်တွင် ဤကဲ့သို့ပြောင်းလဲမှုနှင့် အသစ်ခန့်အပ်မှုများ စတင်အကျိူးသက်ရောက်မှု ရှိမည်ကိုမူ ပုပ်ရဟန်းမင်းကြီးက ထုတ်ဖော်မပြောခဲ့ဟုဆိုသည်။

လက်ရှိတွင်မူ ထိုရုံးတော်ကို ကနေဒါနိုင်ငံသား ကာဒီနယ် Marc Ouellet က ဦးဆောင်လျက်ရှိသည်။ အသက် ၇၈ နှစ်အရွယ် ကာဒီနယ်ကြီးသည် ရုံတော်၌ တာဝန်ထမ်းဆောင်နေမှု ကို မကြာမီ အဆုံးသတ်ဖွယ်ရှိသည်။ ဤအရေးပါသည့် ဌာနတွင် ကာဒီနယ်ကြီးသည် ၅ နှစ်သက်တမ်း နှစ်ကြိမ် တာဝန်ထမ်းဆောင်ပြီးဖြစ်သည်။

ဒီကာစထရီ ​၏ လက်ရှိ အဖွဲ့ဝင်မင်းဘားများမှာ ချီကာဂိုမှ အမေရိကန်ကာဒီနယ် Blase Cupich နှင့် နယူးဂျာဇီ မှ Joseph Tobin of Newark တို့ဖြစ်ကြပြီး လက်ရှိတွင်မူ အမျိူးသားများနှင့်သာ ဖွဲ့စည်းထားပြီး သာသနာရေးဆိုင်ရာ ခန့်အပ်မှုများကို ပြုလုပ်ရာ၌ ရောမမြို့တွင် ပုံမှန်တွေးစုံ ဆွေးနွေးလေ့ရှိသည်။

ဖွဲ့စည်းပုံအသစ်ကို မတ်လက ကြေငြာပြီး နောက်တွင်မူ ဆရာတော်များရွေးချယ်ရာတွင် ယခင်ကကဲ့သို့ သာသနာ့အမှုထမ်းရဟန်းများသာမက သာမန်လူပုဂ္ဂိုလ်များလည်း ပါဝင်လာရန် သေချာမှု များ လုပ် ဆောင်ပြီးကြောင်း ကာဒီနယ် Cupich က NCR ကို ပြောကြားခဲ့ပါသည်။

ဗာတီကန်အတွက် လွှမ်းမိုးမှု အကြီးမားဆုံးဖြစ်သည့် ဌာနအတွက် အမျိုးသမီးများ ပါဝင် လာရန် ဤကဲ့သို့ ပုပ်ဖရန်စစ်​၏ ဆုံးဖြတ်ချက် သည် သူတော်စင်ဂိုဏ်းဝင်သီလရှင် သုံးပါးကို အရေးကြီးဌာန သုံးခုတွင် ပါပါးမှ ခန့်အပ်ခဲ့ခြင်းအပေါ် အခြေခံခဲ့သည်။ ထို့အပြင် လူဝတ်ကြောင်အာဂျင်တီးနား ဓမ္မသင်္ဂြိုလ် ပညာရှင် Emilce Cuba ကို လည်း လက်တင်အမေရိကား အတွက် သာသနာရေးကော်မရှင်​၏ တွဲဘက် အတွင်းရေးမှူးအဖြစ်လည်း လွန်ခဲ့သောနှစ်အတွင်းက ခန့်အပ်ခဲ့ကြောငိး

"အရာရာဟာ များစွာ ဖွင့်ဟပွင့်လင်းနေပါပြီ" ဟု လည်း ပုပ်ရဟန်းမင်းကြီးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်ဟုဆိုသည်။

အာဗီအေဘာသာပြန် - မာကုစ်ညီညီထွန်း

https://bit.ly/3aGMT57

Add new comment

7 + 4 =