ဆရာတော်ကြီးမာကုတင်ဝင်းဉီးဆောင်၍ မန္တလေး ကက်သလစ် ကျန်းမာရေး ကော်မရှင်မှ ဆရာဝန်များနှင့် မန္တလေးသာသနာမြို့ပေါ်မှ ကျောင်းထိုင် ဘုန်းတော်ကြီး များ အစည်းအဝေးပြုလုပ်ခဲ့ခြင်း။

ဆရာတော်ကြီးမာကုတင်ဝင်းဉီးဆောင်၍ မန္တလေး ကက်သလစ် ကျန်းမာရေး ကော်မရှင်မှ ဆရာဝန်များနှင့် မန္တလေးသာသနာမြို့ပေါ်မှ ကျောင်းထိုင် ဘုန်းတော်ကြီး များ အစည်းအဝေးပြုလုပ်ခဲ့ခြင်း။

ဆရာတော်ကြီးမာကုတင်ဝင်းဉီးဆောင်၍ မန္တလေး ကက်သလစ် ကျန်းမာရေး ကော်မရှင်မှ ဆရာဝန်များနှင့် မန္တလေးသာသနာမြို့ပေါ်မှ ကျောင်းထိုင် ဘုန်းတော်ကြီး များ အစည်းအဝေးပြုလုပ်ခဲ့ခြင်း။
( ၁၈.၃.၂၀၂၀)

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာမှ ဆရာတော်ကြီးမာကုတင်ဝင်းမှ မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ် ၏ ညွှန်ကြားချက်ဖြစ်သော ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမှ ကာကွယ်ရန် ဝိညာဉ်ရေးနှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအား အထူးလိုက်ပါဆောင်ရွက်ကြဖို့ရန်အတွက် မန္တလေးမြို့ပေါ်ရှိ ကျောင်းထိုင်ဘုန်းတော်ကြီးများနှင့် မန္တလေးသာသနာ ကျန်းမာရေး ကော်မရှင်မှ ဆရာဝန်များနှင့်တကွ စည်းဝေးခြင်းကို မတ်လ (၁၈)ရက်နေ့ ည (၇) နာရီ အချိန်က ဆရာတော်ကြီးကျောင်းတိုက် စည်းဝေးခန်းမ၌ ပြလုပ်ခဲ့ပါသည်။

ဆရာတော်ကြီးမှ ယခုကာလအတွင်း ဘာသာသားသမီးများအား ကိုရိုနာဗိုင်းရပ်စ်ဆိုင်နှင့်သက်ဆိုင်သော ကျန်းမာရေးဗဟုသုတများအား မစ္ဆားတရား မစတင်မှီ အချိန်အနည်းငယ်ပေး၍ ဟောပြောဝေငှပေးစေလိုကြောင်း၊ ထိုကပ်ရောဂါဆိုးကြီးအတွက် သောကြာနေ့ ကားတိုင်လှည့်ခြင်း၌ စိပ်ပုတီးစိပ်၍ အထူးပါဝင်ဆုတောင်းပေးရမည်ဖြစ်ကြောင်း၊ ဘုရားကျောင်းတိုင်း မေတ္တာရေများ မထားပဲ (Hand Gel) များ ထားပေးရမည်ဖြစ်ကြောင်း ၊ မန္တလေးသာသနာအတွင်းရှိ သမ္မာကျမ်းစာသင်တန်းပို့ချခြင်းများ ၊ ချီးမွမ်းကိုးကွယ်ခြင်းအစီအစဉ်များ၊ နွေရာသီ ဘုရားစကားသင်တန်းများနှင့် ၊ နွေရာသီ လူငယ်သင်တန်းများ ၊ အစရှိတဲ့ ဘာသာရေး ဆိုင်ရာ ပွဲလမ်းများအား ဤကာလအတွင်း မပြုလုပ်ရန် ၊ မန္တလေးသာသနာမှ ဉီးစီးဖွင့်လှစ်ထားသော စိန်သောမတ် အခြေခံရဟန်း ဖြစ်သင်ကျောင်း ၊ JEC နှင့် HEC သင်တန်းကျောင်းများအားလည်း ခေတ္တပိတ်ထားပြီးဖြစ်ကြောင်း၊ ဘာသာတူများအား ကိုယ်တော်မြတ်ကို လက်ဖြင့် ပင့်ယူသည့်အခါ ရိုသေစွာဖြင့် ပင့်ယူတတ်စေရန် ကျောင်းထိုင်ဘုန်းတော်ကြီးများမှ လေးလေးနက်နက်ဖြင့် သေချာ သင်ပြပေးရမည့်အကြောင်းများကို အကျယ်တဝင့် ဆွေးနွေးပြောဆိုခဲ့ကြပါသည်။ မန္တလေးသာသနာအတွင်းရှိ သာသနာအုပ်စုအသီးသီးမှ ကျောင်းထိုင်ဘုန်းတော်ကြီးများ ဆီသို့လည်း အထက်ပါ အစည်းအဝေး၌ မန္တလေးသာသနာကျန်းမာရေးကော်မရှင်မှ ဆရာဝန်များ၏အကြံပေးပြောကြားများနှင့်ဆရာတော်ကြီးများအဖွဲ့ချုပ်မှညွှန်ကြားချက်များအား ပူးပေါင်း၍ စည်းဝေးတွင် ဆွေးနွေးဆုံးဖြတ်ခဲ့သော ညွှန်ကြားချက် အသေးစိပ်အား မန္တလေးဂိုဏ်းချုပ်သာသနာအတွက် အမြန်ဆုံး ထုတ်ပြန်ပေး သွားမည်ဖြစ် ကြောင်းသိရှိရပါသည်။
Photos News By - Pinky

Add new comment

1 + 5 =