ဆရာတော်ကြီးပေါလ်ဇိန်ထုန်းဂရောင်အား အောက်မေ့သတိရဆုတောင်းပေးခြင်းနှင့် နှလုံးဖောင်ဒေးရှင်း နှစ်ပတ်လည်အခမ်းအနား

ဆရာတော်ကြီးပေါလ်ဇိန်ထုန်းဂရောင်အား အောက်မေ့သတိရဆုတောင်းပေးခြင်းနှင့် နှလုံးဖောင်ဒေးရှင်း နှစ်ပတ်လည်အခမ်းအနား

နှလုံးဖောင်ဒေးရှင်း ကို စတင်တည်ထောင်ခဲ့သည့် ဆရာတော်ကြီးပေါလ်ဇိန်ထုန်းဂရောင်အား အောက်မေ့သတိရဆုတောင်းပေးခြင်းနှင့် နှလုံးဖောင်ဒေးရှင်း နှစ်ပတ်လည်အခမ်းအနား

(23.7.2022)RVA Myanmar

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာနှလုံးဖောင်ဒေးရှင်း ကို စတင်တည်ထောင်ခဲ့သည့် ဆရာတော်ကြီးပေါလ်ဇိန်ထုန်းဂရောင်အား အောက်မေ့သတိရဆုတောင်းပေးခြင်းနှင့် နှလုံးဖောင်ဒေးရှင်း နှစ်ပတ်လည်အခမ်းအနားကို (23.7.2022) ရက်နေ့ နံနက် (8:00) နာရီက (၈၂လမ်း၊၂၅လမ်းနှင့်၂၆လမ်းကြား) ရှိ ရွှေနှလုံးတော် ကက်သီဒြယ်ဘုရားကျောင်း၌၊ မစ္ဆားတရားတော်မြတ်ဖြင့်ကျင်းပပူဇော်ခဲ့ကြပါသည်။မစ္ဆားတရား​ေတာ်မြတ်အား ဂိုဏ်းချုပ်ဆရာတော်ကြီး မာကုတင်ဝင်းဦး

ီဆောင်ကာပူဇော်ခဲ့ပြီး၊Rev. Fr. Dominic Jyo Du မှ ဩဝါဒတရားရေအေးကိုတိုက်ကျွေးခဲ့ပါသည်။

Fr. Jyo Du မှ ဩဝါဒ တရားရေအေးတိုက်ကျွေးရာတွင် “ ခရစ်ယာန်ဟူသည် ဘုရားရှင်ခရစ်တော်၏ စိတ်နှလုံးသားဖြင့် တစ်ထပ်တည်းကျနေရန်နှင့် ဘုရားရှင်၏နှလုံးတော်ကို အခြေပြုပြီးအသက်ရှင်သန်ခြင်းဟာအနှစ်ဖြစ်သကဲ့သို့၊ ခရစ်ယာန်မဟုတ်သော အခြားသောဓမ္မမိတ်ဆွေများအနေဖြင့်လဲ လူဖြစ်နေသည့်အတွက်ကြောင့် လူတွေအားလုံးရဲ့ အခြေခံရှင်သန်ခြင်းသည် စိတ်နှလုံးပင်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ လူဟူသမျှ

စိတ်နှလုံးသည် အင်မတန်အရေးကြီးကြောင်း၊စိတ်နှလုံးမြင့်မြတ်လျှင်အကုန်မြင့်မြတ်ပြီး၊စိတ်နှလုံးညစ်ထေးပါက အရာရာ၌ ညစ်ထေးမှုများလိုက်ပါလာကြောင်းကိုလည်းရှင်းပြခဲ့ပါသည်။ လူဟူသူမျှမြင့်မားဖို့ရန်အတွက် နှလုံးရည်မြင့်မားဖို့လိုအပ်သည်ဟုလည်း ဘုန်းဘုန်းက မြွတ်ကြားခဲ့ပါသည်။

ဆက်လက်ပြီးဘုန်းဘုန်းက “ ကိုယ်စီရဲ့ ရှင်သန်မှု၊လူဟူသမျှရှင်သန်ခြင်းဟာ နှလုံးရည်မြင့်မားဖို့လိုအပ်တယ်ဆိုတာ ဘုရားရှင်ခရစ်တော်အမိန့်ရှိထားဖို့လိုတယ်။ ကိုယ်စီရဲ့နှလုံးသားထဲမှာ ကောင်းမြတ်တဲ့၊မွန်မြတ်တဲ့ဘဏ္ဍတွေရှိနေတယ်ဆိုရင် ကိုယ်စီရဲ့ ဝစီကံကရော၊ကာယကံကရော၊ကောင်းမြတ်တဲ့အရာတွေးပဲထွက်လာတယ်။ကိုယ့်ရဲ့စိတ်နှလုံးသားဘဏ္ဍတိုက်ထဲမှာ ညှီဟောက်နေတဲ့အရာတွေနဲ့ပဲ ပြည့်နေတယ်ဆိုရင်တော့၊ကိုယ့်ရဲ့ဝစီကံက ထွက်တဲ့အရာတိုင်းမှာညစ်ထေးနေတဲ့အရာတွေ၊ကာယကံကထွက်လာတဲ့အရာတွေကလဲအဖျက်တရားတွေကြီးပဲဖြစ်လာလိမ့််''ဆိုတာကို ရှု့မြင်ကြရအောင်ဟု မြွတ်ကြားခဲ့ပါသည်။

ဆက်လက်၍လည်း ဓမ္မသစ်သားသမီးတွေအတွက် ဘုရားရှင်စံမြန်းတော်မူရာနေရာသည်ကျွန်ုပ်တို့ကိုယ်စီ၏ နှလုံးသားများဖြစ်ကြောင်း၊ ကျွန်ုပ်တို့ကိုယ်စီ၏ စိတ်နှလုံးထဲတွင် ဘုရားရှင်စံမြန်းနိုင်ရန်အတွက် မိမိကိုယ်ကို အနိုင်ပိုင်းရန်လိုအပ်ကြောင်း၊ ကျွန်ုပ်တို့၏ စိတ်နှလုံးသည်အမြဲတမ်းသန့်ရှင်းစင်ကြယ်နေရန်လိုအပ်ကြောင်းများကို မြွတ်ကြားခဲ့ပါသည်။

မစ္ဆားတရာတော်မြတ်အပြီး၌ နှလုံးဖောင်ဒေးရှင်းအကြောင်းတင်ဆက်ခဲ့ပါသည်။၎င်းနောက် နှလုံးရောဂါဝေဒနာရှင်များအားလက်တင်ဆုတောင်းခြင်းကိုလုပ်ဆောင်ခဲ့ပါသည်။

နှလုံးဖောင်ဒေးရှင်းမှ နှလုံးရောဂါဝေဒရှင်(၆)ဦးအား ရောဂါအခြေအနေအလိုက် လိုအပ်သော ဆေးဝါးများကိုထောက်ပံ့ပေးခြင်း၊ ခွဲစိပ်ကုသရန်အခက်အခဲဖြစ်နေသူများအား အလှူရှင်နှင့်ချိတ်ဆက်ကာ ခွဲစိပ်နိုင်ရန်ကူညီပေးခြင်း စသည့်ကူညီထောက်ပံ့မှုများကို လုပ်ဆောင်ပေးနေကြပါသည်။

နှလုံးရောဂါဝေဒနာကိုခံစားနေရသည့်လူနာတစ်ဦးမှလည်း “ နှလုံးရောဂါဝေဒ နာကို ခံစားနေရသည်မှာခုနှစ်နှစ်

ခန့်ရှိပြီဖြစ်ပြီး၊ ၎င်းအနေဖြင့်အသက်အရွယ်လဲကြီးကာအလုပ်အကိုင်လဲမရှိသည့်အတွက်နှလုံးဆေးများကိုဝယ်သောက်ရန်အခက်အခဲဖြစ်နေချိန် ဘာသာသူတူတစ်ဉီးမှ နှလုံးဖောင်ဒေးရှင်းနှင့်ချိတ်ဆက်ပေးသည့်အတွက် ဆေးဝါးထောက်ပံ့မှုကိုရရှိခဲ့ပြီး၊ ယနေ့ထိတိုင်အသက်ရှင်နေခြင်းဖြစ်သည်”ဟု အငြိမ်းစားကျောင်းဆရာမတစ်ဦးကပြောပြခဲ့ပါသည်။

နောက်ထပ်လူနာတစ်ဦးမှလည်း ၎င်း၏ကလေးသည်မွေးရာပါ နှလုံးသွေးကြော

အပိုပါသည့်အတွက် ကလေးမှာမောပန်းသည့်ဝေဒ နာကိုခံစားရပြီး ကလေးတစ်နှစ်ပြည့်လျှင်ခွဲစိပ်ရမည်ဟုဆရာဝန်ကပြောကြားပြီး၊ ၎င်းတို့အနေဖြင့်ခွဲစိပ်ကုသရန် အခက်အခဲရှိသဖြင့် နှလုံးဖောင်ဒေးရှင်းမှ ခွဲစိပ်နိုင်ရန်အကူအညီပေးခြင်းကြောင့် ယခုအခါ ၎င်း၏ကလေးငယ်သည် အသက်ရှုရာ၌ အဆင်ပြေနေပြီးဖြစ်ကြောင်း၊ နှလုံးဖောင်ဒေးရှင်းနှင့်ကူညီထောက်ပံ့ပေးသည့်အလှူရှင်များအားလည်းကျေးဇူးတင်ကာ ကလေးငယ်ကိုလည်း၊ကောင်းမွန်စွာဖြင့်ကြီးပြင်းလာစေရန် ပျိုးထောင်သွားမည့်အကြောင်းကို ပြောပြခဲ့ပါသည်။

နှလုံးဖောင်ဒေးရှင်းအားကွယ်လွန်သွားပြီဖြစ်သော ဂိုဏ်းချုပ်ဆရာတော်ကြီးပေါလ်ဇိန်ထုန်းဂရောင်မှ ၎င်းကဲ့သို့နှလုံးရောဂါကိုခံစားနေရပြီး ဆေးဝါးကုသမှုခံယူရန်အခက်အခဲဖြစ်နေသောလူနာများအား ကူညီကုသပေးနိုင်ရန်ရည်ရွယ်ချက်ဖြင့် ၎င်းကိုယ်တိုင် မတည်ငွေထည့်ဝင်ကာ ဤနှလုံးဖောင်ဒေးရှင်းအဖွဲ့အား တည်ထောင်ပေးခဲ့ခြင်းဖြစ်သည်။ယခုအခါ နှလုံးဖောင်ဒေးရှင်း၌ နာယက အဖြစ် Rev. Fr. John Soe Tint ၊ တာဝန်ခံအဖြစ် Rev. Fr. Augustine Win Myint တို့မှ တာဝန်ယူကာ နှလုံးဖောင်ဒေးရှင်းအဖွဲ့ဝင်များဖြင့် ကူညီမှုများကိုလုပ်ဆောင်နေကြခြင်းဖြစ်ပါသည်။နှလုံးဖောင်ဒေးရှင်းအနေဖြင့် ဝေဒ နာရှင်များအား ဆေးဝါးများထောက်ပံ့မှုပြုလုပ်နိုင်ရန်အတွက် သာသနာအုပ်စုတိုင်းတွင် လစဥ်နှလုံးဖောင်ဒေးရှင်းရန်ပုံငွေကိုကောက်ခံခြင်းဖြင့် ရန်ပုံငွေရှာဖွေကြပါသည်။

News by - Pinky

#rvamyanmar #rvapastoralcare #heartfoundationarchdioceseofmandalay

Add new comment

16 + 3 =