ဆယ်စုနှစ်နှစ်စုကြာအမှုတော် ပေါ့လျော့ခဲ့မှုအတွက် ကက်သလစ်ရဟန်းတစ်ပါးတောင်းပန်ပြီး၊ အမှုတော်ဆောင်ခြင်းမှရပ်နားရန်တောင်း ခံ

ဆယ်စုနှစ်နှစ်စုကြာအမှုတော် ပေါ့လျော့ခဲ့မှုအတွက် ကက်သလစ်ရဟန်းတစ်ပါးတောင်းပန်ပြီး၊ အမှုတော်ဆောင်ခြင်းမှရပ်နားရန်တောင်း ခံ

ဆယ်စုနှစ်နှစ်စုကြာအမှုတော် ပေါ့လျော့ခဲ့မှုအတွက် ကက်သလစ်ရဟန်းတစ်ပါးတောင်းပန်ပြီး၊ အမှုတော်ဆောင်ခြင်းမှရပ်နားရန်တောင်း ခံ

 

ဘရာဇီးနိုင်ငံ၊ San Diego နှင့် Phoenix သာသနာများ၌အမှုတော်ထမ်းခဲ့သော ကက်သလစ်ရဟန်းတော် တစ်ပါးသည် ရဟန်းတစ်ပါးအဖြစ်အမှုတော်ထမ်းခဲ့သော ဆယ်စုနှစ်နှစ်စုကြာ ဆေးကြောခြင်း ပေးခဲ့ရာ တွင် အမိသာသနာတော်ကြီးမှ သတ်မှတ်ထားသော အခြေအနေအားလုံး အားဖြည့်ဆည်း ခဲ့ခြင်းမရှိခဲ့ သောကြောင့် ထိုအမှားအတွက် ခွင့်လွတ်ပေးပါရန်လူသိရှင်ကြားတောင်းပန်ပြီး၊ အမှုတော်မှလည်း ရပ် နားရန်ခွင့်ပန်ကြား ခဲ့သည်။ ခွင့်ပန်စာကို ဇန္န၀ါရီလ (၁၄) ရက်နေ့က Phoenix သာသနာပိုင် ဆရာ တော် Thomas Olmsted က ဘာသာတူများအား တရား၀င်ဖတ် ကြားခဲ့သည်။ အသိပေးရန် အတွက် သာသ နာပိုင်တစ်ပါးအနေဖြင့် ခက်ခဲလှသော်လည်း ဘာသာတူများ၏အကျိုးကိုမျှော်ကိုး၍ ဖာသာရ် Andres Arango မှဆေးကြောပေးခဲ့သော ဘာသာတူများ၏ဆေးကြောခြင်းသည် မအောင်မြင်ကြောင်း အသိပေး အပ်ပါသည်။

            ဆရာတော်က (၆၊ ၈၊ ၂၀၂၀) သာသနာတော်ကြီး၏ ၀တ်ပြုခြင်းဆိုင်ရာနှင့်ပတ်သက်သော လမ်းညွှန်ချက်များအရ ဆေးကြောခြင်းပေးရာ တွင်သာသနာတော်က အတည်ပြုထားသော ဆေးကြော ခြင်းပေးသည့်ဆု‌တောင်းမေတ္တာပုံစံကိုအသုံးပြုရပါသည်။ အဆိုပါဘုန်းတော်ကြီးကား ထို  ဆုတောင်း မေတ္တာအား ‘ကျွန်ုပ်အစား (ကျွန်ုပ်တို့) သည် သင်တို့အား ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော်၏နာမတော်မြတ်၌ ဆေးကြောခြင်းမဂ်လာကိုပေးပါသည်’ ဟုရွတ်ဆို၍ပေးခဲ့သောကြောင့် မအောင်မြင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဆေးကြောခြင်းပေးသူသည် အများမဟုတ်။ ခရစ္စတူး သခင်ကိုယ်တော်တိုင်ဆေးကြောပေးခြင်းဖြစ်ကြောင်းရှင်းပြခဲ့သည်။

ဆေးကြောခြင်းပေးသောဘုန်းတော်ကြီးမှာလည်း ဘာ သာတူများစက္ကရာမင်တူးမှရရှိသည့် ၀ိညာဉ်ရေး ကျေးဇူးများဆုံးရှုံးစေရန် ရည်ရွယ်လုပ်ဆောင်သည်ဟုလည်းမထင်ကြောင်း၊ သို့သော် ဤအလွဲ သည် ဘာ သာတူများစွာ၏စက္ကရာမင်တူးအကျိုးကျေးဇူးများစွာကိုဆုံးရှုံးစေခဲ့သည့်အတွက် ရိုးသားစွာ တောင်းပန် အပ်ပါကြောင်း၊ ထို့ကြောင့်ဤ အ ခြေအနေကိုအကောင်းဆုံးပြန်လည် လုပ်ဆောင်ရန်အ ဆင့်လိုက် လုပ်ဆောင်နေကြောင်းရှင်းလင်းပြောကြားခဲ့သည်။

ယခင်ဘုန်းတော်ကြီးဖြစ်ခဲ့သော Arango သည် ‘ယေဇူး၊ မာရိယာ’ သူတော်စင် အသင်း၀င်ဘုန်း တော် ကြီးတစ်ပါးဖြစ်ခဲ့သည်။ သတင်းဌာန တစ်ခုသို့စာရေးသားဖြေကြားရာတွင် သူ၏ဘုန်းတော်ကြီး ဘ၀ တစ်လျှောက်လုံး၌ စက္ကရာမင်တူးကို မအောင်မမြင်ဖြစ်စေခဲ့သည့်အတွက်၀မ်းနည်း ရပါကြောင်း၊ ကျူးလွန်ခဲ့သောအမှားအတွက် နောင်တရပါကြောင်း၊ သူအမှုတော်ထမ်းခဲ့သော သာသနာနယ် များမှဘာသာတူများအားလည်း ရိုက်ခတ်စေခဲ့ကြောင်း၊ သန့်ရှင်းသော၀ိညာဉ်တော်၏အကူအညီဖြင့် Phoenix သာသနာနှင့်ပူးပေါင်းကာ သူစက္ကရာမင်တူးပေးခဲ့သောသူများ၏ နစ်နာမှု ကို အတတ်နိုင်ဆုံး ပြန်လည်ကုစားပေးမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ဖြစ်ခဲ့ရသည့်အတွက် ရိုးသားစွာတောင်းပန်ပါကြောင်း၊ ဆုတောင်းပေးရန်၊ ခွင့်လွတ်ပေးရန်၊ နားလည်ပေးရန်တောင်းခံခဲ့သည်။   

သူသည် ဘရာဇီးလ်၌လည်း (၁၉၉၀) ၀န်းကျင်ကလည်းကောင်း၊ (၂၀၀၁-၂၀၀၅) အထိ အမေရိ ကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည် နယ်၌လည်းကောင်း၊ ဤအမှုပေါ်ပေါက်ချိန်၌ သူသည် Phoenix သာသနာတွင်အမှုထမ်းနေသည်။ ဤသာသနာ၌ သူသည် (၂၀၀၅-၃၀၁၃) အထိ ကျောင်း ထိုင်ဖြစ်ခဲ့ပြီး၊ (၂၀၁၃ - ၂၀၁၅) အထိ စိန့်အဲန်ဘုရားကျောင်း၏အကူအဖြစ်အမှုထမ်းခဲ့သည်။ (၂၀၁၅) မှသည် ဖေဖော်၀ါရီလ (၁) ရက်နေ့၊ ဤအမှုပေါ်ပေါက်သည့်အချိန်ထိ စိန့်ဂရေဂေါ်ရီ သာသနာ အုပ်စု၏ ကျောင်းထိုင်အဖြစ်အမှုတော်ထမ်းခဲ့သည်။ 

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3JjE3pz

Add new comment

4 + 2 =