ဆရာတော်ကြီး မာကုတင်ဝင်း၏ ချောင်ရိုးရွာသို့ သိုးထိန်းခရီးစဉ် သွားရောက်ခြင်း။

ဆရာတော်ကြီး မာကုတင်ဝင်း၏ ချောင်ရိုးရွာသို့ သိုးထိန်းခရီးစဉ် သွားရောက်ခြင်း။

ဆရာတော်ကြီး မာကုတင်ဝင်း၏ ချောင်ရိုးရွာသို့ သိုးထိန်းခရီးစဉ် သွားရောက်ခြင်း။

(၂၁.၃.၂၀၂၀)

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာပို်ငဆရာတော်ကြီးမာကုတင်ဝင်းသည် မတ်လ (21) ရက်နေ့က ချောင်းရိုးကျေးရွာ ခရစ္စယာန်တို့အားမှိုယင်းမတော်မူသော သခင်မ ဘုရားကျောင်း သာသနာအုပ်စုသို့ သွားရောက်ခဲ့ပါသည်။

ဆရာတော်ကြီးသည် ရွာထဲရှိ နေမကောင်းသော သက်ကြီးဘိုးဘွားများဆီသို့ သွားရောက်၍ ကောင်းချီးပေးခြင်းကိုလည်း လုပ်ဆောင်ခဲ့ပါသည်။

အဲ့ဒီနောက် ညပိုင်းတွင် ကျောင်းထိုင်ဘုန်းတော်ကြီး
နှင့် တကွ သီလရှင်များ၊ ရွာအတွင်းရှိ အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ကျေးရွာအတွင်း ဝိညာဥ်ရေးနှင့်ကာယရေးဆိုင်ရာမလမ်းညွှန်ချက်များကိုညွှန်ကြား ဆွေးနွေးခဲ့ကြပြီးနောက် ယခု လတ်တလောဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစပ်ရောဂါ ကာကွယ်ရေးအတွက် ဆရာတော်ကြီးများအဖွဲ့ချုပ်မှ ညွှန်ကြားထားသော ညွှန်ကြားချက်များနှင့် မန္တလေးသာသနာမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား လိုက်နာကြရန်နှင့် လက်ဖြင့်ကိုယ်တော်မြတ်ပင့်ရန် ညွှန်ကြားချက် ထုတ်ရခြင်းများကို ရှင်းလင်းပြောပြခဲ့ပါသည်။

အဲ့ဒီနောက် 22.3.2020 ရက်နေ့တွင် ချောင်းရိုးမှ ရွှေကြားတန်း သို့ဆက်လက်ထွက်ခွာခဲ့ကြပါသည်။

ဆရာတော်ကြီးမာကုတင်ဝင်းသည် အပတ်စဥ် မန္တလေးသာသနာအတွင်းရှိ ဇုံအသီးသီးသို့ သွား၍ သိုးထိန်းခရီးစဥ်နယ်လှည့်ခြင်းကိုလုပ်ဆောင်လျှက်ရှိရာ ယခုအခါ လတ်တလောဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူအများစုဝေးလျှက် အခမ်းအနားများဖြင့် ကြိုဆိုခြင်းများ၊ လက်ဆွဲနှုတ်ဆက်ခြင်းများကို မပြုလုပ်ရန်ညွှန်ကြားတောင်းခံခဲ့ပြီး ၊ ရပ်ရွာအတွင်းရှိ သာသနာအကျိုးတော်ဆောင် လူကြီးများနှင့်သာတွေ့ဆုံ ဆွေးနွေးခြင်းကို လုပ်ဆောင်ခဲ့ပါသည်။

Photos News by -Pinky

Add new comment

1 + 6 =