ဆရာတော်ကြီး မာကုတင်ဝင်းမှ ရွှေကြာတန်း ၊ ကံထူးမ ၊ လမ်းဆုံ သာသနာအုပ်စုများဆီသို့ သိုးထိန်းခရီးသွားရောက်ခြင်း။

ဆရာတော်ကြီး မာကုတင်ဝင်းမှ ရွှေကြာတန်း ၊ ကံထူးမ ၊ လမ်းဆုံ သာသနာအုပ်စုများဆီသို့ သိုးထိန်းခရီးသွားရောက်ခြင်း။

ဆရာတော်ကြီး မာကုတင်ဝင်းမှ ရွှေကြာတန်း ၊ ကံထူးမ ၊ လမ်းဆုံ သာသနာအုပ်စုများဆီသို့ သိုးထိန်းခရီးသွားရောက်ခြင်း။
( ၂၂.၃.၂၀၂၀)
မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ ချောင်းရိုးကျေးရွာအုပ်စု အနီးရှိ ရွှေကြားတန်း သာသနာအုပ်စုသို့ မတ်လ (၂၂ ) ရက်နေ့ နံနက်က ဆရာတော်ကြီးမာကုတင်ဝင်း သည် ဘာသာတူသားသမီးများအား သွားရောက်ကြည့်ရှု ခဲ့ပါသည်။
ဘာသာတူ သားသမီးများမှလည်း ဆရာတော်ကြီး၏ ညွှန်ကြားချက်များအတိုင်း ဆရာတော်နှင့်တကွ ရဟန်းတော်များအား လက်ဆွဲ နှုတ်ဆက်ခြင်းအစား လက်အုပ်ချီလျက် ဂါရဝပြု နှုတ်ဆက်ကြိုဆိုခဲ့ပါသည်။
အဲ့ဒီနောက် ဆရာတော်ကြီးမှ ရွှေကြားတန်းရှိ ဘာသာတူများအား ဝိညာဉ်ရေးနှင့်ကာယရေးဆိုင်ရာ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြား၍ ဘာသာတူသားသမီးများမှလည်း ယခုလက်ရှိ မစ္ဆားတရားပူဇော်လျက်ရှိနေသော ပျဉ်ထောင်ဘုရားကျောင်းဆောင်လေးနှင့် ဘာသာတူများ မဆန့်တော့သည် အကြောင်းများကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။ ရွှေကြာတန်းရွာ သို့ ချောင်းရိုးတွင် တာဝန်ကျသော ကျောင်းထိုင်ဘုန်းတော်ကြီးမှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မစ္ဆားတရား သွားရောက်ဟောကြားပေးရခြင်းဖြစ်သည်ဟု သိရှိရပါသည်။ဝါကျွတ်ပွဲတော်နှင့် ခရစ္စမတ်အချိန်အခါများ၌မူ ချောင်းရိုးသို့ မစ္ဆားတရားသွားရောက်ပါဝင်ကြရခြင်းဖြစ်တယ်လို့ သိရှိရပါသည်။
အဲ့ဒီနောက် ဆရာတော်ကြီးသည် ရွှေကြာတန်းမှ ကံထူးမသို့ ဆက်လက်ထွက်ခွာလာခဲ့ပါသည်။ ကံမထူးမကျေးရွာ၌လည်း ဘာသာတူ (၃၀) ဝန်းကျင်ရှိ၍ ဘာသာတူ တစ်ဉီး၏ အိမ်၌ အပတ်စဉ်စု၍ တန်ဆည် လမ်းဆုံမှ ကျောင်းထိုင်ဘုန်းတော်ကြီးမှ မစ္ဆားတရားလာရောက် ဟောကြားပေးခြင်းဖြစ်တယ်လို့ သိရှိရပါသည်။
အဲ့ဒီနောက် ဆရာတော်ကြီးသည် ကံထူးမရွာမှ တန့်ဆည် လမ်းဆုံ သို့ ဆက်လက်ထွက်ခွာလာ၍ လမ်းဆုံရှိ နေမကောင်းသော လူနာများထံသို့ သွားရောက်ကောင်းချီပေး၍ လမ်းဆုံတွင် တနင်္ဂနွေနေ့ မစ္ဆားတရားတော်မြတ်ကို အတူတကွပူဇော်ခဲ့ပါသည်။ မစ္ဆားတရား မစတင်မှီ ကိုရိုနာဗိုင်းရပ်ကာကွယ်ခြင်းဆိုင်ရာ ဝိညာဉ်လမ်းညွှန်ချက်များကို ပြောပြ၍ လက်ဖြင့် ကိုယ်တော်မြတ် ပင့်ယူနည်းများကို ဆရာတော်ကိုယ်တိုင် သင်ကြားပြသပေးခဲ့ပါသည်။ အဲ့ဒီနောက် ညပိုင်းတွင် လမ်းဆုံရှိ သာသနာအကျိုးတော် ဆောင် အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ လမ်းဆုံသာသနာ၏ ဝိညာဉ်ရေးပိုင်းနှင့် သာသနာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပါသည်။ အဲ့ဒီနောက် (၂၃) ရက်နေ့တွင် လမ်းဆုံမှ မန္တလေးမြို့သို့ ပြန်လည် ထွက်ခွာလာခဲ့ကြပါသည်။
Photos News by - Pinky

Add new comment

5 + 7 =